ရှင်သုမန
ရှင်သုမန (၁၁၉၅ − ၁၂၇၆) သည် မင်းတုန်းမင်းလက်ထက်တော်အခါက ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ ဆရာတော်သည် ခင်ကြီးဖျော်၏ မြေးဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို သက္ကရာဇ် ၁၁၉၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ မြို့လုလင်ရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးကုလားနှင့် ဒေါ်ရွက်တို့ ဖြစ်သည်။
ငယ်စဉ်အခါက တောင်တွင်းကြီး အရှေ့မြောက် ဒန့်ဒလွန်ပင်ရွာ မင်္ဂလာရာမလေသာတိုက်တွင် ရဟန်းပြုခဲ့သည်။ ထို့နောက် မန္တလေးမြို့၊ အမရပူရမြို့များတွင် စာပေများ သင်ကြားခဲ့ပြီး မန္တလေးမြို့ စံကျောင်းတွင် ခေတ္တသီတင်းသုံးကာ တောင်တွင်းကြီးမြို့သို့ ပြန်၍ သီတင်းသုံးတော်မူခဲ့သည်။
မင်းတုန်းမင်းကြီးသည် ဆရာတော်အား ဓမ္မစရိယဂိုဏ်းထောက်ဆရာတော်အဖြစ် ပူဇော်ချီးမြှောက်ခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၂၇၆ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ကျမ်းဂန်ပြုစုတော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ကျမ်းပေါင်း ၃၀ ကျော် ပြုစုတော်မူခဲ့သည်။ ထိုကျမ်းများထဲတွင် ကင်းဝန်မင်းကြီး၏ ပုစ္ဆာဆယ်ချက်ကို ဖြေဆိုတော်မူသည့် “ပုစ္ဆာဝိသဇ္ဇနာဒီပနီ” သည် ထင်ရှားသည်။[၁]