ပခုက္ကူဆရာတော်

ဝီကီပီးဒီးယား မှ

ပခုက္ကူ ဆရာတော်သည် မြင်းခြံခရိုင် ပုပ္ပါးတောင်အနီး တောင်ဆင်းနယ်၊ ခွေးပြုတ်ရွာ၌ ဦးပြော့ ဒေါ်မင်းဂုဏ်တို့မှ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်၊ ကဆုန်လဆန်း ၂ ရက် ကြာ သပတေးနေ့တွင် ဖွားမြင်သည်။ ငယ်မည် ဦးပေါ်ဉာာဏ်ဖြစ် သည်။ ၁၄ နှစ်သားအရွယ်တွင် နဂါးရစ်ဆရာတော် ဦးဉာဏ ထံ၌ ရှင်သာမဏေ ဖြစ်သည်။ သာမဏေဘွဲ့ ရှင်မေဓာဖြစ် သည်။ ထို့နောက် ငန်းမြာကြီးရွာ ဆရာတော်အရှင်မေဓာထံ စာပေ သင်ကြားရာ ဆရာတော်၏ဘွဲ့နှင့် တူနေသဖြင့် ရှင်ပညာဟု ဘွဲ့အမည်ပြောင်း၏။ ၁၆ နှစ်သားအရွယ်တွင် ပခုက္ကူမြို့ ရေစကြိုဆရာတော်ကြီးထံရောက်၍၊ အသက် ၂ဝ ပြည့်သောအခါ ၁၂၅၉ ခုနှစ်၊ တစ်ပေါင်း လပြည့်ကျော် ၅ ရက်နေ့၌ နဂါးရစ်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် ရောက်သည်။ ရဟန်းဘွဲ့ ဦးပညာဖြစ်သည်။ ပခုက္ကူမြို့၊ ရေစ ကြိုဆရာတော်ကြီးထံ၌ စာပေသင်ကြား၍ ရဟန်းဝါ ၄ ဝါရ သောအခါ စာချပုဂ္ဂိုလ် မြေ|ာက်ခြင်းကို ခံရသည်။ ၇ ဝါရသော အခါ မန္တလေးမြို့သို့ကြွရောက်၍ ခင်မကန်တိုက်၊ ရွှေရေးဆောင် တိုက်တို့၌ နည်းနာခံယူပြီး ၁၂၇၆ ခု၊ သိတင်းကျွတ်လပြည့် ကျော် ၂ ရက်နေ့တွင် ရေစကြို ဆရာတော်ကြီး ပျံလွန်တော်မူ သဖြင့် ပခုက္ကူသို့ပြန်ကြွ၍၊ မဟာဝိသုတာရာမ စာသင်တိုက် ကြီးကို ဦးစီးအုပ်ချုပ်လျက် စာပေပို့ချတော်မူသည်။ ထိုအခါမှ စ၍ ပခုက္ကူဆရာတော် ဦးပညာဟု ကျော်စောထင်ရှားလျက် မြန်မာနိုင်ငံတွင် ဆရာတော်ဦးပညာထံ နည်းမခံဘူးသော စာချပုဂ္ဂိုလ်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ သက်တော် ၆၉ နှစ်၊ ဝါတော် ၅ဝ၊ သက္ကရာဇ် ၁၃ဝ၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် ပျံလွန်တော်မူသည်။ ပြုစုသော ကျမ်းများမှာ၊ (၁) ဋီကာကျော် နိဿယ၊ (၂) မင်္ဂလတ္ထ ဒီပနီတို့ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)