နှင်းဆီ

ဝီကီပီးဒီးယား မှ
နှင်းဆီ
Rosa rubiginosa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Rosales
မျိုးရင်း: Rosaceae
မျိုးဇာတ်: Roseae
မျိုးစု: Rosa
L.
မျိုးစိတ်

See List of Rosa species

Synonyms
  • Hulthemia Dumort.
  • ×Hulthemosa Juz. (Hulthemia × Rosa)

နှင်းဆီသည် ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။ အခြားပန်းပင်များနှင့် မတူဘဲ တစ်နှစ်လျှင် ၄၊ ၅ လခန့် ရေခဲသော အရပ်မှ လွဲ၍ အပူပိုင်းတိုင်းပြည်များမှ အအေးပိုင်းတိုင်းပြည်များအထိ ကမ္ဘာအနှံ့အပြား စိုက်ပျိုးနိုင်ခြင်း၊ အရောင်အဆင်း အစုံအလင် ရှိခြင်း၊ သင်းပျံ့သော ရနံ့ရှိခြင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ခြင်း စသောအချက်များကြောင့် နှင်းဆီကို ပန်းဘုရင်မ (Queen of Flower)ဟု တင်စားခေါ်ဝေါ်ခြင်း ဖြစ်သည်။

နှင်းဆီသည် အင်္ဂလန်နိုင်ငံ၏ အမျိုးသားပန်း (National Flower) ဖြစ်ပြီး ခရစ်စမတ်ပွဲတော်၊ အီစတာပွဲတော်၊ အမေများနေ့၊ ချစ်သူများနေ့ စသော နေ့ထူးနေ့မြတ်များတွင် အများဆုံး အသုံးပြုသော ပန်းဖြစ်သည်။

Rosa gallica Evêque, painted by Redouté

နှင်းဆီမျိုးအချို့၏ မူရင်းဒေသမှာ တရုတ်ပြည်နှင့် ဂျပန်ပြည်ဖြစ်ပြီး မျိုးပေါင်းနှစ်ရာကျော်ခန့်သည် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် မူရင်းအဖြစ် ပေါက်ကြသည်။ နှင်းဆီ၏ သက်တမ်းသည် လူသားများထက် ရှေးပိုကျကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းများအရ ခန့်မှန်းသိရှိရသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀-ကျော်မှ နှင်းဆီ၏ ပင်စည်အစိတ်အပိုင်းနှင့် ဆူးများ၊ အရွက်များကို ရုပ်ကြွင်းအဖြစ် တွေ့ရှိခဲ့ကြသည်။ ရှေးဟောင်းလူများ၏ ကဗျာများ၊ တေးဂီတများနှင့် ရှေးဟောင်း ဒဏ္ဍာရီ သမိုင်းများတွင် နှင်းဆီနှင့် ပတ်သက်သော အကြောင်းအရာများ ပါရှိခဲ့သည်။ ထိုခေတ်တွင် နှင်းဆီကို အနုပညာ လက်ရာများ၊ ကျောက်မျက်ရတနာများ၊ အိုးများနှင့် ပန်းအလှထိုးခြင်း လုပ်ငန်းများတွင် ဒီဇိုင်းလက်ရာများအဖြစ် တွေ့ကြရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာညိုညို(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်) ရေး၊ အောင်မြင်သော နှင်းဆီစိုက်ပျိုးရေး စာအုပ်မှ၊ စာ-၁၊ ၂၀၁၆၊ ဒီဇင်ဘာ (တတိယအကြိမ်)