ပတ္တမြားစေတီတော်

ဝီကီပီးဒီးယား မှ

ပတ္တမြားစေတီတော် သည် စစ်ကိုင်းတောင်တန်းရှိ ပတ္တမြားတောင်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်တည်ရှိရာ တောင်ကို အစွဲပြုကာ ပတ္တမြားစေတီတော်ဟု ခေါ်တွင်ကြသည်။ စေတီတော်သည် ဝတ်ချက်ရွာ၏ အနောက်ဘက် အမြင့်ပေ ၈၅၉ ပေမြင့်သည့် တောင်ပေါ်တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သုံးဝါမြောက်သော အချိန်တွင် အာနန္ဒာနှင့်အတူ သုနာပရန္တတိုင်း စစ်ကိုင်းဒေသသို့ ကြွလာ၏။ ဇေတဘီလူး အမှူးရှိသည့် ဘီးလူး ၉၉ ယောက်တို့ကို တရားဟောကြားလေ၏။ ထို့နောက် ငဖားတောင်နှင့် ပတ္တမြားတောင်သို့ ကြွချီလာကာ ထိုတောင်များတွင် မြတ်စွာဘုရားသည် ရွှေသမင်ဖြစ်ခဲ့ဖူးကြောင်း ဗျာဒိတ်ပေးတော်မူခဲ့သည်။[၁]

တည်ထားကိုးကွယ်ခြင်း[ပြင်ဆင်ရန်]

သီရိဓမ္မာအသောကမင်းကြီးသည် သာသနာနှစ် ၂၁၈ ခုနှစ်တွင် နန်းတက်၏။ ထိုမင်းသည် စစ်ကိုင်တောင် ပတ္တမြားတောင်ထိပ်တွင် စေတီတော် တည်ထားခဲ့သည်။

စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်းမင်းလက်ထက်တွင် ထိုစေတီကို အပြင်မုဋ္ဌော ၉ ဆူတွင် အပါအဝင်အဖြစ် သတ်မှတ်ခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ပတူသင်္ဃရာဇာသည် ပတ္တမြားစေတီကို ၃ ထပ်ငုံ၍ တည်သည်။
  • သက္ကရာဇ် ၇၉၁ ခုနှစ်တွင် မင်းကြီးစွာ၏ မိဖုရားကြီး စောဥမ္မာက ဝတ္ထုကံမြေများ လှူဒါန်းခဲ့၍ သိမ်သမုတ်ခဲ့သည်။
  • ၁၂၀၀ ပြည့်နှစ်တွင် ငလျင်လှုပ်ရာ ငလျင်ဒဏ် ခံခဲ့ရသည်။
  • ၁၂၈၇ ခုနှစ်တွင် လေမိုးကျသဖြင့် ထီးတော် မြေခခဲ့သည်။ သံဃာ့အဖွဲ့က တာဝန်ယူ၍ မန္တလေးမြို့အနောက်ပြင် ဦးကျစ်လျစ် ဇနီးမောင်နှံက ပြုပြင်ခဲ့သည်။
  • ၁၃၁၈ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်နေ့တွင် ငလျင်လှုပ်ခဲ့ရာ စေတီတော်ကွဲပျက်ခဲ့၍ ၁၃၂၀ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။
  • ၁၃၂၁ ခုနှစ်တွင် ပတ္တမြားတော်ပေါ်သို့ တက်သော ကားလမ်းကို ဖောက်လုပ်ခဲ့သည်။ ၁၃၂၁ တွင် တိုးတက်အောင် လုပ်ခဲ့သည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်သည် ဖိနပ်တော် ၃၈ ပေ၊ ဉာဏ်တော် ၄၃ ပေ ၃ လက်မ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၃၅၊ ၁၃၆၊ ၁၃၇။