နီကိုးလပ်စ် မဒူရို
နီကိုးလပ်စ် မဒူရို Nicolás Maduro | |
|---|---|
မဒူရို ၂၀၂၃ | |
| ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတ | |
| တာဝန်သက်တမ်း ၁၉ ဧပြီ ၂၀၁၃ – ၃ ဇန်နဝါရီ ၂၀၂၆ | |
| ယခင်လူ | ဟူဂို ခါဗက်စ် (Hugo Chávez) |
| ဗင်နီဇွဲလား ညီညွတ်သော ဆိုရှယ်လစ်ပါတီ United Socialist Party of Venezuela ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၅ မတ် ၂၀၁၃ – ၃ ဇန်နဝါရီ ၂၀၂၆ | |
| ယခင်လူ | ဟူဂို ခါဗက်စ် (Hugo Chávez) |
| ဗင်နီဇွဲလားနိုင်ငံ၏ ဒုတိယသမ္မတ | |
| တာဝန်သက်တမ်း ၁၃ အောက်တိုဘာ ၂၀၁၂ – ၁၉ ဧပြီ ၂၀၁၃ | |
| ယခင်လူ | Elías Jaua |
| ဆက်ခံသူ | Jorge Arreaza |
| ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၉ ဩဂုတ် ၂၀၀၆ – ၁၃ အောက်တိုဘာ ၂၀၁၂ | |
| သမ္မတ | ဟူဂို ခါဗက်စ် (Hugo Chávez) |
| ယခင်လူ | Alí Rodríguez Araque |
| ဆက်ခံသူ | Elías Jaua |
| ဗင်နီဇွဲလာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၅ ဇန်နဝါရီ ၂၀၀၅ – ၇ ဩဂုတ် ၂၀၀၆ | |
| ယခင်လူ | Francisco Ameliach |
| ဆက်ခံသူ | Cilia Flores |
| ဗင်နီဇွဲလားအမျိုးသားလွှတ်တော် အမတ် | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၀၀ – ၇ ဩဂုတ် ၂၀၀၆ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | Nicolás Maduro Moros ၂၃ နိုဝင်ဘာ၊ ၁၉၆၂ ကာရာကက်စ်၊ဗင်နီဇွဲလား |
| နိုင်ငံရေးပါတီ | United Socialist Party of Venezuela (၂၀၀၇ - လက်ရှိ ) |
| ကြင်ဖော် | Adriana Guerra Angulo (ကွာရှင်း) Cilia Flores (လက်ရှိ) |
| သားသမီး | Nicolás Maduro Guerra |
| အလုပ်အကိုင် | နိုင်ငံရေးသမား |
| လက်မှတ် | |
နီကိုးလပ်စ် မဒူရို (စပိန်: Nicolás Maduro Moros)သည် ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတ ဟောင်းဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ၎င်းသည် ၂၀၀၀ပြည့်နှစ်မှစ၍ အမတ်အဖြစ်ရွေးချယ်တင်မြှောက်ခံရမှုမှတဆင့် နိုင်ငံရေးလောကထဲ ခြေချခဲ့သူဖြစ်သည်။၂၀၁၃ ခုနှစ်မှစတင်၍ ဗင်နီဇွဲလားသမ္မတအဖြစ် တာဝန်ယူခဲ့ ပြီး၊ယင်းမတိုင်မီက ဒုတိယသမ္မတတာဝန် နှင့် နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]ဘတ်စ်ကားမောင်းသူအဖြစ် အသက်မွေးခဲ့သည့် မဒူရိုသည် ၂၀၀၀ ပြည့်နှစ်တွင် ဗင်နီဇွဲလား အမျိုးသားလွှတ်တော်၌ အမတ်အဖြစ် အရွေးမခံရမီ အလုပ်သမားသမဂ္ဂခေါင်းဆောင်ဖြစ်ခဲ့သည်။[၁]
၎င်းသည် သမ္မတ ဟူဂို ခါဗက်စ်[၂] လက်ထက်တွင် ရာထူးများစွာဖြင့် ခန့်အပ်ခြင်းခံခဲ့ရပြီး၊အမြင့်ဆုံးအနေဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊၂၀၁၂ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဒုသမ္မတ အဖြစ် လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။[၃]
၂၀၁၃ ခုနှစ်၊မတ်လ ၅ ရက် တွင် သမ္မတ ဟူဂို ခါဗက်စ် ကွယ်လွန်သွားပြီးနောက်၊ မဒူရိုသည် သမ္မတရာထူးကို ဆက်ခံခဲ့သည်။[၄]
သမ္မတတာဝန်ထမ်းဆောင်ခြင်း
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့တွင် အထူးသမ္မတရွေးကောက်ပွဲကျင်းပခဲ့ပြီး၊ထိုကျင်းပပွဲ၌ မဒူရိုသည် ဗင်နီဇွဲလား ညီညွတ်သော ဆိုရှယ်လစ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် မဲရလဒ် ၅၀.၆၂ ရာခိုင်နှုန်းကျော်ရရှိခဲ့ကာ အနိုင်ရသူအဖြစ် ကြေညာခံခဲ့ရသည်။ဤသို့ဖြင့် ၎င်းသည် ဗင်နီဇွဲလားကို အာဏာရပါတီ၏ ဥပဒေပြုလွှတ်တော်က ပေးအပ်ထားသည့် အခွင့်အာဏာများဖြင့် ၂၀၁၅ ခုနှစ်ကတည်းက ဗင်နီဇွဲလားနိုင်ငံကို အမိန့်ဖြင့် အုပ်ချုပ်ခဲ့သူ ဖြစ်လာခဲ့သည်။
၂၀၁၄ ခုနှစ် တွင် ဗင်နီဇွဲလား၌ ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် လူနေမှုအဆင့်အတန်း နိမ့်ကျနေခြင်းတို့ကို အကြောင်းပြု၍ နိုင်ငံတစ်ဝန်း နေ့စဉ်ချီတက်ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်။ဆန္ဒပြပွဲများသည် အရှိန်တိုးမြင့်လာကာ ထိုနှစ် ဖေဖော်ဝါရီ ၁၂ရက် တွင် ပိုမိုပြင်းထန်လာခဲ့ကြသည်။ပြည်သူများ၏ သဘောထားကွဲလွဲမှုများကို ဖိနှိပ်မှုများပြုလုပ်ခဲ့သည့် မဒူရို၏ ကျော်ကြားမှုသည် ကျဆင်းလာခဲ့ပြီး၊ လူကြိုက်နည်းမှုလည်း ဖြစ်လာခဲ့သည်။
၂၀၁၅ ခုနှစ် တွင် ဗင်နီဇွဲလားပါလီမန်ရွေးကောက်ပွဲ ကျင်းပသည်။အတိုက်အခံအမတ်များ တင်မြှောက်ခံခဲ့ရသည်။အတိုက်အခံများသည် ၂၀၁၆ ခုနှစ်တွင် မဒူရိုကို အစားထိုးရန် လှုပ်ရှားမှုအစီအစဉ် တစ်ခုစတင်ခဲ့သော်လည်း မဒူရိုအစိုးရက ထိုအစီအစဉ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။မဒူရိုသည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်၊ရွေးကောက်ပွဲကောင်စီ နှင့် စစ်တပ်အား တို့ဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။လူ့အခွင့်အရေးချိုးဖောက်မှုဆိုသည့် စွပ်စွဲချက်များကိုလည်း ရင်ဆိုင်ခဲ့ရသည်။
တရားရုံးချုပ်သည် ရွေးကောက်ခံ အမျိုးသားလွှတ်တော်၏ အာဏာနှင့် လုပ်ပိုင်ခွင့်များကို ဖယ်ရှားခဲ့ပြီးနောက်၊ ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနှင့် နောက်ထပ် ကန့်ကွက်ဆန္ဒပြမှုများ နိုင်ငံတွင် ဆက်လက် ဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် မဒူရိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ဆင်ပေးရန် တောင်းဆိုခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ထိုရွေးကောက်ပွဲတွင် နီကိုးလပ်စ် မဒူရို သည် ၎င်း၏မဲ ဆန္ဒနယ်မှတဆင့် ရွေးကောက်ခံခဲ့ရသည်။ ထိုရွေးကောက်ပွဲအခြေအနေကို အငြင်းပွားခဲ့ကြသည်။
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]ဗင်နီဇွဲလား၌ ကာရှည်ကြာဖြစ်ပွားနေသည့် နိုင်ငံရေး နှင့် လူသားချင်းစာမှုဆိုင်ရာ အကျပ်အတည်းကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်သူခုနှစ်သန်းကျော်သည် နိုင်ငံတွင်းမှထွက်ပြေးစွန့်ခွာခဲ့ကြသည်။
၂၀၁၉ ဗင်နီဇွဲလား သမ္မတ အကျပ်အတည်း
[ပြင်ဆင်ရန်]၂၀၁၈ ခုနှစ်တွင် ဗင်နီဇွဲလား ၌ ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် နီကိုးလပ်စ် မဒူရို ပြန်လည်ရွေးချယ်ခံရခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ဟွမ်ဂွိုင်ဒို က ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့ပြီး နိုင်ငံအတွင်း နိုင်ငံရေးအာဏာလွန်ဆွဲမှုနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။[၅][၆][၇][၈]
ဗင်နီဇွဲလား သမ္မတအကျပ်အတည်းကြောင့် အမေရိကန်ပြည်ထောင်စု နှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တင်းမာလာခဲ့သည်။ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် အတိုက်အခံလွှတ်တော်အမတ်များ၏ မဲခွဲဆုံးဖြတ်မှုဖြင့် ဟွမ်ဂွိုင်ဒို ဦးဆောင်သည့် ကြားဖြတ်အစိုးရကို ဖျက်သိမ်းခံခဲ့ရပြီး သမ္မတအကျပ်အတည်း အဆုံးသတ်သွားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် မာဒူရို သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။အတိုက်အခံများကမူ ၎င်းတို့၏ စုစည်းထားသော မဲစာရင်းများတွင် ကိုးကားပြီး ကိုယ်စားလှယ်လောင်း Edmundo González သည် မဲအများဆုံးရရှိထားကြောင်း ကြေညာခဲ့သော်လည်း၊ မာဒူရိုသည်သာ ၎င်း၏ သမ္မတတတိယသက်တမ်းအတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၉]
ဖမ်းဆီးခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက် တွင်အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အလုံးစုံဖြေရှင်းရေး စစ်ဆင်ရေးဖြင့် ဗင်နီဇွဲလားနိုင်ငံ ကရာကက်စ်မြို့ နှင့် အခြားနေရာများကို တိုက်ခိုက်ခဲ့ပြီး၊ ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မဒူရို နှင့် ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့သည်။
ထို စစ်ဆင်ရေးသည် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အမေရိကန်စစ်တပ် နှင့် စီအိုင်အေ တို့ ပူးပေါင်းဆောင်ရွက်သည့် တောင်ပိုင်းလှံ စစ်ဆင်ရေး၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ထို့နောက် အမေရိကန်သမ္မတသည် ၎င်းအား နယူးယောက်တရားရုံးကို ပို့ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါး နှင့် လက်နက်ကိုင်ဆောင်မှုများဖြင့် စွဲချက်တင်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Venezuela's Future in Balance"၊ 9 December 2012။
- ↑ ဗင်နီဇွဲလား သမ္မတ ရွေးကောက်ပွဲ လူအများအပြား မဲလာပေး။ BBC (၈ အောက်တိုဘာ ၂၀၁၂)။ ၁၇ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Diaz-Struck, Emilia and Juan Forero။ "Venezuelan president Maduro given power to rule by decree"၊ 19 November 2013။ ""Venezuela's legislature on Tuesday gave President Nicolás Maduro decree powers that he says are necessary for an 'economic offensive' against the spiraling inflation and food shortages buffeting the country's economy ahead of important municipal elections.""
- ↑ Washington, Richard။ "'The Maduro approach' to Venezuelan crisis deemed unsustainable by analysts"၊ CNBC၊ 22 June 2016။
- ↑ ဗင်နီဇွဲလား စင်ပြိုင်သမ္မတကို အမေရိကန် အသိအမှတ်ပြု။ BBC (၂၄ ဇန်နဝါရီ ၂၀၁၉)။ ၁၇ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Nugent၊ Clara (16 April 2019)။ "Inside the Battle to Get News to Venezuelans"။ Time။ 17 April 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 17 April 2019 တွင် ပြန်စစ်ပြီး။
- ↑ Escuela၊ Samuel Morales (28 September 2020)။ Solo 11 países apoyan a Maduro en debate de la ONU por DD. HH.။ El Pitazo။ 21 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2022 တွင် ပြန်စစ်ပြီး။
- ↑ Moncada၊ Samuel, ed. (31 July 2019)။ Letter dated 29 July 2019 from the Permanent Representative of the Bolivarian Republic of Venezuela to the United Nations addressed to the Secretary-General။ United Nations။ 7 March 2022 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 28 June 2021 တွင် ပြန်စစ်ပြီး။
- ↑ Venezuela faces landmark ICC investigation over alleged crimes against humanity (4 November 2021)။ 10 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2022 တွင် ပြန်စစ်ပြီး။