မာတိကာသို့ ခုန်သွားရန်

နဲအိရှိတောင်

ဝီကီပီးဒီးယား မှ
နဲအိရှိတောင်
根石岳
ဟိဂရှိတန်းဂူးတောင်မှ မြင်ရသည့် နဲအိရှိတောင်
အမြင့်ဆုံးအမှတ်
အမြင့်၂,၆၀၃ m (၈,၅၄၀ ft)
စာရင်းသွင်းခြင်းList of mountains and hills of Japan by height
ကိုဩဒိနိတ်36°00′56″N 138°21′37″E / 36.01556°N 138.36028°E / 36.01556; 138.36028ကိုဩဒိနိတ်: 36°00′56″N 138°21′37″E / 36.01556°N 138.36028°E / 36.01556; 138.36028
အမည်ပေးခြင်း
ဘာသာစကားJapanese
အသံထွက်ja
ပထဝီဝင်
တည်နေရာOn the border of Chino and Koumi of Nagano in Japan
ပင်မတောင်တန်းNorthern Yatsugatake Volcanic Group
ဘူမိဗေဒ
တောင်အမျိုးအစားStratovolcano

နဲအိရှိတောင် (根石岳, Neishi-dake) သည် ဂျပန်နိုင်ငံ၊ နဂနိုစီရင်စု၊ ခိုအုမိမြို့နှင့် ချိနိုမြို့တို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည်။ အမြင့် ၂၆၀၃ မီတာ ရှိသည်။ ဤတောင်သည် မြောက်ပိုင်းယဆွတ်ဂတခဲတောင်အုပ်စုတွင် ပါဝင်သည်။

အကြောင်းအရာ

[ပြင်ဆင်ရန်]

နဲအိရှိတောင်သည် မီးတောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် "ယဆွတ်ဂတဲ - ချူးရှင်းခိုးဂန်းအမျိုးသားဥယျာဉ်နယ်မြေ" ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ မြောက်ဘက်ပိုင်းတွင် ဟိဂရှိတန်းဂုတောင် ရှိသည်။ ဟိဂရှိတန်းဂုသည် ယဆွတ်ဂတခဲတောင်တန်း၏ အဓိကလမ်းကြောင်းပေါ်တွင် တည်ရှိပြီး အမြင့် ၂၆၀၃ မီတာ (၈၅၄၀ ပေ) ရှိသည်။ အနောက်မြောက်ဘက်ပိုင်းတွင်ပင် နိရှိတန်းဂုတောင် (အမြင့် - ၂၆၄၆ မီတာ, ၈၆၈၁ ပေ) လည်း ရှိသည်။ ရှိဘုနိုယု (渋の湯) မှ တခယာမတောင်တက်လမ်း (中山峠, Nakayama tōge) သို့ သွားရပြီး၊ ထိုမှတဆင့် ဟိဂရှိတန်းဂုတောင်မှတဆင့် နဲအိရှိတောင်သို့ သွားရောက်ရသည့် တောင်တက်လမ်းလည်း ရှိသည်။ ထို့အပြင် အရှေ့ဘက်ရှိ ဟွန်းဇဝအွန်းဆန်း သို့ ဦးတည်သွားရသည့် လမ်ကြောလည်း ရှိသည်။ ဟွန်းဇဝအွန်းဆန်း (本沢温泉) သည် ဟိဂရှိတန်းဂုတောင်နှင့် နဲအိရှိတောင်တို့အကြားတွင် တည်ရှိသည်။

တောင်ဘက်တွင် မိခဘုရိတောင် (箕冠山) (၂၅၉၀ မီတာ/ ၈၄၉၇ ပေ)၊ နဆွတ်ဆဝတောင်တက်လမ်း (夏沢峠, Natsu sawa tōge) (၂၄၂၃ မီတာ/ ၇၉၄၉ ပေ) ၊ အိအိုးတောင် (၂၇၆၀၃ မီတာ၊ ၉၀၅၆၁ ပေ) စသည့်တောင်များ ရှိသည်။ တောင်ပေါ်နားနေရန်တဲဖြစ်သည့် နဲအိရှိဆန်ဆို (根石山荘, Neishi Sansō) သည် တောင်ဘက်တွင် ရှိသည်။ တောင်ထိပ်မှ သွားမည်ဆိုပါက ၁၅ မိနစ်ကြာမြင့်သည်။ ဤတောင်ပေါ်တဲသည် ဧပြီလမှ နိုဝင်ဘာလအထိ ဖွင့်လှစ်သည်။ ယဆွတ်ဂတခဲတောင်အုပ်စု၏ အဓိကကန့်လန့်ဖြတ်လမ်းမသည် နဲအိရှိတောင်ထိပ်ကို ဖြတ်သန်းကာ တည်ရှိသည်။

သွားရောက်မှု

[ပြင်ဆင်ရန်]

ရုပ်ပုံ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]