မာတိကာသို့ ခုန်သွားရန်

ပဉ္စမမြောက် မဟာနယ်စားမင်းကြီး ဝီလီယံ

ဝီကီပီးဒီးယား မှ
ပဉ္စမမြောက် ဝီလီယံ
လူဇင်ဘတ် မဟာနယ်စားမင်းကြီး
နန်းသက်၃ အောက်တိုဘာ ၂၀၂၅ မှ ယခု
နန်းတက်၃ အောက်တိုဘာ
ရှေ့မင်းဆက်ဟင်နရီ
မချွတ်ဧကန် အမွေဆက်ခံရမည့်သူချားလ်စ်
လူဇင်ဘတ် မဟာနယ်စားမင်းခံချုပ်
လက်ထောက်ခံချုပ်၈ အောက်တိုဘာ ၂၀၂၄ - ၃ အောက်တိုဘာ ၂၀၂၅
မဟာနယ်စားမင်းကြီးဟင်နရီ
မွေးဖွား (1981-11-11) နိုဝင်ဘာ ၁၁၊ ၁၉၈၁ (အသက် ၄၄)
မဟာနယ်စားမင်းကတော်ကြီး ရှားလော့ သားဖွားဆေးရုံ, လူဇင်ဘတ်မြို့, လူဇင်ဘတ်နိုင်ငံၑလူဇင်ဘတ်
အိမ်ထောင်ဖက်စတက်ဖနီ ဒီ လနွိုင် (လက်ထပ် ၂၀၁၂)
သားသမီးများချားလ်စ် မင်းသား
ဖရန်ဆွာ မင်းသား
အမည် အပြည့်အစုံ
စီလီယံ ဂျုန်း ယောသပ် မာရီ ဒီ နဆော
စံအိမ်လူဇင်ဘတ်နဆော မင်းဆက် (တရားဝင်)[]
ဘော်ဘွန်း ပါမာ မင်းဆက် (ဖခင်လိုက်စနစ်)
ခမည်းတော်မဟာနယ်စားမင်းကြီး ဟင်နရီ
မယ်တော်မာရီယာ ထရီဇာ မတ်စ်ရာ အီ ဘာတီဆတာ

ပဉ္စမမြောက် မဟာနယ်စားမင်းကြီး ဝီလီယံ (Guillaume Jean Joseph Marie de Nassau၊ ၁၁ နိုဝင်ဘာ ၁၉၈၁ မွေး) သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှစ စိုးစံနေသော လူဇင်ဘတ်နယ်စားမင်းကြီး ဖြစ်သည်။ မဟာနယ်စားမင်းကြီး ဟင်နရီ နှင့် မဟာနယ်စားမင်းကတော်ကြီး မာရီယာ ထရီဇာ တို့၏ အကြီးဆုံးသားတော့်ဖြစ်သောကြောင့် ဖခင်ထီးနန်းစွန့်ပြီးနောက် လူဇင်ဘတ်နိုင်ငံ၏ နန်းတက်ခဲ့သည်။

အစောပိုင်း ဘာဝ

[ပြင်ဆင်ရန်]

ဝီလီယံကို လူဇင်ဘတ်မြို့ မဟာနယ်စားမင်းကတော်ကြီး ရှားလော့ သားဖွားဆေးရုံတွင် ၁၁ နိုဝင်ဘာ ၁၉၈၁ မှာ မွေးဖွားခဲ့သည်။[] မောင်နှမ ၄ ယောက်မှာ ဖီလစ်မင်းသား၊ လူဝီမင်းသား၊ အလက်ဇန္ဒြာမင်းသမီး နှင့် ဆဘတ်ရှန်မင်းသား တို့ဖြစ်သည်။

ဝီလီယံ သည် လိုရန့်ဇ်ဝိုင်လာမြို့မှာ မူလတန်းပညာရေးကို ပြီးမြောက်ခဲ့ပြီး လူဇင်ဘတ်မြို့မှာရှိသော Lycée Robert-Schumanကျောင်တွင် အတက်တန်းပညာရေး တက်ရောက်ခဲ့သည်။[][] ဆွစ်ဇာလန်ရှိ Institut Le Rosey နှင့် Collège Alpin International Beau Solei ဘော်ဒါကျောင်းများတက်ပြီး ၂၀၀၁ ခုနှစ်မှာ ပြစ်သစ်အခြေခံပညာအဆင့် နောက်ဆုံးစာမေးပွဲ ဘွဲ့အောင်ခဲ့သည်။ အင်္ဂလန်နိုင်ငံ ကန်ဘာလီမြို့ရှိ ဆင်းဒဟက် စစ်တက္ကသိုလ် မှာလဲ ဘွဲ့အောင်ခဲ့သည်။[] ပြီးနောက် အင်္ဂလန်မှာ ဒေါ်ရမ်တက္ကသိုလ်ကာလိပ် နှင့် ဘရူနယ်လ် တက္ကသိလ်တို့တွင် အဆင့်မြင့်ပညာဆက်လက်တက်ခဲ့သည်။[] ၂၀၀၆ ခုနှစ်တွင် ဆွစ်ဇာလန် ဖရီဘာဂ်မြို့ အင်စတီကျု ဖီလန်သရော်ပို့စ်သို့ ဝင်ရောက်ခဲ့ပြီး ဒဿနိကဗေဒနှင့် မနုဿဗေဒပညာကို တစ်နှစ် လေ့လာခဲ့သည်။ ပြီးနောက် အန်ဂျားမြို့ အင်စတီကျု အဲဘတ်လဂရန်းတွင် နိုင်ငံရေးပညာရပ်ကို သင်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဂုဏ်ထူးများဖြင့် ဘွဲ့ရရှိခဲ့သည်။ ကျောင်းနှစ်ကျောင်းကြား မိတ်ဖက်သဘောတူညီချက်အရ အန်ဂျားတက်္ကသိုလ်မှ ဝီလီယံကို ဘွဲထုတ်ပေခဲ့သည်။[] ၂၀၁၈ မှ ၂၀၁၉ ခုနှစ့်အထိ ဝီလီယံမင်းသားသည် 2018 မှ 2019 ခုနှစ်အထိ၊ Prince Guillaume သည် လန်ဒန်ရှိ ကာကွယ်ရေးလေ့လာရေးတော်ဝင်ကောလိပ် (RCDS) တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့သည်။[]

ထိုအချိန်က အမွေဆက်ခံရန်ရှိနယ်စား အဖြစ် ၂၀၀၃ ခုနှစ်တွင် ဘယ်လ်ဂျီယံ ဓာတုဗေဒသမဂ္ဂ၊ ၂၀၀၄ ခုနှစ်တွင် လန်ဒန်ရှိ ဒွိုက်ချယ် ဘဏ် (Deutsche Bank)၊ နှင့် ၂၀၀၅ ခုနှစ်တွင် အာဆလောမိတာလ် စပိန်ကုမ္ပဏီခွဲ မှာ အလုပ်သင်များ ပြီးဆုံးခဲ့သည်။ ဒီဇင်ဘာ၂၀၀၂ ခုနှစ်တွင် လူဇင်ဘတ်စစ်တပ်တွင် အရာရှိအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ ဗိုလ်မှူးကြီးရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ နောင် နန်းတက်ပြီးနောက် သော Guillaume ၏ ထီးနန်း ကို ထမ်းဆောင်ခဲ့သည့်တိုင်အောင် ဗိုလ်ချုပ်ကြီးရာထူးနှင့် တပ်မတော်မှူးအဖြစ် ရာထူးတိုးခဲ့သည်။[]

အမွေဆက်ခံရန်ရှိနယ်စား

[ပြင်ဆင်ရန်]
ဝီလီယံ 2013 ခုနှစ်တွင် အမွေဆက်ခံရန်ရှိနယ်စား အဖြစ်

ဝီလီယံသည် ဖခင်ဖြစ် ဟင်နရီ ၂၀၀၀ ခုနှစ်မှာ နန်းတက်မှ ဖခင် ၂၀၂၅ ခုနှစ် ထီးနန်းစွန့်ခြင်းအထိ မချွတ်ဧကန် အမွေဆက်ခံရမည့်သူ ဖြစ်ခဲ့သည်။ လူဇင်ဘတ်နိုင်ငံသည် မဟာနယ်တော်ကြီးဖြစ်၍ အမွေဆက်ခံရမည့်မင်းသားသည်လည်း နယ်စားဘွဲရှိသောကြောင့် အမွေဆက်ခံရန်ရှိနယ်စားဟု ခေါ်ဆိုသည်။ ထို့အပြင် ပြင်သစ်ထီးနန်းဆက်ခံမှုတွင် ပြင်သစ်တရားဝင်ဝါဒီအရ သုံးဆယ့်လေးမြောက် ဆက်ခံရမည့်မင်းသားအဖြစ် သတ်မှတ်ချက်ရှိသည်။

ဝီလီယံသည် မတ်လ ၂၀၀၁ ခုနှစ်တွင် လူဇင်ဘတ်မဟာနယ်တော်ကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ သူသည် ၂၄ ဇွန်၂၀၀၅ မှစ၍ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်လည်းဖြစ်ခဲ့သည်။[][] နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ထောင်စုနှစ်ညီလာခံဆွေးနွေးပွဲမှာ ပါဝင်ခဲ့သည်။[] ၂၀၁၂ ခုနှစ်မှာ ဥရောပသမဂ္ဂရုံးချုပ်မှာနှင့် ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂသို့ လူဇင်ဘတ် အမြဲကိုယ်စားပြု အနေလုပ်ခဲ့သည်။[]

ဝီလီယံသည် လူဇင်ဘတ်စက်ဘီးစီးအားကစားအဖွဲ့ချုပ်၊ လူငယ်အဆောင်ဗဟိုအဖွဲ့၊ နိုင်ငံတော်လမ်းဘေးဒုက္ခသည်များအဖွဲ့၊ ဥရောပသမဂ္ဂလူငယ် သဟဇာတသံစုံတီးဝိုင်း၊ လူဇင်ဘတ်လူငယ်လုပ်ငန်းရှင်များအဖွဲ့ နှင် လူဇင်ဘတ်အထူးအိုလံပစ်အသင်း အဖွဲ့များတို့၏ နာယကဖြစ်သည်။[]

၁၉၉၇ ခုနှစ်မှာ ဝီလီယံသည် နီပေါရှိ လူသားချင်းစာနာမှု စခန်းတစ်ခုတွင် လူဇင်ဘတ် ကင်းထောက်လှုပ်ရှားမှု အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ သစ်တောပြန်လည်ထူထောင်ရေးစီမံကိန်းနှင့် အခြား ကံနည်းသူများ၏အကျိုးအတွက် လုပ်ဆောင်မှုများ ပါဝင်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှာ အဆင်းရဲဆုံးဒေသများသော မက္ကဆီကို အာကွာကာလီယန်တယ်စ်ပြည်နယ်တွင် လူငယ်များကို ပညာရေးနှင့် လူမှုရေးအကူအညီများပေးရန် ပရဟိတမစ်ရှင်တစ်ခု ပါဝင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှာ မသန်စွမ်းသူများကူညီလုပ်ဆောင်သော ကရိုင်းစ်ဘိရာဂ် ဖောင်ဒေးရှင်၏ ဂုဏ်ထူးဆောင်သမ္မတအဖြစ် လက်ခံခဲ့သည်။၂၀၁၇ တွင် ကမ္ဘာကင်းထောက်အဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးရန် ဒါရိုက်တာအဖွဲ့သို့ ဝင်ခဲ့သည်။[]

၂၀၀၂ ခုနှစ်မှာ ဆင်းဒဟက် စစ်တက္ကသိုလ် အရာရှိသင်တန်း ပြီးဆုံးခဲ့ပပြီး လူဇင်ဘတ်စစ်တပ် မှာ ၂၅ ဇူလိုင် ၂၀၂၂ မှာ ဗိုလ် ရာထူးရခဲ့သည်။ ဒီဇင်ဘာလတွင် သူ့မိသားစုနှင့် နိုင်ငံတော်အာဏာပိုင်များရှေ့တွင် လူဇင်ဘတ်စစ်တပ်အရာရှိ၏ အမြင့်ဆုံးဘွဲ့တော်ဖြစ်တဲ့ နဆောအိမ်တော်ရွှေသီဟ ဘွဲ့တော်ကြီး လည်းရရှိခဲ့သည်။

၁၀ ဇွန်၂၀၀၅ မှစပြီး ၂၀၂၄ခုနှစ်မှာ လက်ထောက်ခံချုပ်ဖြစ်လာခဲ့အထိ ဝီလီယံမင်းသားသည် နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးကိစ္စများနှင့် တိုက်ရိုက်အတွေ့အကြုံရခဲ့သည်။

၂၀၀၆ ခုနှစ် သူ့၏ ၂၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လူဇင်ဘက်နိုင်ငံသည် သူ၏ဖခင်နှင့်အတူ သူ၏ရုပ်တု ယူရို ၂ ဒင်္ဂါးပြားကိုထုတ်ပေးခဲ့သည်။

၁၈ ဇန်နဝါရီ ၂၀၁၆ မှစ၍ ဝီလီယံသည် ဥရောပ စတစ်တုန်း ကိုင်စာဒုန် ဇူ စပေရာ ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။ မဟာနယ်စားမင်းကြီးနှင့် မဟာနယ်းစားမင်းကတော်ကြီး ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။[]

စက်တင်ဘာလ၂၀၁၈ တွင် မျိုးရိုးလိုက်သော အမွေဆက်ခံရန်ရှိနယ်စား နှင့် သူ့ဇနီးသည် လန်ဒန်သို့ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။ ထိုကာလအတွင်း အမွေဆက်ခံရန်ရှိနယ်ကတော် မင်းသမီး စတက်ဖနီ သည် ဆိုသာဘီပန်းချီအင်စတီကျု တွင် အနုပညာသမိုင်းအစီအစဉ် စာသင်ယူခဲ့သည်။

၂၃ ဇွန် ၂၀၂၄ တွင် လူဇင်ဘတ်နိုင်ငံ၏ အမျိုးသားနေ့ အခမ်းအနားအတွင်း မဟာနယ်စားမင်းကြီး ဟင်နရီသည် ဝီလီယံမင်းသားကို အောက်တိုဘာလတွင် လက်ထောက်ခံချုပ် ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး မဟာနယ်စားအာဏာလွှဲပြောင်းရေးနှင့် ဘုရင်နန်းစွန့်ခြင်း၏ ပထမအဆင့် စတင်လုပ်ဆောင်ခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့မှာ အထူးအာဏာအပ်နှင်းသော အခမ်းအနား ကို နယ်စားမင်းကြီးနန်းတော်၌ ကျင်းပခဲ့ပြီး အောက်လွှတ်တော်တွင် တရားစွဲခြင်းများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ နှစ်စဉ်ခရစ္စမတ်မိန့်ခွန်းတွင် မဟာနယ်စားမင်းကြီး သည်သူ၏ထီးနန်းစွန့်ခြင်းနှင့် ဝီလီယံသို့ အာဏာလွှဲပြောင်းခြင်းသည် ၂၀၂၅ ခုနှစ်အောက်တိုဘာ ၃ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။[]

သူသည် ဖခင်၏ ထီးနန်းစွန့်ခံချိန်အထိ လူဇင်ဘတ်နယ်စားမင်းခံချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။[၁၀]

အိမ်ထောင်ရေးနှင့် ဖခင်ဖြစ်ခြင်း

[ပြင်ဆင်ရန်]

အသက် ၃၀ ပြည့် မွေးနေ့အတွက် အင်တာဗျူးများတွင် သူသည် တစ်နှစ်ကျော် ခိုင်မြဲနေခဲ့သော "ချစ်သောလွမ်း" တစ်ဦး နှင့် ဆက်ဆံရေးရှိနေပြီဖြစ်သော်လည်း အနာဂတ် ဖြစ်နိုင်ချေရှိမရှိချင့်တွက်ရန် အချိန်ပိုလိုအပ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တရားရုံးသည် အမွေဆက်ခံရန်ရှိနယ်စား နှင့် ဘယ်လ်ဂျီယမ် မြို့စား စတက်ဖနီ ဒီ လနွိုင် စေ့စပ်ကြောင်းလမ်းကြေညာခဲ့သည်။[၁၁] ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ အရပ်သားမင်္ဂလာပွဲကျင်းပခဲ့ပြီး ဘာသာရေးမင်္ဂလာပွဲကို အောက်တိုဘာ ၂၀ ရက်နေ့မှာ လူဇင်ဘတ်နိုတြာဒါမ်ကျောင်းတော်ကြီး၌ ကျင်းပခဲ့ပါသည်။[၁၂]

ဝီလီယံ နှငါ့ စတ်ဖနီတို့သည် လူဇင်ဘတ်ထီးနန်းဆက်ခံခြင်း ပထမနှင့် ဒုတိယမြောက် ဖြစ်သူ သားနှစ်ယောက်ရှိသည်။[၁၃][၁၄]

နန်းစံခြင်း

[ပြင်ဆင်ရန်]
နန်းတက်တဲ့နေ့မှာ ဝီလီယံ နဲ့ စတက်ဖနီ အတူ

၂၀၂၄ ခုနှစ် အောက်တိုဘာ 8 ရက်နေ့တွင် နယ်စာမင်းကြီး ဟင်နရီ လွန်ခဲ့သော တရားဝင်မွေးနေ့မှာ ကြေငြာထားအရ ဝီလီယံ အား လက်ထောက်ခံချုပ် (လူဇင်ဘတ်နယ်စားမင်းခံချုပ်) အဖြစ် ခန့်အပ်ခဲ့သည်။[၁၅] လက်ထောက်ခံချုပ်အရ သံတမန်များ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် မဟာနယ်စားမင်းကြီး အမိန့်ကြေငြာချက်များ လက်မှတ်ထိုးခြင်းစသည့် ဖခင်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာအများအပြား ရရှိခဲ့သည်။[၁၆] လူဇင်ဘတ်ထုံစံအရ ဂျုန်း (၁၉၆၁-၁၉၆၄) နှင့် ဟင်နရီ (၁၉၉၈-၂၀၀၀) တို့သည်လည်း ယခင်မဟာနယ်စားမင်းကြီးနန်းမစွန့်ခင် ဤရာထူးထမ်းဆောင်ခဲ့ကြသော အမွေဆက်ခံရန်ရှိနယ်စားဖြစ်ခဲ့သည်။[၁၇] ကြေငြာထားသောရက်နေ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ ဝီလီယံသည် ထီးနန်းစံတက်ခဲ့ပြီး လူဇင်ဘတ် မဟာနယ်စားမင်းကြီး ဖြစ်လာခဲ့သည်။[၁၈] သူ့ကို မဟာနယ်စားမင်းကြီး ဝီလီယံ အဖြစ် တရားဝင်သတ်မှတ်ထားသော်လည်း ပဉ္စမမြောက် ဝီလီယံ ဟု နာမည်ဘွဲရွေးချယ်ခဲ့သည်။ လူသိများသော ယခင် လူဇင်ဘတ်နယ်စား ဖြစ်ခဲ့သာ ဝီလီယံ ၄ ဦးကို အလေးထားရန် ဖော်ပြခဲ့သည်။[၁၉]

ဘွဲ့တံဆိပ်ဂုဏ်ထူးများ

[ပြင်ဆင်ရန်]

ဂုဏ်ထူး

[ပြင်ဆင်ရန်]

အမျိုးသားဂုဏ်ထူး

[ပြင်ဆင်ရန်]
ရက်စွဲ ချိန်းတယ်။ ဖဲကြိုး တခြား
၇ အောက်တိုဘာ ၂၀၀၀ မှ ၃ အောက်တိုဘာ ၂၀၂၅ နဆောအိမ်တော်ရွှေသီဟ ဘွဲ့တော်ကြီး ဆာဘွဲ့ [၂၀]
3 အောက်တိုဘာ ၂၀၂၅ - လက်ရှိ နဆောအိမ်တော်ရွှေသီဟ ဘွဲ့တော်ကြီး ပူပေါင်းခေါင်းဆောင်
၁၁ နိုဝင်ဘာ ၁၉၈၁ - လက်ရှိ Grand Cross of Order of Nassau of Adolphe [၂၁]
3 အောက်တိုဘာ ၂၀၂၅ - လက်ရှိ Grand Master of Adolphe of the Grand Cross
၂၃ ဇွန်လ ၂၀၁၂ - လက်ရှိ Grand Cross of the Order of the Oak Crown
3 အောက်တိုဘာ ၂၀၂၅ - လက်ရှိ Grand Master of the Order of the Oak Crown
3 အောက်တိုဘာ ၂၀၂၅ - လက်ရှိ လူဇင်ဘတ်မဟာမင်းနယ်တော်ကြီး ၏ မဟာဆရာကြီး

နိုင်ငံခြားက ဂုဏ်ထူးတွေ

[ပြင်ဆင်ရန်]
တိုင်းပြည် ရက်စွဲ ချိန်းတယ်။ ဖဲကြိုး တခြား
 ဘယ်လ်ဂျီယမ် ၁၅ အောက်တိုဘ 2019 Grand Cross of the Order of the Crown
၂၃ အောက်တိုဘာ ၂၀၂၅ Grand Cordon of The Order of Leopold
 ပြင်သစ် ၅ မတ် ၂၀၁၅ Grand Officer of the Order of the Legion of honour
 အီတလီ ၃၀ ဇန်နဝါရီ ၂၀၀၉ Knight Grand Cross of the Order of Merit of the Italian Republic
 နယ်သာလန် ၂၁ မတ် ၂၀၁၂ Knight Grand Cross of the Order of Orange-Nassau
၃၀ ဧပြီ ၂၀၁၃ King Willem-Alexander Inaguration Medal
 ပေါ်တူဂီ ၂၃ မေ ၂၀၁၇ Grand Cross of the Order of Aviz [၂၂]
 ဆီနီဂေါ ၂၄ ဖေဖော်ဝါရီ ၂၀၂၃ Commander of the National Order of the Lion [၂၃]
 ဆလိုဗက်ကီးယား ၇ စက်တင်ဘာ ၂၀၀၅ Grand Officer of the Order of the White Double Cross [၂၄]
 ယူနိုက်တက်ကင်းဒမ်း ၂၂ စက်တင်ဘာ 2020 Sandhurst Medal [၂၅]

ဆုများ

[ပြင်ဆင်ရန်]
  • ကမ္ဘာ့ကင်းထောက်လှုပ်ရှားမှုအဖွဲ့ - Bronze Wolf Award (၂၁ မတ် ၂၀၂၄)။

ကိုးကား

[ပြင်ဆင်ရန်]
  1. Droits de Succession: Ordre successoral Cour Grand-Ducale de Luxembourg Maréchalat de la Cour (၆ ဇွန် ၂၀၁၁)။ 3 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. H.R.H Grand Duke ၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. 1 2 3 CURRICULUM VITAE OF HIS ROYAL HIGHNESS THE HEREDITARY GRAND DUKE OF LUXEMBOURG (in en) (၉ နိုဝင်ဘာ ၂၀၂၀)။
  4. Strauch၊ Vanessa (၃ အောက်တိုဘာ ၂၀၂၅)။ Un lycéen «attentif, un peu rêveur, jamais bruyant» (in fr)။
  5. H.R.H. Guillaume the hereditary Grand Duke of Luxembourg (in en)။
  6. 1 2 3 4 H.R.H Grand Duke
  7. 1 2 3 4 Le Grand-Duc Héritier (in fr)။ ၁၁ ဒီဇင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  8. H.R.H Grand Duke ၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. Walt၊ Vivienne (၃ အောက်တိုဘာ ၂၀၂၅)။ Inside Luxembourg’s Palace as Guillaume Readies to Take the Throne (in en)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  10. H.R.H. the Grand Duke | Cour grand-ducale (in en)။ 2025-10-06 တွင် ပြန်စစ်ပြီး။
  11. "Guillaume et Stéphanie se financent demain"၊ ၂၇ ဧပြီ ၂၀၁၂။
  12. "Luxembourg's royal wedding draws regal guest list"၊ ၂၀ အောက်တိုဘာ ၂၀၁၂။
  13. Luxembourg royal baby boy born on Sunday (၁၀ မေ ၂၀၂၀)။ ၂၁ အောက်တိုဘာ ၂၀၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  14. Hereditary Grand Ducal couple announces birth of new baby (၂၇ မတ် ၂၀၂၃)။ ၂၇ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. CourGrandDucale (၉ ဇူလိုင် ၂၀၂၄)။ S.A.R. le Grand-Duc héritier comme lieutenant-représentant de S.A.R. le Grand-Duc aura lieu dans l'après-midi du mardi 8 octobre 2024.
  16. CourGrandDucale (၂၃ ဇွန် ၂၀၂၃)။ An deem Kontext well ech, mat der #GrandeDuchesse, dem Prenz Guillaume an der Prinzessin Stephanie, iech matdeelen, dass ech decideiert hun desen October dem Prenz Gullaume d'Lieutenance ze iwerdroen.
  17. A tradition of abdication – Luxembourg & the Netherlands (၂၈ ဇွန် ၂၀၂၄)။
  18. "EU-member Luxembourg enthrones monarch, drawing hundreds"၊ ၃ အောက်တိုဘာ ၂၀၂၅။
  19. The history of the Nassau dynasty ၄ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။ “He thus assumed the title Guillaume V, Grand Duke of Luxembourg”
  20. 1 2 Honorary distinctions of the Grand Duchy of Luxembourg Service Information et Presse။ 18 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2017 တွင် ပြန်စစ်ပြီး။
  21. Princes and Princesses of the Grand-Ducal House of Luxembourg are Grand Crosses of the Order by birth but the decoration is worn only after they reach their majority (18 years old)[၂၀]
  22. ENTIDADES ESTRANGEIRAS AGRACIADAS COM ORDENS PORTUGUESAS – Página Oficial das Ordens Honoríficas Portuguesas
  23. You must specify archiveurl = and archivedate = when using {{cite web}}.Palais : Macky Sall reçoit le grand-Duc héritier Guillaume de Luxembourg (in fr) (2023-02-25)။ 2025-08-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  24. Slovak republic website, State honours 13 April 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (click on "Holders of the Order of the 2nd Class White Double Cross" to see the holders' table) : 2nd Class received by Hereditary Grand-Duke in 2005, i.e. during the state visit 24 May 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (French) of Grand-Duke, Grand-Duchess & Hereditary Grand-Duke in Slovakia (7 September 2005).
  25. Grand Duke, Hereditary Grand Duke Awarded Sandhurst Medal (23 September 2020)။