မာတိကာသို့ ခုန်သွားရန်

နောင်ကျော်

ဝီကီပီးဒီးယား မှ
နောင်ကျော်
မွေးဖွားဌေးသိန်း
(၁၉၅၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၈)မေ ၈၊ ၁၉၅၇
ဒေါပုံမြို့နယ်ရန်ကုန်မြို့
ကွယ်လွန်ဩဂုတ် ၂၁၊ ၂၀၂၅(၂၀၂၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၂၁) (အသက် ၆၈)
ဒေါပုံမြို့နယ်ရန်ကုန်မြို့
အလုပ်အကိုင်ကျောင်းဆရာ၊ စာရေးဆရာ
နိုင်ငံသား မြန်မာ
မိဘဦးညွန့်မောင် နှင့် ဒေါ်ခင်သိန်း
ကိုးကွယ်မှုအစ္စလာမ် ဘာသာ

နောင်ကျော် (၈ မေ ၁၉၅၇ - ၂၁ ဩဂုတ် ၂၀၂၅) သည် မြန်မာစာရေးဆရာ၊ကဗျာဆရာ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။တက္ကသိုလ် သူပုန်ကျောင်းဆရာ ဟုလည်း စာရေးဆရာလောက၌ အမည်ထင်ရှားသည်။လက်ဝဲစာပေ ကို လက်ခံပြီး၊ ဗကပခေါင်းဆောင်ကလာပ်စည်း (ဗမာပြည်ကွန်မြုနစ်ပါတီ)ဆိုသည့် စွပ်စွဲချက်ဖြင့် ၁၉၈၉ ခုနှစ် တွင် ထောင်အနှစ် (၂၀) ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

၁၉၅၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ဒေါပုံမြို့နယ် ၌ စာရေးဆရာ နောင်ကျော်ကို အဘ ဦးညွန့် မောင်၊ အမိ ဒေါ်ခင်သိန်းတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ငါးဦးအနက် ဒုတိယမြောက်သားဖြစ်ပြီး၊အမည်အရင်းမှာ ဌေးသိန်း ဖြစ်သည်။

ပညာရေး

[ပြင်ဆင်ရန်]

ဒေါပုံမြို့၊အထက်တန်းကျောင်း တွင် အခြေခံပညာများ ဆည်းပူးခဲ့ပြီး၊ထိုမှ ဆယ်တန်း အောင်မြင်ကာ ၁၉၇၆ ခုနှစ်တွင် ဒေသကောလိပ်(၁)၌ ဒုတိယနှစ်အထိ လူထု ဆက်သွယ်ရေးပညာ အထူးပြုတက်ရောက်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၌ မြန်မာစာ အထူးပြု ဘာသာရပ်ဖြင့် တတိယနှစ် သင်တန်း စတင် တက်ရောက်ပြီး ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန တွင် မဟာဝိဇ္ဇာတန်း ဆက်လက် သင်ယူခဲ့သည်။ဆရာမောင်သာချို ၊ ကဗျာဆရာ ဇောင်းထက် တို့ နှင့် ကျောင်းနေဘက်သူငယ်ချင်းများ ဖြစ်ကြသည်။၁၉၈၈ ခုနှစ်တွင် “ကြည်အောင်၏ ကဗျာများ လေ့လာချက်” ကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိ ခဲ့သည်။

ဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၁၉၈၄ ခုနှစ် တွင် စာရေးဆရာ နောင်ကျော် သည် ရန်ကုန်တက္ကသိုလ်၊မြန်မာစာဌာန တွင် အချိန်ပိုင်းနည်းပြ အဖြစ် တက္ကသိုလ်ဆရာဘဝကို စတင်ခဲ့သည်။

၁၉၈၆ ခုနှစ် တွင် ရန်ကုန် တက္ကသိုလ်၊ မြန်မာစာဌာန၌ နည်းပြ စတင် ခန့်အပ်ခံခဲ့ရသည်။[]

ယင်းမတိုင်မီ ၁၉၇၆ ခုနှစ် တွင် ဒေသကောလိပ်(၁)၊ ဒုတိယနှစ် တက်ရောက်နေစဉ် မြန်မာ့အလင်း သတင်းစာတိုက်တွင် သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

စာရေးဆရာ၊ကဗျာဆရာဘဝ

[ပြင်ဆင်ရန်]

၁၉၇၆-၇၇ ပညာသင်နှစ်၊ ဒေသကောလိပ် အမှတ် (၁) နှစ်ပတ်လည် မဂ္ဂဇင်း တွင် “အဆိပ်ကောင်”အမည်ရှိ စာပေဖြင့် စာရေးဆရာလောကထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။

၁၉၈၂ ခုနှစ် နောက်ပိုင်းကစ၍ “တပြုံလုံး လေလွင့်ခြင်း”၊ “တခိုင်လုံးရွှေ”စသည့် စုပေါင်း လက်ရေးကဗျာ စာအုပ်များထုတ်ဝေခဲ့ပြီး၊ကဗျာဆရာတစ်ဦး ဖြစ်လာခဲ့သည်။

ထောင်မှ ထွက်လာပြီးနောက် ၎င်းရေးသားခဲ့သည့် "တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့" စာအုပ်မှာ ထင်ရှားခဲ့သည်။

ရရှိသောဆုများ

[ပြင်ဆင်ရန်]

၂၀၁၀ ပြည့်နှစ် တွင် ကျွန်တော်နှင့်အလှူခံများ ရသစာတမ်းဖြင့် ပဉ္စမအကြိမ်မြောက် ရွှေအမြုတေ စာပေ ဆု ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် “လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း” စာအုပ်ဖြင့် တော်ကလေးဘုရားစာပေဆု ရရှိခဲ့သည်။

ထောင်ကျခံရခြင်း

[ပြင်ဆင်ရန်]

၈၈၈၈ အရေးတော်ပုံ ကာလတွင် စာရေးဆရာ နောင်ကျော် သည် တက္ကသိုလ်ဆရာတစ်ဦးအနေဖြင့် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၉ခုနှစ် တွင် ဖမ်းဆီးခံရပြီး၊ လက်ဝဲစာပေ ကို လေ့လာဖတ်ရှုခဲ့သူ၊ဗကပအယူအဆကို လက်ခံယုံကြည်သူ၊ ဗကပခေါင်းဆောင်ကလာပ်စည်း (ဗမာပြည်ကွန်မြုနစ်ပါတီ) ဆိုသည့် စွပ်စွဲ ချက်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ဤသို့ဖြင့် ၎င်းသည် ပုဒ်မ ၅(ည)၊ ၁၇ (၂) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကပြုလုပ်ခဲ့သည့် ဗကပယူဂျီတို့၏ နိုင်ငံတော်အာဏာသိမ်းရန် ကြိုးစားမှုများ သတင်းစာရှင်းလင်းပွဲ တွင် သူ၏ စစ်ဆန့်ကျင်ရေး အကြောင်းသည် ဖော်ထုတ်ပြောဆိုပုံနှိပ်ခြင်းခံခဲ့ရသည်။

စာရေးဆရာနောင်ကျော် သည် အကျဉ်းထောင် ထဲတွင် ၁၄ နှစ်နီးပါးကြာ ဖမ်းဆီး ထိန်းသိမ်းခံရပြီး နောက် ၂၀၀၃ ခုနှစ်၊ ဧပြီလကုန်တွင် မန္တလေး အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခဲ့သည်။


ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ဩဂုတ် ၂၁ ရက် မနက် ၅ နာရီ တွင် ရန်ကုန်မြို့၊ဒေါပုံမြို့နယ် ရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဆရာနောင်ကျော် ဘာတွေပြောခဲ့သလဲ DVB (၂၂ ဩဂုတ် ၂၀၂၅)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာနောင်ကျော် ကွယ်လွန်၊ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်မည် ဧရာတိုင်းမ် (၂၁ ဩဂုတ် ၂၀၂၅)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။