မာတိကာသို့ ခုန်သွားရန်

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်

ဝီကီပီးဒီးယား မှ
နီပေါနိုင်ငံ ၏ ဝန်ကြီးချုပ်
နီပေါနိုင်ငံ၏အမှတ်တံဆိပ်
နီပေါနိုင်ငံ၏အလံ
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဘာလန် ဒရာရှာ

၂၇ မတ် ၂၀၂၆ မှစ၍
ပုံစံ
  • သမ္မတ (ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်)
  • ဝန်ကြီးချုပ် (အစိုးရအဖွဲ့ အကြီးအကဲ)
လက်ရှိအခြေအနေကြားဖြတ်ယာယီအစိုးရ
အတိုကောက်PM
အဖွဲ့ဝင်နီပေါဝန်ကြီးများကောင်စီ
အစီရင်ခံရသူနီပေါနိုင်ငံ သမ္မတ
စံအိမ်ခတ္တမန္ဒုမြို့၊ဝန်ကြီးချုပ်နေအိမ် []
ရုံးတည်နေရာခတ္တမန္ဒုမြို့
အဆိုပြုသူဆန္ဒပြလူငယ်အင်အားစုများ
ခန့်အပ်သူနီပေါနိုင်ငံသမ္မတ
သက်တမ်း၅ နှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေနီပေါနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ
စတင်ထမ်းဆောင်သူBhimsen Thapa
ဖွဲ့စည်းခြင်း၁၈၀၆; ၂၂၀ နှစ် အကြာက (၁၈၀၆)
လက်ထောက်လက်ထောက် ယာယီဝန်ကြီးချုပ်
လစာ(information not provided)
ဝက်ဘ်ဆိုဒ်primeminister.gov.np

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ် သည် နီပေါနိုင်ငံ (Federal Democratic Republic of Nepal) ၏ အစိုးရခေါင်းဆောင် (Head of Government) ဖြစ်သည်။ဝန်ကြီးချုပ်သည် ဝန်ကြီးအဖွဲ့ (Council of Ministers) ကို ဦးဆောင်ကာ နိုင်ငံအတွင်း အကောင်အထည်ဖော်ရေး (executive function) နှင့် မူဝါဒသတ်မှတ်ရေး (policy-making) ဆောင်ရွက်ရသည်။လက်ရှိတွင် ယာယီအစိုးရအဖြစ် ယခင် တရားသူကြီးချုပ် ဆူရှီလာ ကာ့ရ်ကီ သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှစ၍ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

သမိုင်းနောက်ခံ

[ပြင်ဆင်ရန်]

နီပေါနိုင်ငံ ဝန်ကြီးချုပ်ရာထူးသည် အစပိုင်းတွင် ဗိုလ်ချုပ်များ၊ မင်းသားများအုပ်ချုပ်စဉ်ကာလအတွင်း နာမည်သာရှိခဲ့သည့် ရာထူးတစ်ခု ဖြစ်သည်။

၁၈ ရာစုတွင် ရှား မင်းဆက် အာဏာရပြီးနောက် ဝန်ကြီးချုပ်ရာထူးသည် ပိုမိုအရေးပါလာခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် လွတ်လပ်သော ပါလီမန် အုပ်ချုပ်မှု စတင်ဖွဲ့စည်းလာခဲ့သည်။ထိုအချိန်မှစ၍ ဝန်ကြီးချုပ်ရာထူးသည် နီပေါနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အဓိက အခန်းကဏ္ဍဖြစ်လာခဲ့သည်။

နီပေါနိုင်ငံသည် ဖက်ဒရယ် ဒီမိုကရေစီ သမ္မတနိုင်ငံ (Federal Democratic Republic) အဖြစ် ကြေညာပြီးနောက် ဝန်ကြီးချုပ်သည် အစိုးရခေါင်းဆောင် (head of government) အဖြစ် ဆောင်ရွက်ကာ တာဝန်အများကြီးကို ဆောင်ရွက်လာရသည်။ သမ္မတ (President) သည် တရားဝင်ခေါင်းဆောင် (ceremonial head of state) အဖြစ်သာ ဆောင်ရွက်ပြီး၊ အဓိက အစိုးရဆောင်ရွက်မှုများကို ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ (Council of Ministers) က လုပ်ဆောင်သည်။

အာဏာနှင့် တာဝန်များ

[ပြင်ဆင်ရန်]

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ် သည် အခြား သမ္မတနိုင်ငံများရှိ ဝန်ကြီးချုပ်များထက် ပိုမိုအရေးပါသည့် အခန်းကဏ္ဍရှိသည်။နီပေါဖွဲ့စည်းပုံအခြေခံဥပဒေ တွင် နိုင်ငံအကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ သမ္မတ အစား ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ အား ဆောင်ရွက်ခွင့် ပေးအပ်ထားကြသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. PM Deuba shifts to official residence in Baluwatar (19 June 2017)။ 26 March 2018 တွင် ပြန်စစ်ပြီး။