မာတိကာသို့ ခုန်သွားရန်

ပဋိဝေဓဉာဏ်

ဝီကီပီးဒီးယား မှ

(သစ္စာလေးပါးကို) ထိုးထွင်းသိမြင်-တတ်-ကြောင်း ဖြစ်-သော မဂ်ဉာဏ်[][] []

အကြောင်းပရိယာယ်အားဖြင့် ပရိညာသိ

[ပြင်ဆင်ရန်]

တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် သိမှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။

ဝိပဿနာဉာဏ် တို့ကား နိစ္စသညာစသည့် ကိလေသာတို့ကို တဒင်္ဂအားဖြင့်သာ ပယ်စွန့်နိုင်၍ အပြီးတိုင် အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် မပယ်စွန့်နိုင်သောကြောင့် ဤသို့ တဒင်္ဂပယ်စွန့်နိုင်ခြင်းတည်းဟူသော အကြောင်းပရိယာယ်အားဖြင့်သာလျှင် ပဟာနပရိညာဟူသော အမည်ကို ရရှိကြသည်။

အလားတူပင် အရိယမဂ်တရားသည်လည်း အသမ္မောဟပဋိဝေဓသဘော အားဖြင့်သာလျှင် ယင်းရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား (= ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား) တို့ကို လည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်း သိသောကြောင့် ဤသို့ အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိမြင်ခြင်းဟူသော အကြောင်းပရိယာယ်အားဖြင့် သာလျှင် ဉာတပရိညာ တီရဏပရိညာဟူသော အမည်ကို ရရှိပေသည်။

မုချအားဖြင့် ပဋိဝေဓသိ

[ပြင်ဆင်ရန်]

အရိယမဂ်တရားသည် သာလျှင် ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် ပယ်စွန့်နိုင်သောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။

ထို့ကြောင့် ဒုက္ခသစ္စာ အမည်ရသည့် ရုပ်တရား နာမ်တရား၊ သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ကမ်းကုန်အောင် ထွင်းဖောက်သိမြင်မှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ပဋိဝေဓဉာဏ (န) [ပဋိဝေဓ+ဉာဏ]
  2. ပဋိဝေဓဉာဏံ နာမ ယေန ဉာဏေန ဗောဓိပလ္လင်္ကေ နိသိန္နော စတ္တာရိ သစ္စာနိ သောဠသဟာကာရေဟိ သန္တိယာ စ စ နယသဟဿေဟိ ပဋိဝိဇ္ဈိ။ သံ၊ဋ္ဌ၊၂၊၂၆၆။ အံ၊ဋ္ဌ၊၂၊၂၉၆။ ပဋိဝေဓဉာဏ (သံ၊ဋ္ဌ၊၂၊၆၂)န္တိ အသမ္မောဟတော ပဋိဝိဇ္ဈနဉာဏံ။ သံ၊ဋီ၊၂၊၇၈။ သဗ္ဗဓမ္မာနဉှိ ပဋိဝေဓဉာဏံ ဗောဓိပလ္လင်္ကေ အဟောသိ။ မဂ္ဂဉာဏမေဝ ဟိ တန္တိ။ မူလဋီ၊၁၊၄။ (မ၊ဋ္ဌ၊၁၊၃၃၃။ သံ၊ဋ္ဌ၊၂၊၄၄။ သံ၊ဋ္ဌ၊၃၊၁၆၀၊ ၃၂၈။ အံ၊ဋ္ဌ၊၂၊၂၅၄။ အံ၊ဋ္ဌ၊၃၊၁၃၆၊ ၂၉၅။ အဘိ၊ဋ္ဌ၊၂၊၈၂၊ ၁၀၉၊ ၃၀၂။ ပဋိသံ၊ဋ္ဌ၊၁၊၁၅၂၊ ၃၄၂။ ပဋိသံ၊ဋ္ဌ၊၂၊၂၃၃။ ဝိသုဒ္ဓိ၊၂၊၁၄၂။ ဥဒါန၊ဋ္ဌ၊၈၈။ ဣတိဝုတ်၊ဋ္ဌ၊၃၁၀။ ထေရ၊ဋ္ဌ၊၁၊၄၂။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၆။ ဝဇိရ၊၄၀၅။ သာရတ္ထ၊၃၊၁၈၁။ ဒီ၊ဋီ၊၁၊၁၃၇၊ ၁၉၃။ ဒီ၊ဋီ၊၂၊၈၁၊ ၃၄၄။ သီ၊ဋီ၊သစ်၊၁၊၄၈၄။ မ၊ဋီ၊၂၊၂၀။ သံ၊ဋီ၊၂၊၂၃၅၊ ၄၀၀၊ ၅၃၅၊ ၅၄၁။ အံ၊ဋီ၊၁၊၁၄၂။ အံ၊ဋီ၊၂၊၂၂၇။ အံ၊ဋီ၊၃၊၁၄၀၊ ၃၁၄။ မူလဋီ၊၁၊၁၈။ မူလဋီ၊၂၊၇၂။ အနုဋီ၊၁၊၂၀၃။ အနုဋီ၊၂၊၈၆၂၊ ၂၀၄။ အနုဋီ၊၃၊၁၂၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၃၊ ၂၁၆။ နေတ္တိ၊ဋီ၊၅။ ၁၀၈။)
  3. တိပိဋကအဘိဓာန် အတွဲ-၁၄- အပိုင်း-၁
  4. ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း