နိုဝင်ဘာ ၂၀၁၁
Wikipedia မှ
| ၂၀၁၁ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
|
|
|||||||||
|---|---|---|---|---|---|---|---|---|---|
| ၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
| ၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
| ၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
| ၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
| ၂၉ | ၃၀ | ||||||||
မာတိကာ
(၁) ရက်[ပြင်ဆင်ရန်]
-
-
- အမေရိကန်နိုင်ငံဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာက နိုဝင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ။ [၁]
- တရုတ်နိုင်ငံသည် ရှင်ကျိုး (၈) အာကာသယာဉ်ကို ပစ်လွှတ်သည်။ ကနဦး ပစ်လွှတ်ထားသော ထျန်းကုန်း (၁) အာကာသစခန်း ယာဉ်နှင့် ချိတ်ဆက်မည် ဖြစ်သည်။ [၂]
- ပြည်တွင်းဘဏ်တစ်ခုဖြစ်သော စီဘီဘဏ်မှ အေတီအမ် ကတ်စနစ်ကို စတင် ဝန်ဆောင်မှုပေး၊ အခြားပုဂ္ဂလိက ဘဏ်အချို့မှ မကြာမီ ဝန်ဆောင်မှုပေးမည်။ [၃]
-
(၂)ရက်[ပြင်ဆင်ရန်]
(၃)ရက်[ပြင်ဆင်ရန်]
-
-
- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုဝင်ဘာလ ၃ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀အချိန်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့။ [၆]
- ကရင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲနှင့် ကလို့ထူးဘောတပ်ဖွဲ့ (ယခင် DKBA) တို့ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် ဘားအံမြို့၌ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ကြပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမငြိမ်းချမ်းရေး သဘောတူညီချက် (၅)ချက်ကို လက်မှတ်ရေးထိုးကြသည်။ [၇]
-
(၆)ရက်[ပြင်ဆင်ရန်]
-
-
- တရုတ်နိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော် နေပြည်တော်သို့ ရောက်ရှိ။ [၈]
-
(၇)ရက်[ပြင်ဆင်ရန်]
-
-
- မိုက်ကယ်ဂျက်ဆင် သေဆုံးမှုတွင် သူ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ ကွန်းရက် မာရေး အပြစ်ရှိကြောင်း တွေ့ရှိရသည်။ [၉]
-
(၈)ရက်[ပြင်ဆင်ရန်]
-
-
- ထိုင်းနိုင်ငံရေးကြီးမှုသည် ဝန်ကြီးချုပ် ယင်လပ် ၏ နေအိမ်အထိရောက်ရှိလာပြီဖြစ်ပြီး၊ ဟာဝိုင်အီ တွင်ကျင်းပမည့် အေးပက် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အစီအစဉ်ကို ပယ်ဖျက်လိုက်သည်။
- အချင်း ပေပေါင်း ၁၃၀၀ ကျော်ရှိသော ဥက္ကာပျံအမှတ် ဝိုင်ယူ-၅၅ သည် ကမ္ဘာကြီးအနီး (မိုင်ပေါင်း ၂၀၁,၇၀၀) အကွာမှ ဖြတ်သန်းသွားကြောင်း နာဆာမှ ကြေညာ။ ယင်းသည် ၁၉၇၆ ခုနှစ်က ကမ္ဘာနှင့် အနီးဆုံးသို့ နောက်ဆုံး ရောက်ရှိခဲ့ဖူးသည်။ [၁၀]
-
(၉)ရက်[ပြင်ဆင်ရန်]
-
-
- ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ (၅၂၉)ယောက်ထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။ [၁၁]
- ပြင်းအား အဆင့် ၅.၇ ရှိသော ငလျင်တစ်ခု ယခင်လှုပ်ခဲ့သော တူရကီနိုင်ငံ၊ ဗန်းမြို့အနီးတွင်ပင် ထပ်မံ လှုပ်ခတ်သည်။ [၁၂]
- ပညာသင်ကြေး တိုးမြှင့်မှုကို မကျေနပ်သည့်အတွက် အင်္ဂလိပ်ကျောင်းသားထောင်ပေါင်းများစွာတို့ လန်ဒန်မြို့လယ်သို့ ချီတက်ဆန္ဒပြကြသည်။ [၁၃]
- မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရင်ချင်းဆက်အမြွှာ (မအင်ကြင်းခိုင်နှင့် မအင်ကြင်းလှိုင်) ခွဲစိတ်ကုသမှု အောင်မြင်။ [၁၄]
-
(၁၀)ရက်[ပြင်ဆင်ရန်]
-
-
- လစ်လပ်မဲဆန္ဒနယ် ၄၈ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလ ဒုတိယပတ်က အကြောင်းကြား ထားကြောင်းသိရ။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက် လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် ၂ နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စား လှယ်များ လစ်လပ်လျက်ရှိသည်။ [၁၅]
-
-
-
- ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မြန်အောင်ရေနံမြေ အနီးဝန်းကျင်ရှိ အသုံးမပြုတော့သည့် လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ အသုံးမပြုတော့သည့် ရေနံသိုလှောင်ကန် TAC-122 ၏ အရှေ့တောင်ဘက်နှင့် မြောက်ဘက်တို့တွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကွန်ကရစ်လမ်းအချို့ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ သော်လည်း လူနှင့်တိရစ္ဆာန်အပါအဝင် အခြားပျက်စီးမှုမရှိကြောင်း သိရှိရသည်။ [၁၆]
-
(၁၁)ရက်[ပြင်ဆင်ရန်]
-
-
- (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘမ်မြို့၊ သီရိဝီဂျာရာ အားကစားကွင်းကြီးတွင် ကျင်းပသည်။
-
-
-
- ကွန်ပျူတာ၌မြန်မာစာသုံး သာလွန် မြန်မာ အိုအက်(စ်) ထွက်ရှိသည်။ ကွန်ပျူတာစက်လည်ပတ်စနစ်တွင် မြန်မာစာဖြင့်အသုံးပြုမှုအတွက် ပထမဆုံးစတင်တီထွင်မှုလည်း ဖြစ်သည်။
-
(၁၂)ရက်[ပြင်ဆင်ရန်]
-
-
- အီတလီ ဝန်ကြီးချုပ် ဘာလူစကိုနီ နုတ်ထွက်သည်။ [၁၈]
-
-
-
- ရခိုင်ပြည်နယ် မင်းပြားမြို့ ဈေးသည် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီကျော်လောက်မှစ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တစ်ဈေးလုံးနီးပါး (ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိသည့် အနက်ဆိုင်ခန်း ၅၇၆ ခန်းခန့်) မီးလောင်ကျွမ်း ခဲ့သည်။ [၁၉]
-
(၁၃) ရက်[ပြင်ဆင်ရန်]
-
-
- နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်) တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
-
(၁၄)ရက်[ပြင်ဆင်ရန်]
-
-
- (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် စတင်ကျင်းပပြုလုပ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်။ နိုဝင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
-
-
-
- ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် မင်းလမ်းရှိ ဆက်သွယ်ရေး စာတိုက်ဝင်း အတွင်းတွင် ရတနာပုံ တယ်လီပို့မှ GSM တာဝါတိုင် ဆောက်လုပ်ရန်အတွက် မြေတူးနေစဉ် မြေကြီးအနက် သုံးပေခန့် အရောက်၌ ရှေးဟောင်းပစ္စည်းများဟု ယူဆရသော ပစ္စည်း အများအပြား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းပစ္စည်းများမှာ အလေးချိန် ၂၀ ပိဿါ ၆၅ ကျပ်သားရှိ ကြေးဟု ယူဆရသော သုံးပေခန့် မတ်ရပ်ကိုယ်တော် တစ်ဆူ၊ အလေး ချိန် ၈၅ ကျပ်သားရှိ ကြေးဟုယူဆရသော ၁၀ လက်မ မတ်ရပ်ကိုယ် တော် တစ်ဆူ၊အလေးချိန် ၈၀ ကျပ်သားရှိ ကြေးဟုယူဆရသော တင်ပျဉ်ခွေကိုယ်တော် တစ်ဆူ၊ အလေးချိန် ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသော ခုနစ်လက်မ မတ် ရပ်ကိုယ်တော်တစ်ဆူ၊ အလေးချိန် ၁ ပိဿါ ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသော ၅ ဒသမ ၆ လက်မ ရှိ တင်ပျဉ်ခွေကိုယ်တော်နှစ်ဆူ၊ အလေးချိန် ၁၅ ကျပ်သားရှိ ကြေး ဟု ယူဆရသောသုံးလက်မ တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေးချိန် ၄ ကျပ် ၅ ပဲသားရှိ ရွှပြေားကပ်ခုနစ်လက်မ ခန့် တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေး ချိန် ၁ ကျပ် ၁၄ ပဲသားရှိ ခြောက် လက်မ၊ ရွှေပြားကပ်တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေးချိန် ၃ ကျပ် ၁၃ ပဲသားရှိ ရှစ်လက်မ ရွှပြေားကပ် တင် ပျဉ်ခွေပုံတော်တစ်ဆူ၊ နှစ်လက်မ အရွယ် တင်ပျဉ်ခွေ အုတ်ဘုရား တစ်ဆူ၊ အလျား ၁၀ လက်မအနံငါး လက်မ၊ အလေးချိန် ၂ ကျပ် ၈ ပဲ ၄ ရွေးသားရှိ ရွှပြေားတစ်ပြား၊ အလေး ချိန် ၁ ကျပ် ၁၁ ပဲ ၄ ရွေးရှိ အလျား ခုနစ်လက်မ၊ အနံ လေးလက်မ ရွှပြေားခတ် တစ်ပြား၊ အလေးချိန် ၂ ကျပ် ၄ ပဲ ၄ ရွေးရှိ အလျားခြောက် လက်မ၊ အနံလေးလက်မ ရွှေပြားခတ်တစ်ပြား၊ သုံးလက်မပတ်လည် ခန့်ရှိအုတ်ခွက်ဘုရားသုံးဆူ၊ အလေး ချိန် ၃ ပိဿါ ၅၀ ကျပ်သားရှိ ကြေးဟုထင်ရသော ရှစ်လက်မပတ်လည် ကလပ်တစ်ခု၊ အလေးချိန် ၇၅ ကျပ်သားရှိ ကြေးဟုထင်ရသော အချင်းငါးလက်မ၊ အမြင့်သုံးလက်မရှိ ကြေးကလပ်တစ်ခု၊ အလေးချိန် ၈၀ ကျပ်သားရှိ အလျား လေးလက်မ၊ အမြင့် ခုနစ်လက်မ၊ အနံ ၃ ဒသမ ၆ လက်မရှိ ကြေးဟုထင်ရသော ပလ္လင် တစ်ခု၊ အလေးချိန် ၂၀ ကျပ် သားရှိ ကြေးဟုထင်ရသော အလျား ၅ ဒသမ ၆ လက်မ၊ အနံ သုံးလက်မရှိ နဂါးခေါင်းပုံ တစ်ခု၊ အချင်း ၁၁ လက်မ၊ အမြင့် ငါးလက်မရှိ ကျောက်ခွက် တစ်ခု၊ အချင်း ၆ ဒသမ ၆ လက်မ၊ အမြင့် ၁၃ လက်မ (အဖုံးပါ)အုတ်ဖြင့် ပြုလုပ်ထားသော အိုးတစ်လုံး၊ ကျောက်ခွက် အပိုင်းအစ သုံးခုတို့ဖြစ်ကြောင်း သိရသည်။ [၂၀]
-
(၁၇)ရက်[ပြင်ဆင်ရန်]
-
-
- တရုတ်နိုင်ငံ၏ လူမပါသော ရှင်ကျိုး(၈) အာကာသယာဉ် မြေပြင်သို့ ချောမောစွာပြန်လည်ဆင်းသက်။ [၂၁]
-
(၁၈)ရက်[ပြင်ဆင်ရန်]
-
-
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ [၂၂]
-
-
-
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချရားတန်းကျေးရွာအနီး လယ်ကွင်းပြင်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဒုတိယကမ္ဘာစစ်ကျန် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ရေခမ်းနေသော ကန်ပျက်ချိုင့်အတွင်း ကောက်ရိုးများကို စုပုံမီးရှို့ရာမှ ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းမီးရှို့သူမှာ ဗုံးဆံထိမှန်ကာ မောင်တောဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ [၂၃]
-
(၁၉)ရက်[ပြင်ဆင်ရန်]
-
-
- အမေရိကန်သမ္မတ အိုဘားမား၏ သဘောထားနှင့် ဒေါ်အောင်ဆန်းစုကြည်ပါတီ မှတ်ပုံတင်မည့် သတင်းများမှာ သတင်းကောင်းများ ဖြစ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၉ရက် နေ့တွင် မြန်မာသတင်းသမားများ နှင့်တွေ့ဆုံချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မှတ်ချက်ပြု ပြောဆိုခဲ့ပါသည်။ [၂၄]
- အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၊ တီဟီရာ ရင်ပြင်တွင် စစ်အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုပေါ်ပေါက်။ ၂ ယောက်သေဆုံးပြီး၊ ၆၀၀ ကျော် ဒဏ်ရာရ။ [၂၅]
- ကဒါဖီ၏သား ဖြစ်သူ ဆာအိဖ် အယ် အစ္စလာမ် ကဒါဖီ အား လစ်ဗျားနိုင်ငံတွင်းမှာပင် ဖမ်းဆီးရမိ။ [၂၆]
- အမေရိကန်ပြည်ထောင်စုသည် မိုင် ၂၃၀၀ အကွာရှိ ပစ်မှတ်များကို မိနစ် ၃၀ အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသော hypersonic လက်နက်သစ် တစ်မျိုးကို စမ်းသပ် အောင်မြင်သည်။ [၂၇]
-
(၂၀)ရက်[ပြင်ဆင်ရန်]
(၂၁)ရက်[ပြင်ဆင်ရန်]
-
-
- အမေရိကန်၊ အင်္ဂလန် နှင့် ကနေဒါ တို့က အီရန်နိုင်ငံ နျူကလီယာအစီအစဉ်ကြောင့် အီရန်နိုင်ငံအား ပိတ်ဆို့ အရေးယူမှု ထပ်မံပြုလုပ်။ [၃၀]
-
(၂၂)ရက်[ပြင်ဆင်ရန်]
-
-
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ် အောင်ဆန်းစုကြည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက Eleven Media Group နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့။ [၃၁]
-
-
-
- တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတုတ္ထအကြိမ်မြောက် ပင့်ဆောင် အပူဇော်ခံနေသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်တွင် နိုဝင်ဘာလ (၆)ရက်မှ (၂၁)ရက်အထိ (၁၆)ရက်တာကာလ အပူဇော်ခံထားပြီးနောက် နိုဝင်ဘာ (၂၂)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပင့်ဆောင်တော်မူသည်။ အပူဇော်ခံထားရှိစဉ် ငွေကျပ် သိန်းပေါင်း (၄၅၈၀)ကျော်၊ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် အပြင် အခြားနိုင်ငံခြားငွေ မျိုးစုံ နှင့် လက်ဝတ်ရတနာမျိုးစုံ ၁၆၃၅ခု (စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်ငွေ ၁၂၂,၆၈၈,၄၆၀) အလှူခံ ရရှိခဲ့သည်။ [၃၂]
-
-
-
- ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရေနီကြီး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် ရေကြောင်း ခရီးစဉ်ကိုပြေးဆွဲနေသည့် အောင်တံခွန် (၂) သင်္ဘော သည် (၂၂.၁၁.၂၀၁၁) အင်္ဂါနေ့အာရုံတက်ချိန် (ဝ၄း၃၀) အချိန်တွင် ရေလမ်းကြောင်းလွဲချော်ပြီး ကျောက်ဖြူမြို့နှင့် ရေမိုင်(၆) မိုင်ခန့် အကွာရှိ သံသမကျောက် (ဒေသခေါ်- ကျွဲရွီ) ကျောက်တန်းကို ဝင်တိုက်မိသဖြင့် သင်္ဘော ဦးပိုင်းပေါက်ကွဲသွားခဲ့သည်။ သတင်းရလျှင်ရချင်း မော်တော် ရေယာဉ်များ၊ ငါးဖမ်းစက်လှေများနှင့် တပ်မတော်ရေတပ် စစ်ရေယာဉ်အမှတ် (၁၆၈) အပါအဝင် ရေယာဉ်များစွာတို့ဖြင့် သွားရောက်ကယ်တင်ခဲ့ရာ ခရီးသည်အားလုံး စုစုပေါင်း (၃၂၁) ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့သည်။ [၃၃]
-
(၂၃)ရက်[ပြင်ဆင်ရန်]
-
-
- အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့လယ်ရှိ တာရီရာ ရင်ပြင်တွင် လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူများကို သုံးရက်ကြာ အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် ဆန္ဒပြသူ ၃၃ ယောက် သေဆုံးခဲ့ပြီးနောက် အီဂျစ်အစိုးရအဖွဲ့က နှုတ်ထွက်စာကို စစ်ကောင်စီထံ တင်ပြခဲ့ပြီး နှုတ်ထွက်စာကို လက်ခံရန်သင့်မသင့် စစ်ကောင်စီမှ စဉ်းစားနေကြောင်း အီဂျစ်ရုပ်မြင်သံကြားမှ ကြေညာ။ [၃၄]
-
(၂၄)ရက်[ပြင်ဆင်ရန်]
-
-
- ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ရက်ပေါင်း (၅၁) ရက် အကြာတွင် ကျင်းပပြီးစီး။ [၃၇]
-
-
-
- ပုဂ္ဂလိကဘဏ် (၁၁) ခု အား နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်များ ထုတ်ပေး။ အဆိုပါ ဘဏ် (၁၁)ခုမှာ ကမ္ဘောဇဘဏ်လီမိတက်၊ သမဝါယမဘဏ် လီမိတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြဝတီဘဏ် လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ ယူနိုက်တက်အမရဘဏ်လီမိတက်၊ ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက် တို့ ဖြစ်သည်။ [၃၈]
-
(၂၅)ရက်[ပြင်ဆင်ရန်]
-
-
- အီဂျစ် နိုင်ငံတွင် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း၌ သမ္မတ မူဘာရက် လက်အောက်တွင် ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ကမာဂန်ဇူရီမှ လက်ရှိ အာဏာရ စစ်ကောင်စီ တာဝန် ရှိသူများ ဆွေးနွေးပြီးနောက် အစိုးရသစ်ဖွဲ့ရန် ယာယီ သဘောတူခဲ့။ [၄၀]
-
-
-
- တဟီရာရင်ပြင်တွင် အီဂျစ်ပြည်သူ တစ်သိန်းကျော် စုဝေးဆန္ဒပြ။ အရပ်ဘက်ခေါင်းဆောင်များထံ အာဏာလွှဲပေးရန် [၄၁]စစ်ဘက်ကို အမေရိကန်ဖိအားပေး။ [၄၂]
-
-
-
- အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းသို့ မျောပါသွားခဲ့သော မြန်မာရေလုပ်သား (၁၃၅)ဦးအနက် ဒုတိယအသုတ် (၆၅)ဦး အထူးလေယာဉ်ဖြင့် ထပ်မံရောက်ရှိလာ။ [၄၃]
-
-
-
- ဦးတင်ဦးအပါအဝင် (၂၁)ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်လိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လျှောက်ထား။ [၄၄]
-
(၂၆)ရက်[ပြင်ဆင်ရန်]
-
-
- ပျော်ဘွယ်မြို့နယ် ကြို့ကုန်းကျေးရွာအနီးမှ ကြေးခေတ် သံခေတ် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသော အထောက်အထားများတွေ့ရှိ။ လူရုပ်ကြွင်း ၃၅ ခုနှင့်အတူ ပစ္စည်းမျိုးစုံ (၁၀၄)မျိုး တွေ့ရှိရ။ [၄၆]
-
-
-
- ပါကစ္စတန်နယ်စပ်စစ်စခန်းတစ်ခုအား နေတိုး ရဟတ်ယာဉ်များက တိုက်ခိုက်။ ပါကစ္စတန်စစ်သား (၂၆)ယောက်သေဆုံးပြီး (၁၄)ယောက်ဒဏ်ရာရ။ အစိုးရမှ ပါကစ္စတန်နိုင်ငံအတွင်း အခြေစိုက်ထားသော အမေရိကန် လေတပ်အခြေစိုက်စခန်းကို (၁၅)ရက်အတွင်း ရုပ်သိမ်းရန်ပြော။ [၄၇]
-
(၂၇)ရက်[ပြင်ဆင်ရန်]
-
-
- ည ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဆင်ဖြူတော်ဥယျာဉ်၌ ဆင်ဖြူတော်ရတနာ ဘဒ္ဒဝတီ မှ ဆင်ဖြူတော်ရတနာ ဆင်မလေး မွေးဖွား။ [၄၈]
-
(၂၈)ရက်[ပြင်ဆင်ရန်]
-
-
- ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတမှ လမ်းညွှန်၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ(၅ လမ်းခွ) လမ်းဆုံတို့အား ၄ လ အတွင်း ဂုံးကျော်တံတားများ အပြီးတည်ဆောက်မည်။ [၄၉]
-
-
-
- မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချင်ပင်းဒယ် နှင့် ပေကျင်းမြို့တွင် တွေ့ဆုံ။ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူ။ [၅၀]
-
(၂၉)ရက်[ပြင်ဆင်ရန်]
-
-
- အီရန်နိုင်ငံ၊ တီဟီရန်မြို့ ဗြိတိသျှသံရုံးအတွင်းသို့ ဆန္ဒပြ အီရန် ကျောင်းသား ၃၀၀ ခန့်အနက်မှ ၁၀၀ ခန့်က သံရုံးခြံဝင်းအား ချိုးဖျက်ဝင်ရောက်။ ဗြိတိသျှအလံအားဖြုတ်ချ၊ အီရန်အလံအားလွှင့်တင်။ ဗြိတိသျှသံအမတ်ကြီးအား အီရန်မှနှင်ထုတ်ရန် အီရန်အစိုးရအားတောင်းဆို၊ သံရုံးဝန်ထမ်း (၆)ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးထား။ [၅၁]
-
-
-
- ကင်ညာနိုင်ငံ ဗဟိုတရားရုံးမှ ဆူဒန်နိုင်ငံ သမ္မတ အိုမာ အယ်လ်ဘာရှာ အား ဖမ်းဝရမ်းထုတ်။ ဆူဒန်နိုင်ငံမှ ကင်ညာ သံအမတ်ကြီးအား နှင်ထုတ်။ ကင်ညာရှိ ဆူဒန်သံအမတ်ကြီးအား ပြန်ခေါ်။ [၅၂]
-
-
-
- မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွှီးဆိုင်ဟို နှင့် ပေကျင်းမြို့တွင် တွေ့ဆုံ။ [၅၃]
-
(၃၀)ရက်[ပြင်ဆင်ရန်]
-
-
- အီရန်အစိုးရမှ ဆန္ဒပြကျောင်းသား (၁၂)ယောက်အား ဖမ်းဆီးထား။ အမေရိကန်နှင့် ကုလသမဂ္ဂမှ လုပ်ရပ်အားရှုတ်ချ။ အီရန်အစိုးရမှ ဝမ်းနည်းကြောင်းတောင်းပန်။ [၅၄]
-
-
-
- အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုက်ကယ် ပိုစနာ၊ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ် မစ်ချယ် တို့နှင့်အတူ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိ။ [၅၅]
-
-
-
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေွှလီမြို့၊ ရေပူစမ်းဟိုတယ်၌ ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ဦးအောင်မင်း တို့နှင့် ဦးဇောင်းဟရား ဦးဆောင်သော ကေအိုင်အိုအဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့။ တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့။ [၅၆]
-
ကိုးကား[ပြင်ဆင်ရန်]
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10787:2011-11-02-03-37-20&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.bbc.co.uk/news/science-environment-15523123
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10873:2011-11-07-04-39-26&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10787:2011-11-02-03-37-20&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.bbc.co.uk/news/science-environment-15562928
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10827:2011-11-03-14-14-43&catid=42:2009-11-10-07-36-59&Itemid=167
- ↑ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ထုတ် မြန်မာ့အခင်းသတင်းစာ။
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10866:2011-11-06-19-41-30&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.usatoday.com/news/nation/story/2011-11-04/michael-jackson-doctor-trial-verdict/51113244/1
- ↑ http://www.bbc.co.uk/news/science-environment-15572634
- ↑ http://www.bangkokpost.com/news/local/265475/fates-of-victory-monument-rama-ii-uncertain-froc
- ↑ http://www.bbc.co.uk/news/world-europe-15668071
- ↑ http://www.bbc.co.uk/news/education-15646709
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10913:2011-11-09-18-49-54&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=10944:2011-11-13-04-49-06&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11060:2011-11-17-07-12-27&catid=45:2009-11-10-07-45-41&Itemid=113
- ↑ http://www.thejakartapost.com/news/2011/11/12/dazzling-sea-games-open.html
- ↑ http://www.bbc.co.uk/news/world-europe-15708729
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11061:2011-11-17-07-15-26&catid=45:2009-11-10-07-45-41&Itemid=113
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11121:-gsm-&catid=43:2009-11-10-07-39-09&Itemid=111
- ↑ http://news.xinhuanet.com/english2010/china/2011-11/17/c_131253165.htm
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11071:2011-11-18-07-31-44&catid=42:2009-11-10-07-36-59&Itemid=112
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11118:2011-11-20-19-36-13&catid=45:2009-11-10-07-45-41&Itemid=113
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11084:2011-11-19-13-10-51&catid=100:asean-summit&Itemid=114
- ↑ http://www.bbc.co.uk/news/world-middle-east-15807441
- ↑ http://www.bbc.co.uk/news/world-middle-east-15804299
- ↑ http://www.bbc.co.uk/news/world-us-canada-15790620
- ↑ http://www.bbc.co.uk/news/world-us-canada-15790620
- ↑ http://www.bbc.co.uk/news/world-europe-15809062
- ↑ http://www.cnn.com/2011/11/21/world/meast/iran-sanctions/index.html?hpt=hp_t1
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11128:2011-11-22-06-44-36&catid=42:2009-11-10-07-36-59&Itemid=167
- ↑ မြန်မာ့အလင်းသတင်းစာ (၂၃.၁၁.၂၀၁၁)
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11148:2011-11-23-07-49-46&catid=45:2009-11-10-07-45-41&Itemid=113
- ↑ http://www.bbc.co.uk/burmese/news/2011/11/111121_egypt_latest.shtml
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11173:2011-11-24-06-55-45&catid=42:2009-11-10-07-36-59&Itemid=112
- ↑ http://burmese.dvb.no/archives/18261
- ↑ မြန်မာ့အလင်းသတင်းစာ (၂၅.၁၁.၂၀၁၁)
- ↑ မြန်မာ့အလင်းသတင်းစာ (၂၅.၁၁.၂၀၁၁)
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11218:2011-11-27-18-32-34&catid=79:internationalnews&Itemid=156
- ↑ http://www.bbc.co.uk/burmese/news/2011/11/111124_egypt.shtml
- ↑ အီဂျစ်
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11226:2011-11-27-20-09-38&catid=79:internationalnews&Itemid=156
- ↑ မြန်မာ့အလင်းသတင်းစာ (၂၆.၁၁.၂၀၁၁)
- ↑ မြန်မာ့အလင်းသတင်းစာ (၂၆.၁၁.၂၀၁၁)
- ↑ http://news.xinhuanet.com/english2010/china/2011-11/26/c_131271501.htm
- ↑ မြန်မာ့အလင်းသတင်းစာ (၂၇.၁၁.၂၀၁၁)
- ↑ http://www.voanews.com/english/news/asia/Pakistan-NATO-Raid-Kills-25-Pakistani-Troops---134526113.html
- ↑ မြန်မာ့အလင်းသတင်းစာ (၂၉.၁၁.၂၀၁၁)
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=11242:2011-11-29-08-10-20&catid=43:2009-11-10-07-39-09&Itemid=111
- ↑ http://news.xinhuanet.com/english2010/china/2011-11/28/c_131275049.htm
- ↑ http://news.xinhuanet.com/english2010/world/2011-11/29/c_131277786.htm
- ↑ http://edition.cnn.com/2011/11/28/world/africa/kenya-bashir/index.html?npt=NP1
- ↑ မြန်မာ့အလင်းသတင်းစာ (၁.၁၂.၂၀၁၁)
- ↑ http://news.xinhuanet.com/english2010/world/2011-11/30/c_131277880.htm
- ↑ မြန်မာ့အလင်းသတင်းစာ (၁.၁၂.၂၀၁၁)
- ↑ မြန်မာ့အလင်းသတင်းစာ (၁.၁၂.၂၀၀၁)