မာတိကာသို့ ခုန်သွားရန်

ရှင်သာဂရဗုဒ္ဓိ

ဝီကီပီးဒီးယား မှ
(ပထမဘုရားကြီးဆရာတော် - ဟင်္သာတ မှ ပြန်ညွှန်းထားသည်)

ရှင်သာဂရဗုဒ္ဓိ (၁၂၁၀ - ၁၂၃၇) သည် “ပထမဘုရားကြီးဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို ၁၂၁၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၉ ရက်နေ့တွင် ဟင်္သာတမြို့၊ တာငါးဆယ်ရပ်၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ဖဲ ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးမှုန်-ဒေါ်ပု ဖြစ်သည်။

ငယ်စဉ်က ညောင်ကုန်းဘုန်းတော်ကြီးထံတွင် စာပေများသင်ကြား၍ သာမဏေပြုခဲ့သည်။ ဘွဲ့တော်မှာ ရှင်သာဂရ ဖြစ်သည်။ အရွယ်ရောက်သည့်အခါ ဟင်္သာတလယ်တီဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်သာဂရဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ မန္တလေးမြို့ သင်္ဂဇာတိုက်၊ စကုတိုက်၊ မဏ္ဍလာရာမတိုက်၊ သစ်ဆိမ့်တိုက်များတွင် ပညာသင်ကြားခဲ့သည်။ အုဂ်ဖိုရ်ဆရာတော်ကြီးထံ၌ ဆည်းကပ်ခဲ့သည်။

၁၂၄၆ ခုနှစ်တွင် ဓနုဖြူမြို့ ဇောတိကာရာမတိုက်ကို တည်ထောင်ခဲ့ပြီး နောင်သော် တောရဆောက်တည်ခဲ့သည်။ ၂ နှစ်ခန့်ကြာပြီးနောက်တွင် ဘုရားကြီးတိုက်၌ သီတင်းသုံးသည်။ []

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၇၃ ခုနှစ်၊ နယုန်လဆုတ် ၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[]

ကျမ်းများပြုစုခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ ပသင်္ဂဝိနောဒနီ၊

၂။ ပတ္တနိကုဇ္ဇနဒီပနီ၊

၃။ ယာနဒီပနီ၊

၄။ ကာလိကဒီပနီ၊

၅။ အက္ခရတ္ထဒီပနီ၊

၆။ ပဏာမဒီပနီ၊

၇။ မရဏာသန္နဝီထိဝိဘာဝနီ၊

၈။ အနုသရဝိဘာဝနီ၊

၉။ ကာယာနုပဿနာဝိဘာဝနီ၊

၁၀။ မဂ္ဂါဓိဓမဒီပနီ။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၅၊ ၁၇၆။