နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ

ဝီကီပီးဒီးယား မှ

၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂) ကို ပြဋ္ဌာန်းခဲ့ပါသေးသည်။ ယင်းဥပဒေမှာ နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေပင်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် အခြေခံဥပဒေပါ အခွင့်အရေးများကိုလည်းကောင်း၊ ရှိရင်းစွဲဥပဒေပါ အခွင့်အရေးများကိုလည်းကောင်း အပြည့်အဝ ရရှိစေရမည်ဟူ၍ ပြဋ္ဌာန်းထားသည့်အပြင် နိုင်ငံသားတိုင်းသည် တရားဝင် ရရှိခံစားခွင့်ရှိသော အခွင့်အရေးများ ရရှိစေရန် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးရမည်ဟူ၍ ထိုပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂) တွင် ပြဋ္ဌာန်းထားပေသည်။ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂) ကို ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင်မှ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် (၃) ကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။