ပယ်သူငယ်စား ရှင်မြတ်ခေါင်

ဝီကီပီးဒီးယား မှ

ပယ်သူငယ်စား ရှင်မြတ်ခေါင်သည် သက္ကရာဇ် ၉၁၂ ခုနှစ်တွင် နန်းတက်တော်မူသော ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး လက်ထက်တွင် ထင်ရှားကျော်ကြားသော စာဆိုတော် တစ်ဦးဖြစ်သည်။ ပြည်-နဝဒေးကြီးနှင့် ခေတ်ပြိုင်စာဆိုတော် ဖြစ်သည်။ သက္ကရာဇ် ၉၃၆ ခုနှစ်တွင် သခင်ကြီးဧချင်း ကို ရေးသားဖွဲ့ဆိုခဲ့သည်။ ဆင်ဖြူများရှင် မင်းတရားကြီး၏ မြေးမ ဖြစ်သူ "သခင်ကြီး" အကြောင်း ရေးစပ်ထားသော ဧချင်း ဖြစ်သည်။ သခင်ကြီး၏ ဖခမည်းတော်မှာ စစ်ကိုင်းမင်းကြီး ဥတ္တမရာဇ် ဖြစ်ပြီး စစ်ကိုင်းမင်းကြီး ဥတ္တမရာဇ်မှာ ဆင်ဖြူများရှင် မင်းတရားကြီး၏ သားတော်တစ်ပါး ဖြစ်သည်။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၉၈