နုတ်ခမ်းအရောင်တင်ဆီ

ဝီကီပီးဒီးယား မှ

မိန်းကလေးများ အသုံးပြုကြတဲ့ lip gloss တွေကို အလှကုန်ပစ္စည်း ကြော်ငြာတွေမှာ စွဲမက်ဖွယ် အရောင်အသွေးတွေနဲ့ လိုချင်မက်မောဖွယ် တွေ့နေရပါတယ်။

သုတေသန လေ့လာချက်များအရ နှုတ်ခမ်းသားကို တောက်ပစေတဲ့ lip balm တွေနဲ့ lip gloss တွေဟာ နှုတ်ခမ်းသားကို ကင်ဆာရောဂါဖြစ်ပွား စေဖို့ အားပေး အားမြှောက်ပြုပါတယ် လို့ သိရပါတယ်။ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို ပိုမို ထိုးဖောက် ဝင်ရောက်စေနိုင်တဲ့အတွက် ကင်ဆာရောဂါဖြစ်စေနိုင်တာဖြစ်ပါတယ်။ တောက်ပအောင်၊ အလင်းပြန်အောင် ပြုလုပ်ထားတဲ့အတွက် lip gloss တွေဟာ နေရောင် အပူကိုစုပ်ယူပါတယ်။


ခြောက်သွေ့တဲ့ အရေပြားပေါ်ကို နေအလင်းရောင်ခြည် ကျရောက်လျှင် နေရောင်ခြည်က ပြန့်ကားသွားပေမယ့် တောက်ပအောင် သုံးထားတဲ့အခါမှာ ချောမွေ့ကောင်းမွန်တဲ့အရေပြားဟာ ရူပဗေဒ သီအိုရီအရ ရောင်ခြည်တွေကို စုပ်ယူပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီး ၂၅ ရာခိုင်နှုန်းခန့်က နေရောင်ခြည်ကို ကာကွယ်တဲ့ lip balm တွေကို သုံးနေပါတယ်။ နှုတ်ခမ်းကင်ဆာရောဂါဟာ သေစေနိုင်လောက်တဲ့ ရောဂါ မဟုတ်ပေမယ့် လည်း လူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အစဦးတည်းက ကုသမှု မရှိဘူးဆိုရင် ပါးစပ်အတွင်းမှာ ကင်ဆာရောဂါ ပြန့်နှံ့သွားပြီး နှုတ်ခမ်းမူလ အလှပုံသဏ္ဌာန်ကို ပျက်ယွင်းစေမယ့် ခွဲစိတ်ကုသမှုများကို ခံယူရတော့မှာ ဖြစ်ပါတယ်။


နှုတ်ခမ်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေမှာ နှုတ်ခမ်းကွဲပြီး ဖြူခြင်း ၊ ကုသလို့မရတဲ့ အဖတ် အဖတ်များ ထွက်လာခြင်း ၊ နှုတ်ခမ်းသား ထူလာခြင်း ၊ သွေးထွက်ပြီး နာကျင်ခြင်းတို့ ပါဝင်ပါတယ်။


နံနက်ခင်းမှာ SPF 15 (Sun Protection Factor 15) နဲ့ အထက် ရှိတဲ့ နေရောင် ကာကွယ်တဲ့ lip gloss များကို သုံးသင့်ပါတယ်လို့ အရေပြားအထူးကုဆရာဝန်များက အကြံပြုပါတယ်။ နှုတ်ခမ်းဆိုးဆေး သုံးသောအခါတွင်လည်း နေရောင် ကာကွယ်တဲ့ နှုတ်ခမ်းဆိုးဆေးများကို ရွေးချယ် သုံးစွဲသင့်တယ်လို့လည်း ဆိုပါတယ်။


ဒါပေမဲ့လည်း များသောအားဖြင့် နေရောင်ကာကွယ်မှု ပါတဲ့ အလှကုန်တွေမှာ ဓာတုဆေးများပါဝင်ပြီး ဟိုမုန်း ပျက်စီးခြင်း သို့မဟုတ် တိုင်တေနီယမ်အောက်ဆိုက် (titanium oxide) နဲ့ ဇင့်အောက်ဆိုက် (zinc oxide) တို့ ပါဝင်သော ထုတ်ကုန်များမှာ ပါဝင်တဲ့ nanoparticles များကိုဖြစ်စေပါတယ်။ ထိုမှ ဒီအန်အေ (DNA) ပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့အတွက် nanoparticles နဲ့ ဓာတုပစ္စည်းများ မပါဝင်တဲ့ နေရောင်ကာကွယ်တဲ့ SPF lip balm များကိုသာ အသုံးပြု သင့်ပါတယ်။