ပဉ္စသီလသမာဒါနိယ

ဝီကီပီးဒီးယား မှ

အရှင်ပဉ္စသီလသမာဒါနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အနောမဒဿီဘုရားလက်ထက်[ပြင်ဆင်ရန်]

အနောမဒဿီဘုရား ပွင့်တော်မူချိန် ဖြစ်၏။ ထိုအချိန်တွင် အရှင်ပဉ္စသီလသမာဒါနိယထေရ်သည် စန္ဒဝတီမြို့တွင် သူတစ်ပါး အမှုထမ်းဖြစ်၏။ ထို့ကြောင့် ရဟန်းပြု၍ ရဟန်းအဖြစ်ကို မရပေ။ ထို့ကြောင့် အမှုထမ်းလုလင်သည် အနေမဒဿီမြတ်စွာဘုရား၏ တပည့်ဖြစ်သူ နိဘသထေရ်ထံတွင် ငါးပါးသီလကို ခံယူကာ ကောင်းမွန်စွာဆောက်တည်ခဲ့၏။ ထိုအချိန်တွင် လူတို့၏ သက်တမ်းသည် အနှစ်တစ်သိန်း ဖြစ်၏။ လုလင်သည် အနှစ်တစ်သိန်းပတ်လုံး ငါးပါးသီလကို စောင့်ရှောက်ခဲ့၏။[၁]

ငါးပါးသီလဆောက်တည်ခြင်း၏ အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

သေလွန်သောအခါ လုလင်သည် တာဝတိံသာနတ်ပြည်သို့ ရောက်၏။ ထို့နောက် နတ်သမီးတို့ခြံရံကာ နတ်စည်းစိမ်ကို ခံစားရ၏။ ထို့ပြင် စကြဝတေးမင်းအဖြစ် ခုနစ်ဆယ့်ငါးကြိမ် ဖြစ်၏။ ပဒေသရာဇ်မင်းအဖြစ်မူ မရေတွက်နိုင်အောင် ဖြစ်ခဲ့၏။

ဤသို့ ဘဒ္ဒကမ္ဘာမှ ရေတွက်ပါက မရေတွက်င်သော ကာလက ဆောက်တည်ခဲ့သည့် ငါးပါးသီလကြောင့် အပါယ်လေးပါးသို့ လုံးဝမကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် အရှင်ပဉ္စသီလသမာဒါနိယထေရ်သည် ဝေသာလီပြည်တွင် ဥစ္စာရှိသော မဟာသလ မျိုးတွင် ဖြစ်၏။ ဝါဆိုခါနီးသော် မိခင်ဖခင်တို့သည် ငါးပါးသီလဆောက်တည်ကြသည်ကို ကြားလေ၏။ ထိုအခါ အရှင်ပဉ္စသီလသမာဒါနိယထေရ်သည် ယခင်ဘဝက ဆောက်တည်ခဲ့သည်ကို သတိရကာ တစ်ထိုင်တည်း ထိုနေရာတွင်ပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်