ပန်ဒဝဂူများ

ဝီကီပီးဒီးယား မှ
Pandava Caves: According to the mythological sources Pandavas stayed here during their exile.[၁]

ပန်ဒဝဂူများ သည် အိန္ဒိယနိုင်ငံ၊ ကာနကတပြည်နယ်၊ မန်ဂလောမြို့ (Mangalore)၊ ကဒရိန်ဂျူနတ်ကျောင်းတော် (Kadri Manjunath) အနီးတွင် တည်ရှိသည်။[၂] သမိုင်းပညာရှင်များက တွေ့ရှိခဲ့ကြသည်မှာ လက်ရှိကျောင်းတော်သည် ကန်ဒရိယဝိဟာရ ဟု သိခဲ့ကြသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်၏ အတွင်းထဲတွင် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ၎င်းရုပ်ပွားတော်ကို Alupa မင်းဆက်၏ ဘုရင် Kundvarma အစားထိုးခဲ့သည်။ ဘုရင် Kundvarma သည် ရှီဝကို ကိုးကွယ်သူ ဖြစ်သည်။ သို့သော်လည်း ထိုအစားထိုးခဲ့သည့် ရုပ်ပွားတော်သည် ဗုဒ္ဓရုပ်ပွားတော်မူဟုတ်ဘဲ သမိုင်းကြောင်းအရ ရှီဝနှင့် ဆက်နွှယ်မှုရှိသည့် ဗောဓိသတ္တတစ်ပါး ဖြစ်သည်။ သမိုင်းပညာရှင်များက ဤဝိဟာရသည် နဂိုမူလက ဗောဓိသတ္တ Manjusri ဘာသာ၏ ကျောင်းတော်ဖြစ်သည်ဟု ကောက်ချက်ချကြသည်။[၃] ဤကျောင်းတော်သည် ၁၁ ရာစုမတိုင်မီအချိန်အထိ သင်ကြားရေးနှင့် ကိုးကွယ်မှုဆိုင်ရာ ထင်ရှားသည့်နေရာများထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ဤကျောင်းတော်သည် တနန္တရဘာသာ၏ အဓိကျသည့်နေရာ ဖြစ်ခဲ့သည်။ ဤကျောင်းတော်ကို ဗုဒ္ဓဘာသာကျောင်းတော်အဖြစ် မပြောင်းလဲမီက Shilinga နှင့် ဗောဓိသတ္တတို့ကို ရာစုနှစ်များစွာ ဝတ်ပြုခဲ့ကြသည်။[၃]

ဒဏ္ဍာရီများအရ ပန်ဒဝတို့သည် Mahabharata ကာလအချိန်အတွင်း ၎င်းတို့နှင်ထုတ်ခံခဲ့ရစဉ်အခါက ဤကျောင်းတော်တွင် နေခဲ့ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ These places in India have distinct Mahabharata, Ramayana connections (in en-US)။ 1 July 2020 တွင် ပြန်စစ်ပြီး။
  2. Ourkarnataka။ 23 August 2000 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 June 2013 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Jaini၊ ed. by Padmanabh S. (2001)။ Collected papers on Buddhist studies (1. ed.)။ Delhi: Motilal Banarsidass။ pp. 148–149။ ISBN 81-208-1776-1CS1 maint: extra text: authors list (link)