ပက်ဒ်စတိုးမြို့

ဝီကီပီးဒီးယား မှ
ပက်ဒ်စတိုး ဆိပ်ကမ်း

ပက်ဒ်စတိုး သည် အင်္ဂလန်နိုင်ငံ ကွန်းဝေါလ်စ် မြောက်ဘက် ကမ်းရိုးတန်းရှိ မြို့တစ်မြို့ နှင့် ငါးဖမ်းဆိပ်ကမ်းတစ်ခု ဖြစ်သည်။ ကမ်မဲလ်မြစ်ဝ၏ အနောက်ဘက် မြစ်ကမ်းပါးတွင် တည်ရှိပြီး ဝိတ်ဒ်ဘရစ်ချ်မြို့၏ အနောက်မြောက်ဘက် ၅ မိုင် (၈.၀ ကီလိုမီတာ) အကွာ၊ ဘော့တ်ဒ်မင်းမြို့၏ အနောက်မြောက်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ) အကွာ၊ နယူးကီးမြို့ ၏ အရှေ့မြောက်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ ၂၀၀၁ ခုနှစ် ယူနိုက်တက်ကင်းဒမ်း၏ လူဦးရေစာရင်းအရ ပက်ဒ်စတိုးတွင် လူဦးရေ ၃,၁၆၂ ဦး ရှိခဲ့ပြီး [၁] ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရမူ လူဦးရေ ၂,၉၉၃ သို့ လျော့ကျသွားသည်။ [၂] ပက်ဒ်စတိုး အမည်နှင့် မဲဆန္ဒနယ် တစ်ခုလည်း ရှိပြီး မဲဆန္ဒနယ်တွင်မူ ထရီဗို့စ်ဟတ်ဒ် အထိ ပါဝင်ကာ မဲပေးနိုင်သူ ၄,၄၃၄ ဦး ရှိသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Parish population for North Cornwall district Archived 7 March 2005 at the Wayback Machine., Cornwall County Council and ONS, 2001
  2. Parish population 2011။ 2 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2015 တွင် ပြန်စစ်ပြီး။
  3. Ward population 2011 census။ 2 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2015 တွင် ပြန်စစ်ပြီး။