နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (အင်္ဂလိပ်: Spring Revolution Alliance - SRA) သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်တော်လှန်ရေး တပ်ပေါင်းစုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၈]ဤတပ်ပေါင်းစုသည်၂၀၂၁ ခုနှစ် နောက်ပိုင်း ပြည်သူ့ခုခံတော်လှန်စစ် ၅ နှစ်နီးပါးအတွင်း လက်နက်ကိုင်တပ် ကြီးကြီးမားမား စုဖွဲ့မှု တစ်ခု ဖြစ်သည်။
၂၀၂၅ ခုနှစ် မေလတွင် အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များသည် စစ်ရေးဆိုင်ရာ ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စနစ်များကို ပြုပြင်ပြောင်းလဲရန် စစ်ရေးမဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းရန် စတင်ခဲ့ကြသည်။ ထို့နောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် စုစုပေါင်း အဖွဲ့ ၁၄ ဖွဲ့ဖြင့် ပဏာမ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့သော ညီလာခံအပြီးတွင် စုစုပေါင်း အဖွဲ့ ၁၉ ဖွဲ့ဖြင့် မဟာမိတ်အဖွဲ့ကို တရားဝင် ဖွဲ့စည်းခဲ့သည်။[၉]
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုသည် အမျိုးသားညီညွတ်ရေး အစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိမနေသော်လည်း၊ NUG က အဆိုပါ မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာမှုကို ကြိုဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။
နောက်ခံသမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ယင်းကို ဆန္ဒပြခြင်းနည်းလမ်းအပြင်၊လက်နက်ကိုင်ဆန့်ကျင်တော်လှန်သည့် နည်းလမ်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့ကြသည်။ဤတွင် နယ်မြေပေါင်းစုံ၌ လက်နက်ကိုင်အစုအဖွဲ့များ အသီးသီးပေါ်ထွက်လာခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ မေလတွင် ခိုင်မာကျယ်ပြန့်သည့် နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့သည် စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။[၁၀]
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမအပတ်တွင် တော်လှန်ရေးတပ်ဖွဲ့ (၁၄) ဖွဲ့သည် ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့ကြပြီးနောက်၊အခြားသော အဖွဲ့များကို ဖိတ်ခေါ်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် တွင် ၃ရက်ကြာမြင့်သည့် တပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပကြသည်။
ထိုညီလာခံတွင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance - - SRA)ကို အဖွဲ့ဝင်တပ်ဖွဲ့ (၁၉) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။
ထိုသို့ဖွဲ့စည်းပြီးကြောင်းအား ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၁၅ ရက် တွင် တရားဝင်ထုတ်ပြန်ကြေညာကြသည်။[၁၁]
ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်](၁) ခွန်းဘီးဒူ
(၂) မင်းဟန်ထက်
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]| အမှတ်စဉ် | အလံ | အဖွဲ့အမည် | မှတ်ချက် |
|---|---|---|---|
| ၁ | ချင်းညီနောင် (CB) | ||
| ၂ | ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) | ||
| ၃ | ကျောင်းသားလက်ရုံးတပ်တော် (SAF) | ||
| ၄ | ယောတပ်တော် (YA) | ||
| ၅ | ယောကာကွယ်ရေးတပ် (YDF) | ||
| ၆ | Force Federal Democracy (FFD) | ||
| ၇ | ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်/Generation Z Army (GZA) | ||
| ၈ | ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) | ||
| ၉ | ကလေးဒေသတော်လှန်ရေးတပ် (KRF) | ||
| ၁၀ | မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) | ||
| ၁၁ | 96 Soldiers PDF - အညာဒေသတပ် | ||
| ၁၂ | ဗမာ့တပ်တော် (BA) | ||
| ၁၃ | ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) | ||
| ၁၄ | ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) | ||
| ၁၅ | မွန်ပြည်တော်လှန်ရေးတပ် (MSRF) | ||
| ၁၆ | ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) | ||
| ၁၇ | ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PPDF-KD) | ||
| ၁၈ | စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF) |
| အမှတ်စဉ် | အလံ | အဖွဲ့အမည် | မှတ်ချက် |
|---|---|---|---|
| ၁ | အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) | ၂၀၂၆ မတ် ၂၀ တွင် နုတ်ထွက် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ SRA က NUG နဲ့ စင်ပြိုင်မဟုတ်ပါဘူး (ရုပ်/သံ) . The Irrawaddy. December 16, 2025
- ↑ "ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်" (in my)၊ ခေတ်သစ်မီဒီယာ၊ December 16, 2025။
- ↑ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်း. People's Spring. December 16, 2025.
- ↑ 19 revolutionary forces establish Spring Revolution Alliance. December 16, 2025. Narinjara News.
- ↑ SRA တပ်ပေါင်းစုရဲ့ လှုပ်ရှားမှုများကို ဦးဆောင်ကော်မတီက ကွပ်ကဲဆောင်ရွက်မယ်. BBC Burmese. December 16, 2025.
- ↑ တရုတ်ဖိအားကို လွန်ဆန်နိုင်မည့် နွေဦးတော်လှန်ရေး SRA တပ်ပေါင်းစု. Myanmar Now. January 16, 2026. Kyaw Zin Win.
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.Pyusawhti militia။ January 15, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Myanmar’s ‘fragmentation’ is a myth—and China’s greatest asset။ Asia Times (16 December 2025)။ 16 December 2025 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2025-12-16)။ ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် - CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည် (in en-US)။ 2025-12-16 တွင် ပြန်စစ်ပြီး။
- ↑ တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ပါဝင်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း။ DVB (၁၆ ဒီဇင်ဘာ ၂၀၂၅)။ ၁၆ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ SRA တပ်ပေါင်းစုက တရုတ်ဖိအားကို ခုခံနိုင်ရေးလား။ BBC (၁၆ ဒီဇင်ဘာ ၂၀၂၅)။ ၁၆ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။