မာတိကာသို့ ခုန်သွားရန်

နေယျပုဂ္ဂိုလ်

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘာသာ ကျမ်းဂန်များအရ မြတ်စွာဘုရား၏ တရားတော်များကို နာကြားခြင်းဖြင့် သစ္စာလေးပါးကို သိမြင်နိုင်သော ပုဂ္ဂိုလ် (၄)မျိုးတွင် တတိယအမျိုးအစားမှာ နေယျပုဂ္ဂိုလ် ဖြစ်သည်။ နေယျပုဂ္ဂို် [] ဟူသည် "တရားတော်ကို အရဆောင်၍ ကျင့်သူ၊ ကျွတ်ထိုက်သူ" ဟု အဓိပ္ပါယ်ရသည်။

အဓိပ္ပါယ်နှင့် လက္ခဏာ

နေယျပုဂ္ဂိုလ်တို့သည် ဥဂ္ဃဋိတညူပုဂ္ဂိုလ်နှင့် ဝိပဉ္စိတညူပုဂ္ဂိုလ်တို့ကဲ့သို့ တရားနာရုံမျှဖြင့် ချက်ချင်း ကျွတ်တမ်းဝင်နိုင်သော ပုဂ္ဂိုလ်မျိုး မဟုတ်ကြပေ။ ထိုပုဂ္ဂိုလ်များသည် တရားတော်ကို နာယူပြီးသည့်အခါ နာယူရရှိထားသော တရားတော်များကို ကျကျနန မှတ်သား ဆောင်ထားရသည်။ ထို့နောက် ထိုတရားတော်များအတိုင်း လက်တွေ့ ကျင့်ကြံအားထုတ်ရသည်။

ဤသို့ တရားတော်ကို နာယူမှတ်သားပြီး လက်တွေ့ ကျင့်ကြံလိုက်သည့်အခါမှသာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ကျွတ်တမ်းဝင်နိုင်သော သူတော်ကောင်းများကို နေယျပုဂ္ဂိုလ်ဟု ခေါ်ပါသည်။

နေယျပုဂ္ဂိုလ်တို့၏ သဘောမှာ သီလသမာဓိပညာဆိုသော သိက္ခာသုံးရပ် အကျင့်မြတ်ကို အစဉ်အတိုင်း စနစ်တကျ ကျင့်ကြံအားထုတ်ရန် လိုအပ်သည်။

မိမိကိုယ်ကို ဆန်းစစ်ခြင်း

မိမိသည် မည်သည့် ပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်သည်ကို မိမိကိုယ်တိုင် ဆန်းစစ်နိုင်ပါသည်။ တရားတော်များကို အကြိမ်များစွာ နာကြားဖူးသော်လည်း တရားနာရုံမျှဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မရရှိသေးပါက မိမိသည် လက်တွေ့ ကျင့်ကြံအားထုတ်ရန် လိုအပ်သည့် နေယျပုဂ္ဂိုလ် စာရင်းတွင် ပါဝင်နေပြီဟု နားလည်နိုင်ပါသည်။ ထို့ကြောင့် နေယျပုဂ္ဂိုလ်တို့သည် သီလ၊ သမာဓိ၊ ပညာ အကျင့်များကို စနစ်တကျ အားထုတ်ခြင်းဖြင့် ကျွတ်တမ်းဝင်နိုင်ရေးကို ကြိုးစားကြရသည်။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. နေယျပုဂ္ဂလ (ပု) [နေယျ + ပုဂ္ဂလ] နေယျ-ပုဂ္ဂိုလ် (တရားတော်ကို အရဆောင်၍ ကျင့်သူ၊ ကျွတ်ထိုက်သူ)။ သဗ္ဗမ္ပိ စေတံ မဇ္ဈိမသေဝ နေယျပုဂ္ဂလဿ ဝသေန ဝုတ္တံ။ မ၊ဋ္ဌ၊၁၊၃၀၅။ (မ၊ဋ္ဌ၊၃၊၈၀၊ ၂၀၃၊ ၂၄၀။ သံ၊ဋ္ဌ၊၃၊၅၂၊ ၁၂၁။ ပဋိသံ၊ဋ္ဌ၊၂၊၂၅၄။ မ၊ဋီ၊၃၊၈၃။ သံ၊ဋီ၊၂၊၃၆၀။ နေတ္တိ၊ဝိ၊၂၇၃။)
  2. ဖားအောက်တောရဆရာတော် သံအိမ်စံမင်းသား