နေပြည်တော် ဘူတာကြီး

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 19°51′0″N 96°11′46″E / 19.85000°N 96.19611°E / 19.85000; 96.19611

Naypyidaw Station

နေပြည်တော်ဘူတာ
မြန်မာ့မီးရထား
တည်နေရာနေပြည်တော်
မြန်မာနိုင်ငံ
ရထားလိုင်း(များ)ရန်ကုန်-မန္တလေး ရထားလမ်း
သမိုင်းကြောင်း
ဖွင့်ခဲ့ဇူလိုင် ၅၊ ၂၀၀၉ (၂၀၀၉-၀၇-၀၅)

နေပြည်တော် ဘူတာကြီးသည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံးဘူတာရုံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၆,၀၀၀ စတုရန်းပေ (3,300 m2) ကျယ်ဝန်းပါသည်။ ရွာတော်နှင့် ကျည်တောင်ကန်ဘူတာကြား မိုင်တိုင် အမှတ် ၂၃၃/၀ တွင် တည်ဆောက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ [၁] ရထားလမ်းဆုံအချက်အချာ ဘူတာကြီးတစ်ခုဖြစ်ကာ နေပြည်တော်ဘူတာမှ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပုဂံ၊ မကွေး၊ ပခုက္ကူ၊ ရွှေညောင်၊ တောင်ကြီး နှင့် လွိုင်ကော်မြို့များသို့ ရထားလမ်းချိတ်ဆက်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Maung Maung Myint Swe။ "New railway station reflects dignity of Nay Pyi Taw"၊ Global New Light of Myanmar၊ 2009-11-24၊ pp. 1, 7။