မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်

ဝီကီပီးဒီးယား မှ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
State Security and Peace Commission
မြန်မာနိုင်ငံတော် အထိမ်းအမှတ်တံဆိပ်
အကျဉ်းချုပ်
စတင်၃၁ ဇူလိုင် ၂၀၂၅ (၂၀၂၅-၀၇-၃၁)
ပျက်ပျယ်၁၀ ဧပြီ ၂၀၂၆
ပြည်နယ်မြန်မာနိုင်ငံ
ဦးဆောင်သူဥက္ကဋ္ဌ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
ခန့်အပ်သူအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ[]
တာဝန်ခံမှုအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (အင်္ဂလိပ်: State Security and Peace Commission)[] သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမိန့်အမှတ် ၄/၂၀၂၅ အားဖြင့် ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့အစည်း ကော်မရှင် ဖြစ်သည်။[]

ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ဤကော်မရှင် ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။[]

ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]
ကော်မရှင်အဖွဲ့ဝင်များ
စဉ် ပုံ အမည် တာဝန် ရာထူး တာဝန်ထမ်းဆောင်သည့်ကာလ ရက်ပေါင်း
၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ ယာယီ သမ္မတ (တာဝန်)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၂။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယ ဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၃။ ဦးညိုစော အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်
အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး
၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၄။ ဦးအောင်လင်းဒွေး အမှုဆောင်ချုပ်
အမျိုးသားကာကွယ်ရေးလုံခြုံရေးနှင့်လုံခြုံရေးကောင်စီရုံး
၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၅။ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကာကွယ်ရေးဝန်ကြီး ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၆။ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ပြည်ထဲရေးဝန်ကြီး ၂၇ ဇန်နဝါရီ ၂၀၂၆ - ၁၀ ဧပြီ ၂၀၂၆ ၇၃ ရက်
၇။ ဦးသန်းဆွေ နိုင်ငံခြားရေးဝန်ကြီး ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၈။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နယ်စပ်ရေးရာဝန်ကြီး ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၉။ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်
၁၀။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်
အမျိုးသားကာကွယ်ရေးလုံခြုံရေးနှင့်လုံခြုံရေးကောင်စီရုံး
၃၁ ဇူလိုင် ၂၀၂၅ - ၁၀ ဧပြီ ၂၀၂၆ ၂၅၃ ရက်

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကော်မရှင် ဖွဲ့စည်းပြီးနောက် ပထမအကြိမ် ကျင်းပခဲ့သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအောင်မြင်ရန်အတွက် ဆန္ဒမဲပေးသူမည်မျှရှိရမည်ဟု ဥပဒေတွင် သတ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားသည်ကို မတွေ့ရကြောင်းနှင့် ရာခိုင်နှုန်း ၅၀ နှင့်အထက် မဲပေးနိုင်ပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းတို့ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေးအထမြောက်နိုင်ကြောင်းနှင့် ဒုတိယအကြိမ်တွင် သုံးပုံတစ်ပုံ တက်ရောက်ပါက အထမြောက်နိုင်ကြောင်းကိုလည်း ထောက်ပြခဲ့သည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်နိုင်သည့် မြို့နယ်များအားလုံးတွင် ကျင်းပနိုင်ရန် ရည်မှန်းထားပြီး၊ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများကို ကြိုတင်မဲဖြင့် မဲပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။[][]

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား စစ်ဘက်ဆိုင်ရာ မူလတာဝန်များသို့ ပြန်လည်ခန့်အပ်ခဲ့ပြီး၊ ၎င်း၏နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခန့်ထားသဖြင့် ကောင်မရှင်အဖွဲ့ဝင်သစ် ဖြစ်လာသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 NDSC Order No.4/2025: Formation of State Security and Peace Commission (31 July 2025)။ 2 August 2025 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ORDER NO.4/2025: FORMATION OF NATIONAL SECURITY AND PEACE COMMISSION mitv (31 July 2025)။ 31 July 2025 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ချက်မရှိဟု စစ်ခေါင်းဆောင်ပြော DVB။ 13 August 2025 တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေး ကျင်းပ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြား Ministry of Information။ 13 August 2025 တွင် ပြန်စစ်ပြီး။
  6. ပြည်ထဲ​ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေပြီး ၎င်း၏​နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်အား ခန့်အပ် (in my)။ 2026-03-06 တွင် ပြန်စစ်ပြီး။