ပန်ချာပီစာပေ
ဒေသ၊ လူမျိုးနှင့် ဘာသာစကား
[ပြင်ဆင်ရန်]မြစ်ငါးစင်းရှိသည့် ပြည်နယ်ဖြစ်သော ပန်ဂျပ်သည် အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ်တလျှောက်ရှိ ပျံ့နှံ့တည်ရှိနေသော စိမ်းလန်းစိုပြည်သော ဒေသတစ်ခုဖြစ်ပါသည်။ ၎င်းအမည်မှာ ရာဝီ၊ ဘီးစ်၊ ချီနက်၊ ဂျေလမ်နှင့် ဆွတ်လက်ခ်ျအမည်ရသော အိန္ဒူမြစ်များ၏ အဓိက မြစ်လက်တက် မြစ်ငါးစင်းမှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ပန်ဂျပ် (Punjab)ဟူသော အမည်သည် မူလအားဖြင့် ပါရှန်းဘာသာစကား (Persian)မှ ဆင်းသက်လာခြင်းဖြစ်ပြီး Panj (ငါး) နှင့် Ab (ရေ/မြစ်) ပေါင်းစပ်ကာ "မြစ်ငါးစင်း စီးဆင်းရာမြေ" ဟု အဓိပ္ပာယ်ဤမြစ်များသည် ရေခဲဖုံးလွှမ်းနေသော ဟိမဝန္တာတောင်တန်းမှ မြစ်ဖျားခံပြီး ကျောက်ဆောင်များကို ဖောက်ထွင်းကာ အိန္ဒုမြစ်ဆီသို့ စီးဝင်ကာ ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိသည်အထိ မြေပြန့်များကို လျင်မြန်စွာ ဖြတ်သန်းစီးဆင်းသည်။
အိန္ဒုမြစ်လက်တက်များမှ ရေသွင်းစိုက်ပျိုးသော ချိုင့်ဝှမ်းဒေသသည် ကမ္ဘာ့အကောင်းဆုံး ယဉ်ကျေးမှုများထဲမှ တစ်ခုဖြစ်သည်ဟု လူသိများပါသည်။ ဘီစီ ၄၀၀၀ ခုနှစ်တွင် ဟာရပန်ယဉ်ကျေးမှုသည် မြို့ပြဘဝအဆင့် အတန်းမြင့်မားပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သော ထုတ်လုပ်ရေးလုပ်ငန်းများပါရှိသော ခေတ်မီလူတန်းစားလူ့အဖွဲ့အစည်းအပေါ် အခြေခံ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့နောက် ဘီစီ ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် အာရိယန်လူမျိုးစုသည် အိန္ဒုချိုင့်ဝှမ်း၏ တောင်ခြေတွင် အခြေချနေထိုင်ရန် ရောက်ရှိလာခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပန်ချနာဒီဒေသရှိ ဒေသခံများနှင့် ပေါင်းစည်းခဲ့ကြသည်။ ထို့နောက် ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုကာလတစ်ခု စတင်ခဲ့သည်။ ဘီစီ ၁၀၀၀ ခုနှစ်တွင် ဤလူမျိုးစုများသည် စနစ်တကျ အခြေချနေထိုင်ခဲ့ပြီး မတူညီသော နိုင်ငံတော်များကို ဖွဲ့စည်းခဲ့ကြသည်။ ယနေ့ခေတ် ပန်ဂျပ်လူမျိုးများ၏ ဘိုးဘေးများ၏ ယဉ်ကျေးမှုကို ပထမဆုံးတရားဝင် ညွှန်ပြချက်မှာ တက္ကသီလာနှင့် ဆက်စပ်နေပြီး ထိုနိုင်ငံတော်များထဲမှ တစ်ခုဖြစ်သည်ဟု ယူဆရသည်။ အာရီယန်ခေတ်ကတည်းက နိုင်ငံခြားကျူးကျော်မှုများကို အကြိမ်ကြိမ်ခံခဲ့ရသောကြောင့် ပန်ဂျပ်ကို အိန္ဒိယ၏ တံခါးပေါက်ဟု ခေါ်ဆိုခြင်းသည် သင့်လျော်ပါသည်။