ပနားမား ကာရစ်ဘီယံဘက်အခြမ်းရှိ ခံတပ်များ၊ ပေါ်တိုဘယ်လို ဆန် လော်ရန်ဇို
| ပနားမား ကာရစ်ဘီယံဘက်အခြမ်းရှိ ခံတပ်များ၊ ပေါ်တိုဘယ်လို ဆန် လော်ရန်ဇို* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | i,iv |
| ကိုးကား | ၁၃၅ |
| ဒေသ** | လက်တင်အမေရိက နှင့် ကာရစ်ဘီယံ |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၀ (စတုတ္ထအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ပနားမား ကာရစ်ဘီယံဘက်အခြမ်းရှိ ခံတပ်များ၊ ပေါ်တိုဘယ်လို ဆန် လော်ရန်ဇို သည် စစ်ဘက်ဆိုင်ရာ အဆောက်အဦးများ ဖြစ်ပြီး စပိန်အင်ပိုင်ယာမှ ၁၇ ရာစု နှင့် ၁၈ ရာစုနှစ်များ အတွင်း ပနားမားနိုင်ငံ ကိုလုံးခရိုင် ကာရစ်ဘီယံ ပင်လယ်ကမ်းရိုးတန်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အပျက်အစီးများသည် ကိုလုံးခရိုင် ကမ်းရိုးတန်းတွင် တည်ရှိသည်။ ယဉ်ကျေးမှုဆိုင်ရာ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်သောကြောင့် ယူနက်စကိုမှ ၁၉၈၀ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စံနှုန်း (၁) နှင့် (၄) အရ သတ်မှတ်ခဲ့ပြီး "၁၇ ရာစု နှင့် ၁၈ ရာစု စစ်ဘက်ဆိုင်ရာ ဗိသုကာပညာ၏ ကြီးကျယ်ခမ်းနားသော ဥပမာ တစ်ခု ဖြစ်သော ဤ ကာရစ်ဘီယံ ကမ်းရိုးတန်းရှိ ပနားမား ခံတပ်များသည် စပိန်ဘုရင်မှ အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် ကူးသန်းသော ကုန်သွယ်ရေးအား ကာကွယ်ရန် တည်ဆောက်ထားသော ကာကွယ်ရေးစနစ်၏ တစိတ်တပိုင်း ဖြစ်သည်" ဟူ၍ ဖော်ပြထားခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Fortifications on the Caribbean Side of Panama: Portobelo-San Lorenzo။ UNESCO Organization။ 21 May 2015 တွင် ပြန်စစ်ပြီး။