နိုင်မင်းကျော်
ဇေယျကျော်ထင်၊ ဦး နိုင်မင်းကျော် | |
|---|---|
| နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ ကိုကိုကျော် နှင့်အတူ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ဝန်ကြီး | တင်မောင်ဆွေ |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ ကိုကိုကျော် နှင့်အတူ | |
| ခန့်အပ်သူ | အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ဝန်ကြီး | ဦးသန်းဆွေ |
| ဝန်ကြီးချုပ် | ဦးညိုစော |
| ယခင်လူ | ဦးလွင်ဦး |
| ဆက်ခံသူ | ကိုယ်တိုင် |
| နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး | |
| တာဝန်သက်တမ်း ၂၀၂၄ – ၂၀၂၅ | |
| ယခင်လူ | ဗိုလ်ချုပ် ဇော်မင်းလတ် |
| ကိုယ်ရေး အချက်အလက်များ | |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော်(ရေ) |
| အမှုထမ်းကာလ | -၂၀၂၅ |
| ရာထူး | ဗိုလ်ချုပ် |
ဦးနိုင်မင်းကျော် သည် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။ယင်းမတိုင်မီက သူသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ၏ ကျောင်းအုပ်ကြီး ဖြစ်ခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဗိုလ်ချုပ် နိုင်မင်းကျော် သည် ငယ်စဉ်က လူရည်ချွန်(၁၉၆၄-၁၉၈၈) တစ်ဦး[၁] ဖြစ်ခဲ့ပြီး စစ်တက္ကသိုလ် တက်ကာ တပ်မတော်(ရေ) တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်အဆင့်အထိ [၂] ရာထူးတိုးလာခဲ့ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အား အုပ်ချုပ်ရသည့် ကျောင်းအုပ်ကြီး တာဝန်အထိ ပေးအပ်ခံရသူလည်း ဖြစ်သည်။[၃]
၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် တပ်မတော် (ရေ) တွင် ဗိုလ်ချုပ်ရာထူးတိုးကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဖြစ်လာခဲ့သည်။[၄] ယင်းနောက် ၂၀၂၄ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ၏ ကျောင်းအုပ်ကြီး ဖြစ်လာသည်။
စစ်မှုထမ်းကာလ စွမ်းဆောင်ချက်များ
[ပြင်ဆင်ရန်]ဗိုလ်မှူးချုပ် နိုင်မင်းကျော် သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် မှ ၂၃ ရက် အထိ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၀၈၆)ဦးအား ပြန်လည်ခေါ်ယူရေးအတွက် ဦးဆောင်ခဲ့သည်။ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ဖြင့် ပြည်တွင်းသို့ ခေါ်ဆောင်လာခဲ့သည်။[၅]
ဒုဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးညိုစော ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြန်လည်ဖွဲ့စည်းစဉ် သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံရသည်။ထိုသို့တာဝန်ပေးအပ်ခံရသည့် နေ့တွင်ပင် စစ်မှုထမ်းခြင်းမှ တစ်ပါတည်း အငြိမ်းစားယူ နုတ်ထွက်ခဲ့ပြီး အရပ်ဝတ်သို့ ပြောင်းလဲခဲ့သည်။ [၆]
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ဦးကိုကိုကျော်နှင့်အတူ ဆက်လက်ပါဝင်ထမ်းဆောင်သည်။[၇]
ရရှိသောဆု
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၎င်းအား တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အား အပ်နှင်းချီးမြှင့်သည်။[၈]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဘက်စုံထူးချွန်လူငယ်များအား ဆုချီးမြှင့် လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့အား အလှူငွေများလှူဒါန်း။ Myanmar Digital News (၂၇ ဇန်နဝါရီ ၂၀၁၉)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(ရေ)ဗဟိုအဆင့် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကျင်းပ။ MWD Webportal (၂ မတ် ၂၀၂၃)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား။ MOI Myanmar (၂၇ ဖေဖော်ဝါရီ ၂၀၂၄)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ် စစ်ရေယာဉ်(ကျန်စစ်သား) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ။ MWD Webportal (၁၂ ဒီဇင်ဘာ ၂၀၂၂)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်မှစစ်ရေယာဉ်များဖြင့် မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်။ MOI Myanmar (၂၃ ဖေဖော်ဝါရီ ၂၀၂၁)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်မှ ဗိုလ်ချုပ်ကြီးတချို့နှင့် ဗိုလ်ချုပ်များကို အရပ်ဝတ်ပြောင်းရန် မင်းအောင်လှိုင်က ကြိုတင် အသိမပေးဘဲ ကာ/လုံအစည်းအဝေးတွင်မှ ချက်ချင်း အမိန့် ပေး၍ စစ်ယူနီဖောင်းချွတ်ခိုင်း။ ခေတ်သစ်သတင်းဌာန (၂ ဩဂုတ် ၂၀၂၅)။ 8 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။