ပါလီကွေး

ဝီကီပီးဒီးယား မှ

ပါလီကွေး ၄၅။ ။ ၎င်း ဝေါဟာရ သင်္ချာကို မှော်ပညာကျမ်းတို့၌ "ဥုံ ဘုရားဟူက မောက္ကလူ ၂၄၊ တရားဟူက ပါလီကွေး ၄၅၊ သံဃာဟူက သံချပ်ဝတ် ၃၇" စသည်ဖြင့် မိမိကိုယ်ကို အကွယ်အကာယူရာ၌ အသုံးချနည်းများအတွက် တွေ့ဘူး၏။

မှတ်ချက်။ ။ ဘုရင့်နောင် စသော စစ်သူကြီးတို့ ဆောင်းသည့်ဦးထုပ်ကို မောက္ကလူ ခေါ်၏၊ ၎င်းင်း မောက္ကလူ သဖွယ် လုံခြုံသော ၂၄-ပစ္စည်းနှင့် ကိုယ်၌စည်းချသည်ကို " မောက္ကလူ ၂၄" ဟုဆိုသည်၊ ထိုအတူ ၄၅-ဝါ ကာလပတ်လုံး ဟောတော်မူ သော တရားတော်များနှင့် ပါလီကွေး သဖွယ် ကိုယ်၌ ဆင်မြန်း ကာရံသည်ကို "ပါလီကွေး ၄၅" ဟုဆိုသည်၊ ထို့အတူ ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် သံချပ်ဝတ်သဖွယ် ကိုယ်၌ ဝတ်ဆင်ထားမှုကိုပင် "သံချပ်ဝတ် ၃၇" ဟုသိလေ။