ပန်ဒုဝက်နုဝရရှေးဟောင်းသုတေသနပြတိုက်

ဝီကီပီးဒီးယား မှ
Panduwasnuwara Museum
Archaeological Museum, Panduwasnuwara
တည်ထောင်ခြင်းAround 1970s
တည်နေရာPanduwasnuwara, Sri Lanka
ကိုဩဒိနိတ်7°36′18.6″N 80°06′05.4″E / 7.605167°N 80.101500°E / 7.605167; 80.101500ကိုဩဒိနိတ်: 7°36′18.6″N 80°06′05.4″E / 7.605167°N 80.101500°E / 7.605167; 80.101500
အမျိုးအစားArchaeological
ဝက်ဘ်ဆိုဒ်http://www.archaeology.gov.lk

ပန်ဒုဝက်နုဝရရှေးဟောင်းသုတေသနပြတိုက် သည် သီရိလင်္ကနိုင်ငံ၊ ပန်ဒုဝက်နုဝရမြို့တွင် တည်ရှိသည့် ရှေးဟောင်းသုတေသနပြတိုက်တစ်ခု ဖြစ်သည်။ ပန်ဒုဝက်နုဝရရာဇမဟာဝိဟာရ၏ အနီး၊ Kurunegala-Chilaw လမ်း၏ ကိုတမ်ပိတိယလမ်းဆုံတွင် တည်ရှိသည်။ ဤပြတိုက်သည့် နိုင်ငံ၏ အနောက်မြောင်းစီရင်စု၏ ဒေသပြတိုက်အဖြစ် လုပ်ဆောင်သည်။[၁] ပြတိုက်ကို သီရိလင်္ကာရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းထားသည်။

ပြတိုက်တွင် ရှေးဟောင်းပစ္စည်များ၊ တူးဖော်ရာမှ ရရှိသည်များ၊ လှူဒါန်းမှုများ၊ ဗိသုကာလက်ရာများ စသည်တို့ကို ပြသထားသည်။ ထိန်းသိမ်းထားသည့် လက်ရာများတွင် ရုပ်တုများ၊ ကျောက်တုံးများ၊ သတ္တုများ၊ မြေထည်များ၊ သစ်သားပစ္စည်းများ၊ ဒင်္ဂါးပြားများ၊ အိုးများ၊ လက်ဝတ်ရတနာများ စသည်တို့ ပါဝင်သည်။ [၂][၃]

သမိုင်း[ပြင်ဆင်ရန်]

ပြတိုက်ကို ၁၉၇၀ တွင် ပထမဆုံးအကြိမ် စတင်တည်ထောင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ပြန်လည် စီစဉ်မှုများ လုပ်ဆောင်ခဲ့သည်။ ယခုလက်ရှိ ပြတိုက်သည် အဆောက်အဦအဟောင်းတွင် ဖွင့်လှစ်ထားရှိပြီး ၎င်းအဆောက်အဦကို ဌာနက ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Panduwasnuwara Museum (Regional)။ archaeology.gov.lk။ 27 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2016 တွင် ပြန်စစ်ပြီး။
  2. Panduwasnuwara Museum။ srisalike.com။ 20 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2016 တွင် ပြန်စစ်ပြီး။
  3. Archaeological Museum at Panduwasnuwara။ www.lanka.com။ 20 September 2016 တွင် ပြန်စစ်ပြီး။