ပန်းသီး

ဝီကီပီးဒီးယား မှ
ပန်းသီး
အသီး
အပွင့်များ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Rosales
မျိုးရင်း: Rosaceae
မျိုးဇာတ်သေး: Malinae
မျိုးစု: Malus
မျိုးစိတ်:
M. pumila
ဒွိနာမ
Malus pumila
Miller, 1768
Synonyms[၁][၂]
  • Malus communis Desf.
  • Malus domestica Borkh. nom. illeg.
  • M. frutescens Medik.
  • M. paradisiaca (L.) Medikus
  • M. sylvestris Mil.
  • Pyrus malus L.
  • Pyrus malus var. paradisiaca L.
  • Pyrus dioica Moench

ပန်းသီးသည် ချို၍ စားနိုင်သည့် သစ်သီး ဖြစ်သည်။ ပန်းသီးပင် (Malus pumila ) မှ သီးသည့် အသီး ဖြစ်သည်။ ပန်းသီးပင်များကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ပန်းသီးပင်များ၏ မူလပေါက်ရောက်ရာ ဒေသသည် အာရှတိုက်အလယ်ပိုင်း ဖြစ်သည်။ ပန်းသီးပင်သည် genus Malus ၏ မျိုးစိတ်ဖြစ်သည်။ ထိုအာရှတိုက်အလယ်ပိုင်းတွင် ယခုထက်တိုင် ပန်းသီးပင်များ၏ မျိုးဆက်အရိုင်းပင် Malus sieversii များကို တွေ့နိုင်ပေသည်။ ပန်းသီးပင်များကို အာရှတိုက်နှင့် ဥရောပတိုက်တွင် ထောင်စုနှစ်များက စိုက်ပျိုးခဲ့ပြီး မြောက်အမေရိကတိုက်သို့ ဥရောပကိုလိုနီခေတ်တွင် သယ်ဆောင်စိုက်ပျိုးခဲ့သည်။ ပန်းသီးသည် ယုံကြည်မှု၊ ဒဏ္ဍာရီစသည်တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ကို ခရစ်ယာန်၊ ဂရိနှင့် Norse စသည်တို့တွင် တွေ့နိုင်သည်။

ပန်းသီးပင်သည် အစေ့မှ စိုက်ပျိုးပါက ကြီးထွားကြသည်။ ပုံမှန်အားဖြင့် ပန်းသီးပင်စိုက်ပျိုးသူများသည် ကိုင်းဆက်သည့်နည်းလမ်းကို အသုံးပြုကြသည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ပန်းသီးပင်၏ အရွယ်အစားကို ထိန်းချုပ်နိုင်ပေသည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၃.၁ သန်းရှိသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၉.၈ ရာခိုင်နှုန်း ရှိသည်။[၃]

ရုက္ခဗေဒဆိုင်ရာ အချက်အလက်များ[ပြင်ဆင်ရန်]

ပန်းသီးပင်သည် အမြင့် ၆ ပေမှ ၁၅ ပေအထိ ရှိ၏။ အလေ့ကျပေါက်သည့်အပင်များတွင် ပေ ၃၀ အထိ ရှိတတ်ကြသည်။ စိုက်ပျိုးထုတ်လုပ်သည့်အခါတွင်မူ ပန်းသီးပင်၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ ကိုင်းအရေအတွက် စသည်တို့ကို သတ်မှတ်ကာ စိုက်ပျိုးကြသည်။[၄]

စိုက်ပျိုးထုတ်လုပ်သူများ[ပြင်ဆင်ရန်]

ပန်းသီးပင်ကို စိုက်ပျိုးထုတ်လုပ်သူများသည် ၇၅၀၀ အထက် ရှိ၏။ စိုက်ပျိုးထုတ်လုပ်သူများသည် ပန်းသီးပင်၏ အရွယ်အစားကို အမျိုးမျိုးဖြင့် စိုက်ပျိုးကြသည်။ မတူညီသည့် စိုက်ပျိုးထုတ်လုပ်သူများသည် အပူချိန်၊ ရာသီဥတု စသည်တို့သည်လည်း တူညီမှု မရှိကြပေ။[၅][၆][၇]

စိုက်ပျိုးခြင်း[ပြင်ဆင်ရန်]

ပန်းသီးပင်များသည် အစေ့မှတစ်ဆင့် တဖြည်းဖြည်းကြီးထွားလာကြသည်။ သို့သော် ပန်းသီးပင်စိုက်ပျိုးသူများသည် ပိုမိုချိုမြိန်သော အသီးရရန်နှင့် အခြားသော အသွင်အပြင်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် ပန်းသီးပင်များကို ကိုင်းကူးသည့် နည်းဖြင့် စိုက်ပျိုးလာကြသည်။[၈]

သိုလှောင်ခြင်း[ပြင်ဆင်ရန်]

ပန်းသီးများသည် လအချို့ခန့်သာ ထိန်းသိမ်းထားနိုင်သည်။ အိမ်များတွင်မူ ရေခဲသေတ္တာ၏ အအေးဆုံးအခန်းတွင် ထိန်းသိမ်းလေ့ရှိကြပြီး ခန့်မှန်းခြေ နှစ်ပတ်ခန့် ထားနိုင်သည်။ အချို့သော ပန်းသီးအမျိုးစားများဖြစ်သည့် (ဥပမာ - Granny Smith and Fuji) သည် အခြားသော ပန်းသီးအမျိုးအစားများထက် သုံးဆခန့် ထားရှိနိုင်ကြသည်။[၉][၁၀]

ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

Apple production – 2017
Country (millions of tonnes)
 တရုတ်
41.4
 အီးယူ
14.2
 အမေရိကန်
5.2
 တူရကီ
3.0
 ပိုလန်
2.4
 အိန္ဒိယ
2.3
 အီရန်
2.1
World
83.1
Source: FAOSTAT of the United Nations[၃]

၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၉.၃ သန်း ရှိ၏။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် ၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။ European Union သည် ကမ္ဘာတစ်ဝန်းထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။ အခြားသော အဓိက ထုတ်လုပ်သူများသည် ၅ ရာခိုင်နှုန်း (သို့မဟုတ်) ထို့အောက် ထုတ်လုပ်ခဲ့သည်။[၃]

အာဟာရ[ပြင်ဆင်ရန်]

Apples, with skin (edible parts)
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၂၁၈ kJ (၅၂ kcal)
13.81 g
သကြား10.39
Dietary fiber2.4 g
0.17 g
0.26 g
ဗီတာမင်များ
ဗီတာမင် အေ
(0%)
3 μg
(0%)
27 μg
29 μg
Thiamine (B1)
(1%)
0.017 mg
Riboflavin (B2)
(2%)
0.026 mg
Niacin (B3)
(1%)
0.091 mg
(1%)
0.061 mg
ဗီတာမင် ဘီ6
(3%)
0.041 mg
Folate (B9)
(1%)
3 μg
ဗီတာမင် စီ
(6%)
4.6 mg
ဗီတာမင် အီး
(1%)
0.18 mg
ဗီတာမင် ကေ
(2%)
2.2 μg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(1%)
6 mg
သံဓါတ်
(1%)
0.12 mg
မဂ္ဂနီစီယမ်
(1%)
5 mg
မက်ဂနိစ်
(2%)
0.035 mg
ဖော့စဖရပ်
(2%)
11 mg
ပိုတက်ဆီယမ်
(2%)
107 mg
ဆိုဒီယမ်
(0%)
1 mg
သွပ်
(0%)
0.04 mg
အခြားပါဝင်ပစ္စည်း
ရေ85.56 g
Fluoride3.3 µg

Percentages are roughly approximated using US recommendations for adults.

ပုံမှန်ပန်းသီးသည် ၂၄၂ ဂရမ် လေး၏။ ၁၂၆ ကယ်လိုရီ ပါဝင်သည်။[၁၁]

လူသားများ၏ စားသုံးခြင်း[ပြင်ဆင်ရန်]

ပန်းသီးသည် အစေ့မှလွဲ၍ အခွံ၊ အခြားသော အစိတ်အပိုင်းအားလုံးသည် စားသုံးရန် သင့်လျော်၏။ အစေ့များပါဝင်သည့် အူလမ်းကြောင်းကို စားလေ့မရှိကြပေ။[၁၂]

အခြားသောထုတ်လုပ်မှုများ[ပြင်ဆင်ရန်]

ပန်းသီးအစေ့မှ အဆီထုတ်ခြင်းလည်း ပြုလုပ်နိုင်သည်။[၁၃]

ကျန်းမာရေး[ပြင်ဆင်ရန်]

ပန်းသီးတွင် ပါဝင်သည့် အာဟာရများသည် အချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးသည်။[၁၄]

ပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Dickson၊ Elizabeth E. (2014)၊ "Malus pumila"၊ in Flora of North America Editorial Committee (ed.)၊ Flora of North America North of Mexico (FNA)9၊ New York and Oxford – via eFloras.org, Missouri Botanical Garden, St. Louis, MO & Harvard University Herbaria, Cambridge, MA မရေရာသော |mode=CS1 (အကူအညီ)
  2. Wendy L. Applequist (2014)၊ "Report of the Nomenclature Committee for Vascular Plants: 66: (1933). To conserve Malus domestica Borkh. against M. pumila Miller, M. communis Desf., M. frutescens Medik., and Pyrus dioica Moench (Rosaceae). Proposed by G.-Z. Qian, L.-F. Liu & G.-G. Tang in Taxon 59(2): 650–652. 2010. Votes: 6–11–1 (not recommended)"၊ Taxon63 (6): 1358–1371၊ doi:10.12705/636.20
  3. ၃.၀ ၃.၁ ၃.၂ Apple production in 2017; Crops/World Regions/Production Quantity။ FAOSTAT, UN Food & Agriculture Organization, Statistics Division (2017)။ 15 January 2019 တွင် ပြန်စစ်ပြီး။
  4. Types and names of Apple Trees, Species of the Malus Genus။ Treenames.net။ 25 August 2014 တွင် ပြန်စစ်ပြီး။
  5. Elzebroek၊ A.T.G.; Wind, K. (2008)။ Guide to Cultivated Plants။ Wallingford: CAB International။ p. 27။ ISBN 978-1-84593-356-2
  6. Apple – Malus domestica။ Natural England။ 12 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2008 တွင် ပြန်စစ်ပြီး။
  7. National Fruit Collection။ 15 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2012 တွင် ပြန်စစ်ပြီး။
  8. Ranney၊ Thomas G.။ "Polyploidy: From Evolution to Landscape Plant Improvement"Proceedings of the 11th Metropolitan Tree Improvement Alliance (METRIA) Conference11th Metropolitan Tree Improvement Alliance (METRIA) Conference held in Gresham, Oregon, August 23–24, 2000METRIA (NCSU.edu)။ METRIA။ 23 ဇူလိုင် 2010 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 7 နိုဝင်ဘာ 2010 တွင် ပြန်စစ်ပြီး Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  9. Yepsen၊ Roger (1994)။ Apples။ New York: W.W. Norton & Co.။ ISBN 978-0-393-03690-9
  10. "Puff the Magic Preservative: Lasting Crunch, but Less Scent"၊ The New York Times၊ 25 October 2006။ 26 July 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 3 August 2011။ 
  11. Nutrition Facts, Apples, raw, with skin [Includes USDA commodity food A343 Nutrition Facts & Calories]။ Nutritiondata.com။ 28 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 January 2013 တွင် ပြန်စစ်ပြီး။
  12. Apple Varietals။ 2 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2017 တွင် ပြန်စစ်ပြီး။
  13. "Proximate Composition of the Apple Seed and Characterization of Its Oil" (2007). International Journal of Food Engineering 3 (5). doi:10.2202/1556-3758.1283. 
  14. "Cancer chemopreventive potential of apples, apple juice, and apple components" (2008). Planta Medica 74 (13): 1608–24. doi:10.1055/s-0028-1088300. PMID 18855307.