နံပဲဖြူပေါ်လာထွန်း၍

ဝီကီပီးဒီးယား မှ

နံပဲဖြူပေါ်လာထွန်း၍ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

နံပဲဖြူပေါ်လာထွန်း၍[ပြင်ဆင်ရန်]

သောသတ္တာ အဋ္ဌာကြုံ၍၊ နဝါကုန် နှစ်ကိုဆိုက်အောင်ပ၊ ဆူလှိုက်ကာ ကမ္ဘာလည်သည့်နှယ်၊ မြန်မာပြည်လူတသင်းရယ်တို့၊ ပူပြင်းကာမနေရသည့်ပြင်၊ မြို့ပြပါကြေးငွေရယ်နှင့်၊ ဆွေးဗိုလ်ထုမသက်သာ။

သက္ကရာဇ်ကူးတွင်မှ၊ နှစ်ဦးအတာခေါ်တော့၊ အလောင်းတော်မဟာသမတငယ်တို့၊ ရာဇရာဇိန္ဒာဟု၊ လာချိန်ခါအမှန်နီးပြီမို့၊ ကြယ်ကြီးတွေ ဂြိုဟ်တာရာတို့၊ ဗဟိုအဇဋာမှာ၊ စိုဖြာလို့လင်းကြတယ်၊ ဝင်းတောက်ရှိန်ဝါ။

နိမိတ်ထူးပုံက၊ ဟိတ်ကြူးကာ ဘွေယံအဇဋာ၌၊ ငွေစန္ဒာစန်းယုန်မင်း တို့ကြွက်မင်းဥဏ္ဏဂူနှင့်၊ ပုံအတူလာ၍ထပ်ပြန်တော့၊ စွန်းဒသ ဤအခါ၊ ပြည်ရွာကငြိမ်း။

သမိုင်းမှတ်ပုံက၊ တိုင်းရပ်မှာဘုရင်တို့၊ ကမ္ဘာတွင်အနိုင်လုကြတော့၊ ဘယ်သူ့ဘယ်အနေနှင့်၊ ဘယ်ပြေဘယ်သူကအုပ်မည်လို့၊ သရုပ်အမှန်ယူရလျှင်၊ နံပဲဖြူပေါ်လာထွန်းသော်ကြောင့်၊ စနေဂြိုဟ်နေခိုတဲ့ ကျွန်းပေမို့၊ နဂါးမြွေကိုဖားတွေက လွှမ်းပေလိမ့်၊ ပြွန်းတသိုက်ထွေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ သောသတ္တာအဋ္ဌာ = ၆၊ ၇၊ ၈ ခုနှစ်များ။

၂။ နဝါ = ၉ ခုနှစ်။

၃။ အဇဋာ = ကောင်းကင်။

၄။ စန္ဒာစန်းယုန် = ယုန်တံဆိပ်ရှိသောလမင်း၊ တနင်္လာဂြိုဟ်။

၅။ ကြွက်မင်း = ကြာသတေးဂြိုဟ်။

၆။ ဥဏ္ဏဂူ = တနင်္ဂနွေဂြိုဟ်၊ နေ။

၇။ စွန်းဒသ = ဆယ်ခုစွန်းသောနှစ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။