မာတိကာသို့ ခုန်သွားရန်

နီးဂတခရိုင်

ဝီကီပီးဒီးယား မှ
နီးဂတခရိုင်
新潟県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese新潟県
  RōmajiNiigata-ken
နီးဂတခရိုင်၏ အလံတော်
အလံတော်
နီးဂတခရိုင်၏ တရားဝင်လိုဂို
Emblem
အထိမ်းအမှတ်သီချင်း: Niigata kenminka
Location of နီးဂတခရိုင်
Country ဂျပန်
RegionChūbu (Kōshinetsu) (Hokuriku)
IslandHonshu
CapitalNiigata
SubdivisionsDistricts: 9, Municipalities: 30
အစိုးရ
  GovernorHideyo Hanazumi
ဧရိယာ
  စုစုပေါင်း၁၂၅၈၄.၁၈ စတုရန်းကီလိုမီတာ (၄၈၅၈.၇၈ စတုရန်းမိုင်)
ဧရိယာအဆင့်5th
လူဦးရေ (October 1, 2025)
  စုစုပေါင်း၂၀၇၁၀၆၆
  အဆင့်15th
  သိပ်သည်းမှု၁၆၀/km (၄၃၀/sq mi)
GDP[]
  TotalJP¥ 9,043 billion
US$ 66.8 billion (2022)
ISO 3166 ကုဒ်JP-15
ဝဘ်ဆိုက်pref.niigata.lg.jp

နီးဂတခရိုင် (新潟県, Niigata-ken) သည် ဂျပန်နိုင်ငံဟွန်းရှူးကျွန်းချူးဘုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ နီးဂတခရိုင်တွင် လူဦးရေ ၂,၀၇၁,၀၆၆ ဦးနေထိုင်သည်။ ခရိုင်သည် ဧရိယာ ၁၂,၅၈၄.၁၈ စတုရန်းကီလိုမီတာ (၄,၈၅၈.၇၈ စတုရန်းမိုင်) ရှိပြီး ဂျပန်နိုင်ငံတွင် ပဉ္စမမြောက်အကြီးဆုံး ဖြစ်သည်။ အနောက်တောင်ဘက်တွင် တိုယမခရိုင်နှင့် နဂနိုခရိုင်၊ တောင်ဘက်တွင် ဂွန်းမခရိုင်၊ အရှေ့ဘက်တွင် ဖုခုရှိမခရိုင်၊ အရှေ့မြောက်ဘက်တွင် ယမဂတခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

နီးဂတမြို့သည် ခရိုင်မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကမြို့များမှာ နဂအိုခမြို့၊ ဂျောအဲဆွတ်မြို့နှင့် ဆန်းဂျောမြို့တို့ ဖြစ်သည်။ နီးတဂခရိုင်သည် နီးဂတအဓိကမြို့ပြဧရိယာအတွင်းတွင် ပါဝင်သည်။ ဤမြို့ပြဧရိယာသည် နီးဂတမြို့ကို ဗဟိုပြုတည်ရှိပြီး လူဦးရေ ၁,၃၉၅,၆၁၂ ဦး နေထိုင်ကြသည်။ ဂျပန်ပင်လယ်ကမ်းရိုးတန်းဧရိယာတွင် အကြီးဆုံးမြို့ပြဧရိယာဖြစ်ပြီး ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၂ ခုမြောက်အကြီးဆုံး မြို့ပြဧရိယာ ဖြစ်သည်။ နီးဂတခရိုင်သည် သမိုင်းဝင် ဟိုခုရိခုဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဆဒိုကျွန်းသည် ဂျပန်နိုင်ငံ၏ ပင်မကျွန်းကြီးလေးခုနှင့် အိုခိနဝကျွန်းတို့ပြီးပါက ဆဋ္ဌမမြောက်အကြီးဆုံးကျွန်း ဖြစ်သည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

နီးဂတခရိုင်သည် ဂျပန်ပင်လယ်တလျှောက် အနောက်တောင်ဘက်မှ အရှေ့မြောက်ဘက်အထိ ၂၄၀ ကီလိုမီတာခန့် ရှည်လျားတည်ရှိသည်။ ခရိုင်သည် တောင်များနှင့် ပင်လယ်အကြားတွင် တည်ရှိနေသည့် ကမ်းရိုးတန်းလွင်ပြင် ဖြစ်သည်။ ခရိုင်တွင် ဆဒိုကျွန်းလည်း တည်ရှိသည်။ ပထဝီသွင်ပြင်အားဖြင့် ခရိုင်ကို လေးပိုင်းခွဲခြားထားသည်။ ၎င်းတို့မှာ တောင်ဘက်တွင် ဂျောအဲဆွတ်ဒေသ (上越)၊ အလယ်တွင် ချူးအဲဆွတ်ဒေသ (中越)၊ မြောက်ဘက်တွင် ခအဲဆွတ်ဒေသ (下越) နှင့် ဆဒိုကျွန်းတို့ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အရှည်ဆုံးဖြစ်သည့် ရှိနနိုမြစ်၏ မြစ်ဝသည် နီးဂတခရိုင်တွင် တည်ရှိသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အချက်အလက်အရ ခရိုင်မြေဧရိယာ၏ ၂၅ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့တွင် ဘန်းဒိုင်း - အဆဟိ၊ ချူးဘု - ဆန်းဂခု၊ နစ်ခိုး၊ အိုဇဲအမျိုးသားဥယျာဉ်များ၊ အဲချိဂေါ့ ဆန်းဇန်း - တဒမိနှင့် ဆဒို - ယဟိခို - ယောနဲယမအမျိုးသားဥယျာဉ်များနှင့် ခရိုင်အမျိုးသားဥယျာဉ် ၁၃ ခု တို့ ပါဝင်သည်။

မြို့များ

[ပြင်ဆင်ရန်]

နီးဂတခရိုင်တွင် မြို့ ၁၂ ခု ရှိသည်။ ၎င်းတို့မှာ -

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Agano 阿賀野市 192.74 41,204
Gosen 五泉市 351.91 48,458
Itoigawa 糸魚川市 746.24 41,333
Jōetsu 上越市 973.81 189,430
Kamo 加茂市 133.72 25,971
Kashiwazaki 柏崎市 442.03 81,836
Minamiuonuma 南魚沼市 584.55 55,354
Mitsuke 見附市 77.91 39,908
Murakami 村上市 1,174.26 58,300
Myōkō 妙高市 445.63 31,374
Nagaoka 長岡市 891.06 266,539
Niigata (capital) 新潟市 726.45 797,591
Ojiya 小千谷市 155.19 34,704
Sado 佐渡市 855.26 55,474
Sanjō 三条市 431.97 95,706
Shibata 新発田市 533.1 96,236
Tainai 胎内市 264.89 28,495
Tōkamachi 十日町市 590.39 53,333
Tsubame 燕市 110.96 77,382
Uonuma 魚沼市 946.76 35,027

မြို့ငယ်များနှင့် ရွာများ

[ပြင်ဆင်ရန်]

နီးဂတခရိုင်ရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများလည်း တည်ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ ဒေသ အမျိုးအစား မြေပုံ
ရိုမဂျိ ခန်းဂျိ
Aga 阿賀町 952.89 10,386 Higashikanbara District Town
Awashimaura 粟島浦村 9.78 353 Iwafune District Village
Izumozaki 出雲崎町 44.38 4,190 Santō District Town
Kariwa 刈羽村 26.27 4,578 Kariwa District Village
Seirō 聖籠町 37.58 14,025 Kitakanbara District Town
Sekikawa 関川村 299.61 5,291 Iwafune District Village
Tagami 田上町 31.71 11,481 Minamikanbara District Town
Tsunan 津南町 170.21 9,349 Nakauonuma District Town
Yahiko 弥彦村 25.17 7,824 Nishikanbara District Village
Yuzawa 湯沢町 357.29 7,926 Minami-Uonuma District Town

ဒေသပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

စိုက်ပျိုးရေး၊ သစ်နှင့် ငါးဖမ်းလုပ်ငန်း

[ပြင်ဆင်ရန်]
မိနမိအုအိုနုမမြို့ရှိ စပါးစိုက်ခင်းများ

နီးဂတခရိုင်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေး ဖြစ်သည်။ စပါးသည် အဓိကထွက်ကုန်ဖြစ်သည်။ ဂျပန်နိုင်ငံမှ ထွက်ရှိသည့် ဆန်များထဲတွင် နီးဂတခရိုင်မှ ထွက်သည့်ဆန်သည် ပထမအဆင့်ရှိသည်။ အုအိုနုမမြို့ပတ်ဝန်းကျင်ဧရိယာသည် "ခိုရှိဟိခရိ" အမည်ရှိသည့် ဆန်အမျိုးအစား ထွက်ရှိသည်။ ဤဆန်သည် ဂျပန်နိုင်ငံမှ ထွက်ရှိသည့်ဆန်များထဲတွင် အရည်အသွေးအကောင်းဆုံးဟု သတ်မှတ်ခြင်း ခံရသည်။

ဆန်နှင့်ဆက်စပ်သည့် လုပ်ငန်းများသည်လည်း ခရိုင်စီးပွားရေးအတွက် အလွန်အရေးပါသည်။ ခရိုင်သည် ဂျပန်နိုင်ငံ၏ အရည်အသွေးမြင့်ဆာကေး (အရက်)၊ ဆန်းဘဲ၊ မိုချိနှင့် အရရဲ ထွက်ရှိသဖြင့် ထင်ရှားသည်။ ဆာကေးထုတ်လုပ်မှုသည် ဂွန်းမခရိုင်နှင့် ကျိုတိုစီရင်စုတို့ပြီးပါက နီးဂတခရိုင်သည် တတိယအဆင့် ရှိသည်။

မိုင်းတွင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်း

[ပြင်ဆင်ရန်]
Ruins of Kitazawa Flotation Plant, ဆဒိုရွှေမိုင်းတွင်း

နီးဂတခရိုင်မှ ရေနံစိမ်း ထုတ်လုပ်သည်။ သို့သော် ဂျပန်နိုင်ငံသည် ရေနံဆီကို ပြည်ပမှတင်သွင်းမှုအပေါ်တွင် ကြီးမားစွာ မှီခိုနေရသည်။ နီဂတခရိုင်တွင် ဆောင်းရာသီကာလတွင် ခဲရိုဆဲနဲအပူပေးစက် (Kerosene) များကို အသုံးပြုကြသည်။

ဆဒိုကျွန်းရှိ ခင်းဇန်မြို့တွင်လည်း ရွှေမိုင်းတွင်းတစ်ခု ရှိခဲ့ဖူးပြီး ၁၉၈၉ ခုနှစ်တွင် ပိတ်သိမ်းသွားခဲ့သည်။

ဆန်းဂျောမြိုု့နှင့် ဆွတ်ဘမဲမြို့တို့တွင် ငွေထည်ပစ္စည်းများကို ထုတ်လုပ်သည်။ ဂျပန်တစ်နိုင်ငံလုံးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်း ရှိသည်။ ကတ်ကြေး၊ မီးဖိုချောင်သုံးဓား၊ လက်သည်းညှပ်နှင့် လုပ်ငန်းသုံးဂွများ ထုတ်လုပ်မှုသည် အိုဆာကာမြို့ပြီးပါက ဆန်းဂျောမြိုု့နှင့် ဆွတ်ဘမဲမြို့သည် ဒုတိယလိုက်သည်။

နီးဂတခရိုင်သည် ဂျပန်နိုင်ငံတွင် ပထမဆုံးသော ချည်ထိုးလုပ်ငန်း စတင်ခဲ့ရာဒေသလည်း ဖြစ်သည်။ သို့သော် အစောဆုံးထုတ်ကုန်များသည် တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။ ခရိုင်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခုရှိပြီး ထိုစက်ရုံသည် ကမ္ဘာပေါ်တွင် စွမ်းအင်ထုတ်လုပ်မှုအများဆုံး ဖြစ်ခဲ့သည်။ [ကိုးကားချက်လိုသည်]ထိုစက်ရုံသည် ခရိဝရွာတွင် တည်ရှိသည်။ ဖုခုရှိမဒိုင်းအိချိနျူကလီးယားကပ်ဘေးဖြစ်ခဲ့သည့်အတွက် စက်ရုံကို ပိတ်သိမ်းခဲ့သည်။[]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
နီးဂတခရိုင်၏ လူဦးရေပိရမစ်၊ ၂၀၂၀ ခုနှစ်
သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±% p.a.
1880၁၅၄၆၃၃၈    
1890၁၆၉၃၇၂၇+0.91%
1903၁၇၈၀၁၂၃+0.38%
1913၁၉၁၁၃၀၈+0.71%
1920၁၇၇၆၄၇၄−1.04%
1925၁၈၄၉၈၀၇+0.81%
1930၁၉၃၃၃၂၆+0.89%
1935၁၉၉၅၇၇၇+0.64%
1940၂၀၆၄၄၀၂+0.68%
1945၂၃၈၉၆၅၃+2.97%
1950၂၄၆၀၉၉၇+0.59%
1955၂၄၇၃၄၉၂+0.10%
1960၂၄၄၂၀၃၇−0.26%
1965၂၃၉၈၉၃၁−0.36%
1970၂၃၆၀၉၈၂−0.32%
1975၂၃၉၁၉၃၈+0.26%
1980၂၄၅၁၃၅၇+0.49%
1985၂၄၇၈၄၇၀+0.22%
1990၂၄၇၄၅၈၃−0.03%
1995၂၄၈၈၃၆၄+0.11%
2000၂၄၇၅၇၃၃−0.10%
2005၂၄၃၁၄၅၉−0.36%
2010၂၃၇၄၄၅၀−0.47%
2015၂၃၀၅၀၉၈−0.59%
2020၂၂၂၇၄၉၆−0.68%
source:[]

၂၀၂၀ ခုနှစ်လူဦးရေအချက်အလက်များအရ နီးဂတခရိုင်သည် ၁၅ ခုမြောက် လူဦးရေအထူထပ်ဆုံးခရိုင် ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အကြားတွင် ခရိုင်လူဦးရေသည် ၁၀၃,၀၀၀ ဦး ကျဆင်းသွားခဲ့သည်။ ဤပမာဏသည် ဟော့ကိုင်းဒိုး (၁၅၇,၀၀၀ ဦး) ပြီးနောက် ဒုတိယအများဆုံးပမာဏ ဖြစ်သည်။[]

ခရီးသွားလုပ်ငန်းနှင့် အားကစား

[ပြင်ဆင်ရန်]

နီးဂတခရိုင်၏ ခရီးသွားလုပ်ငန်းတွင် တောင်တန်းဒေသများတွင် နှင်းလျှောစီးခြင်းသည် အဓိကလုပ်ငန်း ဖြစ်သည်။ အထူးသဖြင့် မယောခိုးမြို့နှင့် ယဇဝစသည့်မြို့များတွင် ဖြစ်သည်။ ထို့အပြင် အွန်းဆန်း (ရေပူစမ်း) သည်လည်း ခရိုင်၏ ခရီးသွားလုပ်ငန်းထဲတွင် ပါဝင်သည်။ နီးဂတခရိုင်၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ဆဒိုကျွန်းသည်လည်း နအိုအဲဆွတ်မြို့နှင့် နီးဂတမြို့များမှ ဖယ်ရီဖြင့် သွားရောက်နိုင်သည်။

အားစကားကလပ်များတွင် Albirex Niigata, a J-League Division 1 Football Club, and Niigata Albirex BB, a BJ (Basketball Japan) စသည်တို့ ရှိကြသည်။

ပွဲတော်များ

[ပြင်ဆင်ရန်]
နဂအိုခပွဲတော် (မီးပန်းများနှင့်အတူ)
ချယ်ရီပွင့်ချိန် ညကာလနှင့် တဒခရဲတိုက်
  • Tokamachi Snow Festival- February
  • Murakami Taisai – July 6–7
  • Iwafune Taisai – October 18–19, in Murakami
  • Niigata Festival – August
  • Niigata General Dancing Event -September 21–25
  • Shirone Kite Festival – June
  • Sanjo Kite Festival – June
  • Nagaoka Festival (with fireworks) – August
  • Niigata Tanrei Sake-no-Jin – March
  • Echigo-Tsumari Festival – August and September (every third year)[]

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]
Transport Map of Niigata Prefecture
Red= Expressway, Green= Shinkansen, Black= Railway

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]
Niigata Station

မီးရထား

[ပြင်ဆင်ရန်]

ကားလမ်းများ

[ပြင်ဆင်ရန်]

အဝေးပြေးလမ်းများ

[ပြင်ဆင်ရန်]

နိုင်ငံအဆင့် အဝေးပြေးလမ်းများ

[ပြင်ဆင်ရန်]

ဆိပ်ကမ်းများ

[ပြင်ဆင်ရန်]
  • Iwafune Port in Murakami- Ferry route to Awashima
  • Naoetsu Port in Joetsu – Ferry route to Ogi
  • Niigata Port – Ferry route to Sado Island (Ryotsu),[] Tsuruga, Akita, Otaru and Tomakomai, with International Container hub port
  • Ogi Port – Ferry route to Naoetsu
  • Ryotsu Port – Ferry route to Niigata

လေဆိပ်များ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]