ပရာမီးသီးယပ်စ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပရာမီးသီးယပ်စ်
ဂရိဒဏ္ဍာရီလာ အမြော်အမြင်၊ လက်မှုအတတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ကျီစားလှည့်ဖြားသော တိုက်တန်နတ်ဘုရား
1623 Dirck van Baburen, Prometheus Being Chained by Vulcan Rijksmuseum, Amsterdam.jpg
ကိုယ်ရေး အချက်အလက်
မိဘများအိုင်းယပစ်တပ်စ် နှင့် အေစိယာ (သို့) ကလစ်မင်နီး
မွေးချင်းအာ့တ်လာ့စ်၊ အဲပစ်မင်းသီးယပ်စ်၊ မန်နီးရှီးယပ်စ်၊ အန်ရှလီ
ပရာမီးသီးယပ်စ်၏ ပန်းပု၊ နီကိုလပ်စ် ဆီဘက်စ်တီန် အာဒမ်၏ လက်ရာ၊ ၁၇၆၂၊ လူးဗရာပြတိုက်

ဂရိဒဏ္ဍာရီတွင် ပရာမီးသီးယပ်စ် (ရှေးဟောင်းဂရိ: Προμηθεύς; အင်္ဂလိပ်: Prometheus, /prəˈmθiəs/; ဖြစ်နိုင်သည့်အနက်-အမြော်အမြင်)[၁] သည် တိုက်တန်မီး နတ်ဘုရားဖြစ်သည်။[၂] ပရာမီးသီးယပ်စ်သည် လူသားများကို ရွံ့မှ ဖန်ဆင်းခြင်း၊ နတ်ဘုရားများကို အာခံ၍ မီးကို ခိုးယူကာ လူ့လောကတိုးတက်စေရန်အတွက် ပေးသနားခဲ့သူအဖြစ် ဖော်ပြကြကာ ၎င်း၏ ဉာဏ်ပညာ၊ လူသား၊ လူ့အကျိုးကို ရပ်တည်ကာကွယ်သူအဖြစ်လည်း ကျော်ကြားပေသည်။[၃] ပရာမီးသီးယပ်စ်ကို ကမ္ဘာဦးကာလ ရေကြီးမှုဇာတ်လမ်း၏ သူရဲကောင်းဖြစ်သော ဒြူးကေးလီယန်၏ ဖခင်အဖြစ် ရေးသားမှုများလည်း ရှိကြပေသည်။[၄][၅][၆]

မီးကို ခိုးယူ၍ လူ့လောကသို့ ပေးအပ်ခြင်းအတွက် ပရာသီးမီးယပ်စ်အား အပြစ်ပေးခြင်းသည် ရှေးခေတ်၊ ယနေ့ခေတ် ယဉ်ကျေးမှုများတွင် အလွန်ရေပန်းစားသော အကြောင်းအရာတစ်ခုဖြစ်၏ ။ အိုလံပတ်တောင်နတ်ဘုရားများ၏ အရှင် ဇုစ်သည် ပရာမီးသီးယပ်စ်ကို စည်းကမ်းစဉ်လာဖောက်ဖျက်သည့်အတွက် ထာဝရညှဉ်းပန်းမှုဒဏ်ကို အပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းသည် ကျောက်ဆောင်တစ်ခုနှင့် တွဲချည်ထားခြင်းခံရကာ သိမ်းငှက်တစ်ကောင်ကို လွှတ်၍ ၎င်း၏အသဲ(နှလုံး)ကို စားစေသည်။[မှတ်စု ၁][၇])[၈] ထိုအစားခံရသော အသဲနှလုံးသည် ညတွင်းချင်း ပြန်လည်ပေါက်ဖွားပြန်၍ နောက်တစ်နေ့တွင် ထပ်မံ အစားခံရသည်။ ဤသို့ဖြင့် ၎င်းခံစားရသော သံသရာမှာ အဆုံးမသတ်ပေ။[၈] နောက်ဆုံးတွင် ဂရိသူရဲကောင်း ဟဲရာခလီးဇ်က လွတ်မြောက်စေခဲ့သည်။[၉]သရုပ်ဖော်တင်စားမှုအဖြစ် ပရာမီးသီးယပ်စ် ပြစ်ဒဏ်သင့်နေရာကို အချို့က ရှာဖွေကြရာ ကော့ကေးဆပ်စ် (ကော့ကာဆပ်စ်) တောင်တန်း၏ မီးတောင်ကြီးနှစ်ခုဖြစ်သော အီလ်ဘရပ်စ်တောင် (သို့) ကာ့ဇ်ဘက်တောင် ဟူ၍ ဆိုကြပြီး အကြောင်းမှာ ရှေးခေတ်ဂရိသားများသည် အရိုင်းလူများကို ထိုတောင်တန်းအလွန်ဒေသများ၌ နေထိုင်စေခဲ့ကြသည်။[၁၀]

ထိုရှေးခေတ်က ယုံကြည်ကိုးကွယ်မှုတွင် ပရာမီးစီးယပ်စ်ကို ကိုးကွယ်မှုပြုသည့် သက်သေအထောက်အထားကို များစွာမတွေ့ရပေ။ ရှေးခေတ် အေသင်သားများ၏ ဘာသာရေးရာဆောင်ရွက်ချက်များတွင် အာရုံစိုက်စရာတစ်ခုအဖြစ် ပရာမီးသီးယက်စ်ကို ထားရှိ၍ ၎င်းကို ကျွမ်းကျင်မှုအတတ်ပညာ၊ ဖန်တီးမှုဆိုင်ရာ နတ်များဖြစ်သော အသီးနာနှင့် ဟစ်ဖီးစတပ်စ်တို့နှင့် ဆက်စပ်ပေးမှုများ ရှိခဲ့ကြသည်။[၁၁][၁၂]

အနောက်တိုင်း ဂန္ထဝင်ပညာရပ်အယူအဆ၌ ပရာမီးသီးယပ်စ်သည် လူသားတို့၏ လောကဓာတ်ဆိုင်ရာအသိရစေရန် ကြိုးပမ်းမှု၊ အလွန်အကျွံဆောင်ရွက်ခြင်း (သို့) ရည်ရွယ်မှုမရှိသော အကျိုးဆက်များ စသည်တို့၏ ပြယုဂ်ဖြစ်လာခဲ့သည်။ အထူးအားဖြင့် ရိုမန့်တစ်ခေတ် (အရိုင်းသဘာဝဖော်ကျူးမှုဝါဒခေတ်) တွင် လူ့လောကအတွက် တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းအားထုတ်သော တစ်ဦးတည်းသော ပါရမီရှင်၊ သို့သော် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများသည် ကြေကွဲဖွယ်ရာ၊ ကံဆိုးမိုးမှောင်ကျသည့် အဖြစ်သနစ်များကိုသာ ဖြစ်စေသည့် သရုပ်သကန်အဖြစ် ယူဆသတ်မှတ်ခဲ့ကြ၏ ။ ဥပမာပေးရလျှင် မယ်ရီ ရှယ်လီက သူမ၏ ဝတ္ထုဖြစ်သော "ဖရန်ကန်စတိုင်း" ကို ခေါင်းစဉ်ခွဲအဖြစ် "ခေတ်သစ် ပရာမီးသီးယပ်စ်" ဟု ပေးခဲ့လေသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. အသဲ (liver) ကို ရှေးခေတ်ဂရိသားများက လူတို့၏ စိတ်ခံစားချက်စုဆုံရာ၊ တည်ရှိရာအဖြစ်ယူဆကြသည်။ မြန်မာတို့၏ ဟဒယ (စိတ်နှလုံး)နှင့်ဆင်တူနိုင်သည်။ သို့သော် ဟဒယကို အနက်ပေးရာ၌ အသဲ ဟုပေးလေ့မရှိဘဲ နှလုံးဟုသာ ပေးကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Smith, "Prometheus" Archived 2021-02-25 at the Wayback Machine..
  2. Prometheus | Description & Myth
  3. William Hansen, Classical Mythology: A Guide to the Mythical World of the Greeks and Romans (Oxford University Press, 2005), pp. 32, 48–50, 69–73, 93, 96, 102–104, 140; as trickster figure, p. 310.
  4. Dougherty, C. (2006). Prometheus. Abingdon: Routledge.
  5. West, S. (1994). Prometheus Orientalized. Museum Helveticum, 51(3), 129-149.
  6. Bibliotheca 1.7.1
  7. Burmese Orthography, Myanmar Language Commission, 1993.
  8. ၈.၀ ၈.၁ Krishna၊ Gopi; Hillman, James (commentary) (1970)။ Kundalini – the evolutionary energy in man။ London: Stuart & Watkins။ p. 77။ SBN 7224 0115 9။ 2016-03-05 တွင် မူရင်း အား မော်ကွန်းတင်ပြီး။
  9. Greenberg၊ Mike (2020-05-04)။ Prometheus: The Complete Guide to the Greek Titan (2021) (in en-US)။
  10. Thomas၊ Lowell (1964)။ Book of the High Mountains။ Julian Messner။ p. 159။
  11. Lewis Richard Farnell, The Cults of the Greek States (Oxford: Clarendon Press, 1896), vol. 1, pp. 36, 49, 75, 277, 285, 314, 346
  12. Carol Dougherty, Prometheus (Routledge, 2006), p. 42ff