ပဒိုစောကွယ်ထူးဝင်း
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ပဒို စောကွယ်ထူးဝင်း | |
---|---|
ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် မေ ၂၀၂၃ | |
ယခင်လူ | စောမူတူဆေးဖိုး |
ဒုဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး | |
တာဝန်သက်တမ်း ၂၀၁၆ – မေ ၂၀၂၃ | |
အထွေထွေ အတွင်းရေးမှူး ကရင်အမျိုးသားအစည်းအရုံး | |
တာဝန်သက်တမ်း ၂၀၁၂ – ၂၀၁၆ | |
ကိုယ်ရေး အချက်အလက်များ | |
မိခင်ကျောင်း | ရန်ကုန်စီးပွားရေးတက္ကသိုလ် |
ပဒိုစောကွယ်ထူးဝင်း သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဆယ်ဦးမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဧပြီလကုန်တွင် ပြုလုပ်သော ၁၇ ကြိမ်မြောက် ညီလာခံ၌ ဒုဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။[၁]
ပဒိုစောကွယ်ထူးဝင်းသည် ၁၉၆၈ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှစ၍ KNU အဖွဲ့အတွင်း မြိတ်နှင့် ထားဝယ်ဘက်ရှိ တပ်မဟာ (၄) နယ်မြေတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ အထိ KNU ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ KNU ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "ဆယ်ဦးမြောက် KNU ဥက္ကဋ္ဌဖြစ်လာသူ"၊ Myanmar Now၊ ၅ မေ ၂၀၂၃။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |