နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ


နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public health emergency of international concern, အတိုကောက် PHEIC) ဆိုသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သည့် တရားဝင် ကြေညာချက်တစ်ခု ဖြစ်သည်။ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် အခြားနိုင်ငံများအတွက် ပြည်သူ့ကျန်းမာရေး အန္တရာယ်ဖြစ်စေနိုင်ပြီး နိုင်ငံတကာမှ စုပေါင်းတုံ့ပြန်ရန် လိုအပ်သည့် "ထူးခြားပြင်းထန်သော ဖြစ်ရပ်များ" ပေါ်ပေါက်လာချိန်တွင် ယင်းအခြေအနေကို သတ်မှတ်ကြေညာလေ့ရှိသည်။
အထူးသဖြင့် ပေါ်ပေါက်လာသော အခြေအနေမှာ ပြင်းထန်ခြင်း၊ ရုတ်တရက်ဖြစ်ပွားခြင်း၊ ပုံမှန်မဟုတ်ခြင်း သို့မဟုတ် မမျှော်လင့်ထားခြင်း စသည့် ဝိသေသများရှိနေပြီး ထိခိုက်ခံရသည့် နိုင်ငံ၏ နယ်နိမိတ်ပြင်ပအထိ ပြည်သူ့ကျန်းမာရေး သက်ရောက်မှုများ ရှိလာနိုင်ကာ နိုင်ငံတကာမှ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခါမျိုးတွင် ဤအရေးပေါ်အခြေအနေကို ကြေညာခြင်း ဖြစ်သည်။[၁]
၂၀၀၅ ခုနှစ် အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်းများ (IHR) အရ၊ ကမ္ဘာ့နိုင်ငံများသည် PHEIC ကို ချက်ချင်းတုံ့ပြန်ရန် တရားဝင်တာဝန်ရှိသည်။ [၂] ဤကြေညာချက်ကို ၂၀၀၂-၂၀၀၄ ခုနှစ် SARS ရောဂါဖြစ်ပွားမှုအပြီးတွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာကျွမ်းကျင်သူများ ပါဝင်သော IHR အရေးပေါ်ကော်မတီ (EC) က ထုတ်ပြန်ခြင်း ဖြစ်သည်။ [၃]
၂၀၀၅ ခုနှစ်မှစ၍ PHEIC ကြေညာချက် (၉) ခု ရှိခဲ့ပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
- ၂၀၀၉-၂၀၁၀ ခုနှစ် - H1N1 (သို့မဟုတ် ဝက်တုပ်ကွေး) ကပ်ရောဂါ
- ၂၀၁၄ ခုနှစ် - ပိုလီယို (အကြုံးဝင်ဆဲ) ကြေညာချက်
- ၂၀၁၃-၂၀၁၆ ခုနှစ် - အနောက်အာဖရိက အီဘိုလာ ရောဂါဖြစ်ပွားမှု
- ၂၀၁၅-၂၀၁၆ ခုနှစ် - ဇီကာဗိုင်းရပ်စ် (Zika virus) ကပ်ရောဂါ
- ၂၀၁၈-၂၀၂၀ ခုနှစ် - ကီဗူး (Kivu) အီဘိုလာ ကပ်ရောဂါ
- ၂၀၂၀-၂၀၂၃ ခုနှစ် - COVID-19 ကပ်ရောဂါ ကြေညာချက်
- ၂၀၂၂-၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် - မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများ[၄]
- ၂၀၂၆ ခုနှစ် - အီတူရီ (Ituri) ခရိုင် အီဘိုလာ ရောဂါဖြစ်ပွားမှု
အဆိုပါ ထုတ်ပြန်ချက်ပါ အကြံပြုချက်များသည် ယာယီသဘောသာဖြစ်ပြီး သုံးလတစ်ကြိမ် ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ WHO Q&A (19 June 2019). International Health Regulations and Emergency Committees။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2019 တွင် ပြန်စစ်ပြီး။
- ↑ Eccleston-Turner၊ Mark; McArdle၊ Scarlett (2020)။ "The law of responsibility and the World Health Organisation: a case study on the West African ebola outbreak"။ in Eccleston-Turner၊ Mark; Brassington၊ Iain (eds.)။ Infectious Diseases in the New Millennium: Legal and Ethical Challenges (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Switzerland: Springer။ pp. 89–110။ ISBN 978-3-030-39818-7။
- ↑ Hoffman, Steven J. (18 January 2018). "Delays in Global Disease Outbreak Responses: Lessons from H1N1, Ebola, and Zika". American Journal of Public Health 108 (3): 329–333. doi:. ISSN 0090-0036. PMID 29345996.
- ↑ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC) အဖြစ် ကြေညာထားသော Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း | Ministry Of Information (in en)။ 2026-05-18 တွင် ပြန်စစ်ပြီး။
- ↑ WHO Q&A (19 June 2019). International Health Regulations and Emergency Committees။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2019 တွင် ပြန်စစ်ပြီး။