နိုင်ငံတော်အကျဉ်းသား (စာအုပ်)

ဝီကီပီးဒီးယား မှ
နိုင်ငံတော်အကျဉ်းသား
စာရေးသူဘုန်းကြွယ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားဘာသာပြန်၊ မှတ်တမ်းစာပေ
ထုတ်ဝေခြင်း၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ပထမအကြိမ်
ထုတ်ဝေသူလောကသစ်စာပေ

နိုင်ငံတော်အကျဉ်းသား စာအုပ်သည် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံရေးပြစ်မှုဖြင့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကျောက်ကျိယန်ကိုယ်တိုင် ရေးသားမှတ်တမ်းတင်ခဲ့သည့် လျှို့ဝှက်နိုင်ငံရေးမှတ်တမ်းစာအုပ် ဖြစ်သည်။ ထိုမှတ်တမ်းကို နေအိမ်အကျုယ်ချုပ်ဖြင့် ထိန်းသိမ်းခံထား ရစဉ်အတွင်း ကက်ဆက်ခွေများဖြင့် နှစ်နှစ်ခန့်ကြာမြင့်အောင် လျှို့ဝှက်အသံသွင်းထားခဲ့သည်။ အသံသွင်းထားသည့် တိတ်ခွေသုံးဆယ်ကို ပြည်ပသို့ ခိုးထုတ်ခဲ့ သည်။ ကျောက်ကျိယန်ကွယ်လွန်သွားသောအခါ ထိုမှတ်တမ်းတိတ်ခွေကို စာအုပ်အဖြစ်ထုတ်ဝေခဲ့ကြသည်။

စာအုပ်အကြောင်းအကျဉ်း[ပြင်ဆင်ရန်]

နိုင်ငံတော်အကျဉ်းသားစာအုပ်တွင် ဘာသာပြန်သူ၏ အမှာစကား၊ ရှေးဦးစကား၊ စကားပလ္လင်၊ အခန်း(၁) တိန်အန်မင် လူသတ်ပွဲကြီး၊ အခန်း(၂) နေအိမ်အကျယ် ချုပ်၊ အခန်း(၃) တရုတ်စီးပွားရေး ထောင်တက်လာရခြင်းအကြောင်းရင်း၊ အခန်း(၄) ပေါ်လစ်ဗျူရိုအတွင်းတိုက်ပွဲ၊ အခန်း(၅) ဝရုန်းသုန်း ကားနှစ်၊ အခန်း(၆) တရုတ်ပြည်ကို ဘယ်လိုပြောင်းရမလဲနှင့် နိဂုံး ဆိုသော အခန်းကဏ္ဍများပါဝင်သည်။ စာအုပ်ပါ အကြောင်းအရာများသည် ၁၉၆၆ ခုနှစ်(တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလ)မှ ၁၉၈၉ ခုနှစ်အထိ ကျောက်ကျိယန်ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည်များကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ကျိယန်အကြောင်း[ပြင်ဆင်ရန်]

ကျောက်ကျိယန်သည် ၁၉၆၅ ခုနှစ်၊ အသက် ၄၆ နှစ်အရွယ်တွင် ကွမ်တုန်ပြည်နယ်ပါတီ၏ အကြီးအကဲဖြစ်လာသည်။ ပြည်နယ်တွင် စီးပွားရေးလုပ်ငန်များ၌ သူ၏ စွမ်းဆောင်အောင်မြင်မှုများကြောင့် ‘‘ထမင်းဝချင်က ကျိယန်ကို တ’’ဟု ဒေသခံများက ကာရန်ကိုက်စာချိုး ပြောဆိုကြသည်။ ၁၉၈ဝ ပြည့်နှစ်တွင် ကျောက်ကျိယန်ကို ပေကျင်းသို့ခေါ်ပြီး မကြာမီတွင် စီးပွားရေးကိုင်ရသော ဝန်ကြီးချုပ်ရာထူးတွင် ခန့်ထားခဲ့သည်။ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟူယောင်ပန်းကို ၁၉၈ရ ခုနှစ်တွင် တာဝန်မှ အနားပေးခံရသောအခါ ကျောက်ကျိယန်သည် ကွန်မြူနစ်ပါတီ၏ အကြီးအကဲဖြစ်လာသည်။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်၊ တိန်အန်မင်ရင်ပြင် ကျောင်းသားဆန္ဒပြပွဲကို တိန်ရှောက်ဖိန်က တင့်ကားများဖြင့် နှိမ်နင်းသောအခါ ကျောက်ကျိယန်က ‘‘ကျောင်းသားတွေကို ချေမှုန်း ဖို့ တပ်ကိုသုံးတဲ့ အထွေထွေအတွင်းရေးမှူး ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ဘူး’’ဟု တိန်ရှောက်ဖိန်ကို ဆန့်ကျင်လိုက်သဖြင့် ရာထူးမှ ဖြုတ်ချခံရပြီး နေအိမ် အကျယ်ချုပ်ဖြင့် သူ့ဘဝနေဝင်ချိန်နောက်ဆုံးဆယ်ခြောက်နှစ်တွင် အထီးကျန်နေထိုင်သွား ခဲ့ရသည်။ ၂ဝဝ၅ ခုနှစ်တွင် ကျောက် ကွယ်လွန်သည်။


ကိုးကား[ပြင်ဆင်ရန်]