မာတိကာသို့ ခုန်သွားရန်

နိုင်ငံတကာဂီတစာကြည့်တိုက်ပရောဂျက်

ဝီကီပီးဒီးယား မှ

နိုင်ငံတကာ ဂီတစာကြည့်တိုက် ပရောဂျက် (အိုင်အမ်အက်(စ်)အယ်(လ်)ပီ) (အင်္ဂလိပ်: International Music Score Library Project (IMSLP)) သို့မဟုတ် ပက်တရူချီ ဂီတစာကြည့်တိုက် (Petrucci Music Library) သည် နိုင်ငံတကာအရပ်ရပ်မှ "Sheet music" ခေါ်ဂီတစာရွက်များကို စုဆောင်းသည့် အင်တာနက်စာကြည့်တိုက်မျိုးဖြစ်သည်။ ၂၀၀၆ ခုနှစ်မှစ၍ ယခု ၂၀၂၁ ခုနှစ်အထိ ထိုဝက်ဘ်ဆိုက်တွင် တေးရေးဆရာအ‌ယောက်‌ပေါင်း‌‌ ၂၁၀၀၀ တို့၏ ဖန်တီးမှု‌ပေါင်း ၁၇၂၀၀၀ တို့အတွက် ဂီတစာရွက်ပေါင်း ၅၄၅၀၀၀ ကျော်နှင့် နားဆင်နိုင်သော သီချင်းအပုဒ်‌ပေါင်း ၆၅၀၀၀ တို့ကိုတင်ထားသည်။[] ထိုဝက်ဘ်ဆိုက်၏ ဝီကီသည် ဝီကီပီးဒီးယား၌ အသုံးပြုထားသော မီဒီယာဝီကီ (MediaWiki) ကို အခြေခံထားသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် iOS အတွက် အိုင်အမ်အက်(စ်)အယ်(လ်)ပီ အပ်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့ပြီး[]၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်တွင် Android အပ်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့သည်။ []

အိုင်အမ်အက်(စ်)အယ်(လ်)ပီ
ပက်တရူချီ ဂီတစာကြည့်တိုက်
ဝဘ်ဆိုဒ် အမျိုးအစား
ဂီတစာရွက်အတွက် အွန်လိုင်းစာကြည့်တိုက်
ဖတ်ရှုရရှိနိုင်မှု
ဌာနချုပ်
ပိုင်ဆိုင်သူProject Petrucci LLC (ကိုယ်ပိုင် ကုမ္ပဏီ)
ဖန်တီးသူအက်ဒွပ် ဂူအို (Edward W. Guo) (Feldmahler)[]
ဝဘ်ဆိုဒ်imslp.org; petruccilibrary.org
စီးပွားရေးရ၏ (‌ငွေသွင်းခြင်းဖြင့်)
မှတ်ပုံတင်ခြင်းမလို (ပံ့ပိုးမည်ဆိုက လိုအပ်၏)
လွှင့်တင်ခြင်းဖေဖော်ဝါရီ ၁၆၊ ၂၀၀၆; ၂၀ နှစ် အကြာက (၂၀၀၆-၀၂-16) (ဝက်ဘ်ဆိုက်)


ဇူလိုင် ၁၀၊ ၂၀၁၈; ၈ နှစ် အကြာက (၂၀၁၈-၀၇-10)[] (iOS)


မတ် ၂၈၊ ၂၀၁၉; ၇ နှစ် အကြာက (၂၀၁၉-၀၃-28)[] (Android)
လက်ရှိ အခြေအနေရှိဆဲ
အကြောင်းအရာ လိုင်စင်
Creative Commons Attribution-ShareAlike 4.0 International

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဝက်ဘ်ဆိုက်သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အိုင်အမ်အက်(စ်)အယ်(လ်)ပီ ဝက်ဘ်ဆိုက်သည် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ထိုစာကြည့်တိုက်တွင် မူပိုင်ခွင့် ကင်းမဲ့သော သီချင်းစာရွက်တို့ကို စကင်ဖတ်ထားသော ဖိုင်များသာရှိခဲ့သည်။ ထို့အပြင် ခေတ်သစ်တေးရေးဆရာများသည် မိမိတို့၏ သီချင်းများကို ခရီယေးတေ့ဖ် ကွန်မွန်းစ် (Creative Commons) လိုင်စင်ဖြင့် ဝက်ဆိုက်ပေါ်သို့ တင်နိုင်ရန်အတွက်လည်း ပြုလုပ်ခဲ့သည်။ အိုင်အမ်အက်(စ်)အယ်(လ်)ပီ၏ အဓိကလုပ်ငန်းများအနက်တစ်ခုမှာ ဘက်ရှ်အသိုင်းအဝိုင်း (အင်္ဂလိပ်: Bach Societyဂျာမန်: Bach-Gesellschaft) မှ ပြုလုပ်ထားခဲ့သည့် ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ သီချင်းမိတ္တူများကို စုဆောင်းစီစဉ်၍ "Bach-Gesellschaft Ausgabe" အမည်ဖြင့် ဝက်ဘ်ဆိုက်‌ပေါ်သို့ တင်နိုင်ရန်ဖြစ်သည်။ ထိုလုပ်ငန်းသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ သီချင်းများအပြင် လု(ဒ်)ဝစ် ဗန် ဘီသိုဗင်ယိုဟာနက် ဘရမ်(စ်)ဖရက်ဒရစ် ရှိုပန်ဖရန်စ် လဇ်(တ်)အာဂန်ဂျယ်လို ကိုရယ်လီ (Arcangelo Corelli)၊ ဖရန့်ဇ် ရှူးဘတ်ရောဘတ် ရှူးမန်းယိုးစက်ဖ် ဟိုင်ဒင်မောရစ် ရေဗဲလ် (Maurice Ravel)၊ ဂျော့ ဖရီးဒရစ် ဟန်းဒယ်ဝုဖ်ဂန် အာမဒေယု(စ်) မိုးဇတ်ယိုဟန် ပက်ချယ်ဘဲလ်အလက်ဆန်းဒါး စကရီအာဘင် (Alexander Scriabin)၊ ကလောက်ဒ် ဒေဘူစီ (Claude Debussy) စသော တေးရေးဆရာအသီးသီးတို့၏ သီချင်းစာရွက်များကို ရှာဖွေနိုင်သည်။

ထို့အပြင် သီချင်းတစ်ပုဒ်တွင်လည်း မတူညီသောတည်းဖြတ်မှုများကိုလည်း ဝက်ဘ်ဆိုက်‌ပေါ်တွင်တင်ထားသောကြောင့် နှစ်သက်ရာတည်းဖြတ်မှုကို ဒေါင်းလုပ်ရယူနိုင်သည်။ သီချင်းစာရွက်များသာမက ယင်းဝက်ဘ်ဆိုက်၏ ဝီကီတွင်လည်း တေးရေးဆရာများနှင့်ဂီတစာရွက်မိတ္တူထုတ်‌ဝေသူတို့၏ သိမှတ်ဖွယ်ရာတို့ကိုလည်း ဖတ်ရှုနိုင်သည်။

အိုင်အမ်အက်(စ်)အယ်(လ်)ပီကို မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှ [][]သုသေတနပြုလုပ်ရန် ရှာဖွေနိုင်သောနေရာနှင့် သင်ထောက်ကူဝက်ဘ်ဆိုက်ဟူ၍ ပြောဆိုခဲ့သည်။[][၁၀] ဆစ်ဘလေ ဂီတစာကြည့်တိုက် (Sibley Music Library) မှလည်း ထိုဝက်ဆိုက်ကို ရင်းမြစ်တစ်ခုဟု ပြောဆိုခဲ့ပြန်သည်။[၁၁] ထို့အပြင် အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်[၁၂] ကယ်လီဖိုးနီးယား တက္ကသိုလ် လော့အိမ်ဂျလိစ် နယ်မြေ[၁၃] ဘရောင်းတက္ကသိုလ် (Brown University)၊[၁၄] ပင်ဆယ်ဗေးနီးယားတက္ကသိုလ် (University of Pennsylvania)၊ [၁၅] ဝစ္စကွန်းဆင်း-မယ်ဒီဆင် တက္ကသိုလ် (University of Wisconsin–Madison),[၁၆] အိုဘာလင် ရှေးဂီတတက္ကသိုလ် (Oberlin Conservatory of Music)၊[၁၇] မန်ဟတ်တန် ဂီတကျောင်း (Manhattan School of Music)၊[၁၈] မေရီလန်းတက္ကသိုလ် (University of Maryland)၊[၁၉] ဝါရှင်တန်တက္ကသိုလ် (University of Washington)၊[၂၀] ဆင်ဆနယ်တီတက္ကသိုလ် (University of Cincinnati)၊[၂၁] ဝစ္စကွန်းဆင်း-မီဝေါကီး တက္ကသိုလ် (University of Wisconsin–Milwaukee)၊[၂၂] အပလချီယန်တက္ကသိုလ် (Appalachian State University)၊[၂၃] ကနေဒါနိုင်ငံ မက်ဂေးလ် တက္ကသိုလ် (McGill University)၊[၂၄] အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်[၂၅] ကိန်းဘရစ်ချ် တက္ကသိုလ်[၂၆] အက်ဒင်ဗာရာတက္ကသိုလ် (University of Edinburgh)၊[၂၇] ဘရစ်စတိုးတက္ကသိုလ် (University of Bristol)၊[၂၈] ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ် (University of Melbourne)[၂၉] တို့၏ တက္ကသိုလ်စာကြည့်တိုက်အသီသီးတို့သည် ထိုဝက်ဘ်ဆိုက်ကို အကြံပေးညွှန်ပြကြသည်။

တံဆိပ်သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အသုံးပြုခဲ့သော ဝက်ဘ်ဆိုက်၏တံဆိပ်‌နောက်ခံသည် ပထမဆုံးရေးသားထာသော ဂီတစာအုပ်ဖြစ်သည့် "Harmonice Musices Odhecaton" မှဖြစ်ပြီး အိုတာဗီယာနို ပက်တရူချီ (Ottaviano Petrucci) မှရေးသားထားသည်။[၃၀]

IMSLP ၏တံဆိပ် (၂၀၀၇-၂၀၁၅)

၂၀၁၆ ခုနှစ်တွင် တံဆိပ်ကို ရိုးရိုးရှင်းရှင်းသာပြုလုပ်၍ "IMSLP, Petrucci Music Library" ဟူ၍သာရေးသားထားသည်။

အပြာရောင်အက္ခရာသည် အိုတာဗီယာနို ပက်တရူချီ (Ottaviano Petrucci) ရေးသားထားသော "Harmonice Musices Odhecaton" စာအုပ်မှဖြစ်သည်။[၃၀]

ငွေပေးသွင်းသည့်စနစ်ကိုမိတ်ဆက်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အိုင်အမ်အက်(စ်)အယ်(လ်)ပီသည် ‌ငွေပေးသွင်းခြင်းစနစ်ကို မိတ်ဆက်ခဲ့ရာ ငွေကြေးပေးသွင်းသူတို့သည် ဖိုင်များကိုချက်ချင်းဒေါင်းလုပ်ရယူနိုင်ကြသည်။[၃၁] ငွေကြေးပေးမသွင်းသောသူတို့သည် ဒေါင်းလုပ်ရယူနိုင်ရန် ၁၅ စက္ကန့်စောင့်ပေးရပြီး ဝက်ဘ်ဆိုက်ပေါ်သို့ အသစ်ရောက်ရှိသောဖိုင်များကို နှစ်ရက်အကြာမှ တွေ့မြင်ရမည်ဖြစ်သည်။[၃၂][၃၃]

အက်ဒွပ် ဂူအိုသည် ထိုသို့ပြုလုပ်ရခြင်းမှာ လက်ရှိရရှိသောထောက်ပံ့ငွေဖြင့် ဝက်ဆိုက်ကိုဆက်လက်ဖွင့်လှစ်ရန် မလုံလောက်နိုင်ကြောင်းဖြစ်သည်ဟုရှင်းပြခဲ့သည်။[၃၄][၃၅][၃၁] အချို့သောပံ့ပိုးသူများသည် ဂူအိုအား အလှူခံခြင်းကိုမစမ်းသပ်ကြည့်ဘဲ ငွေကြေးပေးသွင်းရသည့်စနစ်ကိုချက်ချင်း ပြုလုပ်ခဲ့သည်ဟုဆိုခဲ့ကြသည်။[၃၆] ၂၀၁၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် အိုင်အမ်အက်(စ်)အယ်(လ်)ပီသည် ငွေကြေးပေးသွင်းထားသောသူတို့သည် နက်ဆို(စ်) ဂီတစာကြည့်တိုက် (Naxos Music Library) သို့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းကို တွစ်တာပေါ်၌ကြေညာခဲ့သည်။[၃၇]

ပိတ်ပင်ခံရခြင်းနှင့်ပြန်လည်ဖွင့်လှစ်ခြင်း

[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် ဩစတြီယားနိုင်ငံ၊ ဗီယင်နာမြို့လာ ယူနီဗာဆယ် အယ်ဒီရှင် (Universal Edition) အဖွဲ့သည် "cease and desist" ခေါ် ပိတ်ပင်ခြင်းစာတမ်းကို ပို့ခဲ့ရာ အိုက်အမ်အက်(စ်)အယ်(လ်)ပီဝက်ဘ်ဆိုက်ကို ပိတ်ပင်ခဲ့ရလေသည်။[၃၈] ထိုပေးစာတွင် ကနေဒါနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေအရ အနုပညာရှင်တစ်ဦး၏ ဖန်တီးမှုများသည် ကွယ်လွန်ပြီး အနှစ် ၅၀ အကြာတွင် "Public Domain" ခေါ်အများပိုင်အဖြစ်သို့ရောက်ရှိ‌‌သော်လည်း အခြားနိုင်ငံများတွင်မူ အနှစ် ၇၀ အထိ ကြာမြင့်နိုင်သည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟုဆိုထားသည်။ အိုင်အမ်အက်(စ်)အယ်(လ်)ပီဝက်ဘ်ဆိုက်ထိန်းကျောင်းသူ အက်ဒွပ် ဂူအို (Edward Guo) သည် ထိုစာကြည့်တိုက်ကို ပိတ်ပင်ခဲ့သော်လည်း ဆွေးနွေးနိုင်သည့်ဖိုရမ်ကို ဆက်လက်ဖွင့်ထားခဲ့ရာ ဝက်ဘ်ဆိုက်ဆက်လက်ဖွင့်လှစ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ [၃၉] ထိုအခါ ပရောဂျက် ဂုတန်ဘတ် (Project Gutenberg) မှ ဒါရိုက်တာ မိုက်ကယ် ဟာ့(တ်) (Michael Hart) သည် ထိုဝက်ဘ်ဆိုက်ကို ဆက်လက်ဖွင့်လှစ်ရန် အကူအညီပေးလိုခဲ့သည်။[၄၀] သို့သော် အက်ဒွပ် ဂူအိုသည် ထိုဝက်ဘ်ဆိုက်ကို အမေရိကန်၌ဖွင့်ထား၍ ပရောဂျက် ဂူတန်ဘတ်၏ ကနေဒါဌာနနှင့် တိုင်ပင်လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ငြင်းပယ်ခဲ့ရသည်။ [၃၉] ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မူပိုင်ခွင့်ကိုလေ့လာသူ မိုက်ကယ် ဂိုင်းစ်(တ်) (Michael Geist) သည် ဘီဘီစီအတွက် မူပိုင်ခွင့်ဆောင်းပါးတစ်စောင်ကို ရေးသားခဲ့ရာ ထိုကိစ္စရပ်သည် "Public Domain" ခေါ်အများပိုင်အတွက် အရေးကြီးသည်ဟုဆိုခဲ့သည်။[၄၁]

၂၀၀၈ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အိုင်အမ်အက်(စ်)အယ်(လ်)ပီ ဝက်ဘ်ဆိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ သီချင်းစာရွက်တို့၏ မူပိုင်ခွင့်များကို ဝန်ထမ်းများကိုယ်တိုင်ကြီးကြပ်၍ ဒေါင်းလုပ်ရယူနိုင်ခွင့်ကိုပေးစေသည်။ အမေရိကန်နိုင်ငံတွင် အများပိုင်မဖြစ်သေးသော သီချင်းများကို ထိုဝက်ဘ်ဆိုက်၌ ခေတ္တပိတ်ပင်ထားခဲ့ရသည်။[၄၂] ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံကိုယ်စီ ဆာဗာများတည်ရှိလာမှုကြောင့် အချို့သောသီချင်းများကို ပိတ်ပင်စရာမလိုတော့ပေ။

၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဂီတထုတ်ဝေသူများအဖွဲ့ (အမ်ပီအေ) (Music Publishers Association (MPA)) သည် အိုင်အမ်အက်(စ်)အယ်(လ်)ပီဝက်ဘ်ဆိုက်ကို ဒစ်ဂျစ်တယ်ထောင်စုနှစ် မူပိုင်ခွင့်အက်ဥပဒေ (Digital Millennium Copyright Act) ဖြင့် လုံးဝပိတ်ချစေခဲ့သည်။ အိုင်အမ်အက်(စ်)အယ်(လ်)ပီ၏ ဒိုမိန်းအမည်ကိုမှတ်ပုံတင်ပေးသော GoDaddy ကိုလည်း ထိုဒိုမိန်းအမည်ကို ဖျက်စေခဲ့သည်။ အမ်ပီအေ၏အဆိုသည် ၂၀၀၇ ခုနှစ်က "Universal Edition" ၏အဆိုနှင့်လည်းဆင်တူသည်။ ထို့အပြင် ဆာဂျေး ရာ့ခ်မာနီနော့ဖ် (Sergei Rachmaninoff) ၏ ၁၉၁၃ ခုနှစ်တွင်ရေးသားထားသော ခေါင်းလောင်းများ (The Bells) အမည်ရှိသော ဆင်ဖိုနီကိုတင်ခြင်းအားဖြင့် အမေရိကန်နှင့်ဥရောပမူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ခဲ့သည်ဟူဆိုခဲ့သည်။[၄၃] အိုင်အမ်အက်(စ်)အယ်(လ်)ပီသည် မိမိတို့နှင့် ဆွေးနွှေးနိုင်သည့်အစား ထိုသို့ချက်ချင်းပိတ်ချခြင်းသည် မျှတမှုမရှိဟုဆိုခဲ့သည်။[၄၄] တစ်ရက်မျှကြာသောအခါ အမ်ပီအေသည် တွစ်တာပေါ်တွင် GoDaddy အား အိုင်အမ်အက်(စ်)အယ်(လ်)ပီ၏ ဒိုမိန်းအမည်ကို ပြန်လည်ဖော်ယူပေးရန်တောင်းဆိုခဲ့သည်။[၄၅]

၂၀၁၇ ခုနှစ်နိုဝင်ဘာလ ၇ ရက်နေ့တွင် တေးရေးဆရာ စာဂျေး ပရိုကိုဖီး(ဖ်) (Sergei Prokofiev) ၏မိသားစုဝင်များသည် ပိတ်ပင်ခြင်းစာတမ်းကို ပိုဆောင်ခဲ့ပြန်သည်။ ထိုစာတမ်းတွင် ပရိုကိုဖီး(ဖ်)၏ သီချင်းများသည် မူပိုင်ခွင့်ကာကွယ်မှုရှိနေသော်လည်း ဒေါင်းလုပ်ရယူနိုင်နေကြောင်းကိုဆိုထားသည်။ ထို့အပြင် အမျိုးသား ဂီတထုတ်လုပ်သူများအဖွဲ့ (National Music Publishers' Association) မှလည်း ထိုအကြောင်းအရာနှင့်ပက်သက်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပေးစာပို့ခဲ့သည်။ သို့ဖြစ်ရာ အိုင်အမ်အက်(စ်)အယ်(လ်)ပီသည် ပရိုကိုဖီး(ဖ်)၏ ဂီတစာရွက်များကို ဒေါင်းလုပ်လုပ်ခြင်းမှ ပိတ်ပင်ခဲ့ရာ သူ၏ ၁၉၂၃ မတိုင်မီ ရေးသားထားသော သီချင်းများကိုသာ ရယူနိုင်အောင်ပြုလုပ်ခဲ့ရသည်။

ရရှိခဲ့သောဆုများ

[ပြင်ဆင်ရန်]

အိုင်အမ်အက်(စ်)အယ်(လ်)ပီသည် ၂၀၀၉ ခုနှစ်တွင် Multimedia Education Resource for Learning and Online Teaching (MERLOT) အဖွဲ့မှ ဂီတဆုကိုရရှိခဲ့သည်။[၄၆] ထို့အပြင် ပီစီ မဂ္ဂဇင်း (PC Magazine) သည်လည်း ထိုဝက်ဘ်ဆိုက်ကို ကြည့်ရှုမှုနည်းပါးသော ထိပ်တန်းဝက်ဘ်ဆိုက်အခု ၁၀၀ အနက်တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုခဲ့သည်။[၄၇] ၂၀၁၈ ခုနှစ်တွင် အက်ဒွပ် ဂူအိုကို Associated Chamber Music Players (ACMP) အဖွဲ့မှ "The Helen Rice" ဆုကိုချီးမြှင့်ခဲ့သည်။[၄၈]

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. IMSLP:News - IMSLP: Free Sheet Music PDF Download 2020-01-02 တွင် ပြန်စစ်ပြီး။
  2. IMSLP on the App Store 2020-01-16 တွင် ပြန်စစ်ပြီး။
  3. IMSLP Browser - Apps on Google Play 2020-01-16 တွင် ပြန်စစ်ပြီး။
  4. Wakin၊ Daniel J.။ "Free Trove of Music Scores on Web Hits Sensitive Copyright Note"၊ February 22, 2011။
  5. IMSLP on the App Store 2020-01-16 တွင် ပြန်စစ်ပြီး။
  6. IMSLP Browser - Apps on Google Play 2020-01-16 တွင် ပြန်စစ်ပြီး။
  7. Moore, Christie (2007-01-05)။ Wiki of public domain classical scores MIT Library News 11 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  8. Research Guides: Music MIT Libraries (2008)။ 22 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-09-04 တွင် ပြန်စစ်ပြီး။
  9. MIT (2007)။ 21M.250 Schubert to Debussy, Fall 2006 MIT OpenCourseWare 13 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  10. MIT (2007)။ 21M.262 Modern Music:1900–1960, Fall 2006 MIT OpenCourseWare 13 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  11. Request Public Domain Scores Sibley Music Library (2008)။ 3 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  12. Outside links of interest Stanford University, Libraries and Academic Information Resources (2007)။ 2008-09-04 တွင် ပြန်စစ်ပြီး။
  13. UCLA Library / Music Library / Music Scores and Sheet Music Online University of California Music Library (2009)။ 25 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  14. Quist, Ned (2007)။ Selected internet resources for music Brown University Library 26 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  15. The Online Books Page: Archives and Indexes Penn Libraries (2009)။ 2009-01-28 တွင် ပြန်စစ်ပြီး။
  16. Resources: Scores (Printed Music) – Mills Music Library, UW–Madison University of Wisconsin–Madison Libraries (2007)။ 30 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  17. Conlib (2007-04-26)။ Classical Music in the Public Domain News from the Oberlin Conservatory Library 2008-09-04 တွင် ပြန်စစ်ပြီး။
  18. Sharp, Peter Jay (2007)။ Free stuff on the web The Peter Jay Sharp Library, Manhattan School of Music 20 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-09-04 တွင် ပြန်စစ်ပြီး။
  19. Finding Music Scores University of Maryland Libraries (2012)။ 21 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  20. Musical Scores University of Washington Libraries (2007)။ 20 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  21. OnlineMusic University of Cincinnati Albino Gorno Memorial Music Library (2009)။ 11 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-28 တွင် ပြန်စစ်ပြီး။
  22. Finding Online Scores UWM Music Library (2009)။ 15 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  23. Electronic Scores Appalachian State University Library (2009)။ 13 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  24. Scores (online databases and indexes) Marvin Duchow Music Library, McGill (2007)။ 22 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  25. Useful Links – Music Faculty Library Music Faculty Library (2008)။ 23 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  26. Faculty of Music: Pendlebury Library – Online Resources Pendlebury Library of Music (2007)။ 3 March 2001 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  27. Edinburgh University Library: Resources By Subject: Music Databases, E-Journals, Search Tools & Websites Edinburgh University Library (2008)။ 15 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  28. Bristol University / Information Services / Internet links Bristol University Library (2009)။ 7 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  29. VCA / LENTON PARR LIBRARY / Music / Websites Lenton Parr Library (2009)။ 10 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  30. 1 2 IMSLP:About – IMSLP/Petrucci Music Library: Free Public Domain Sheet Music 2016-01-25 တွင် ပြန်စစ်ပြီး။
  31. 1 2 IMSLP music library introduces paid membership – The Strad (in en-US) (2016-01-04)။ 14 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  32. Upcoming changes - Page 2 IMSLP Forums။ 2016-07-10 တွင် ပြန်စစ်ပြီး။
  33. Archived copy 31 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  34. Archived copy 18 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  35. Upcoming changes IMSLP Forums။ 13 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-07-10 တွင် ပြန်စစ်ပြီး။
  36. Upcoming changes IMSLP Forums။ 2016-07-10 တွင် ပြန်စစ်ပြီး။
  37. IMSLP membership now includes full access to Naxos Music Library with 1.8MM+ tracks for instant streaming! Twitter (2016-04-18)။ 2016-08-22 တွင် ပြန်စစ်ပြီး။
  38. Clark၊ Ken (2007-10-05)။ Cease and Desist Letter from Universal Edition AG (PDF)။ Aird & Berlis LLP။ 23 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2021 တွင် ပြန်စစ်ပြီး။
  39. 1 2 Feldmahler (2007-10-19)။ Open letter 10 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2021 တွင် ပြန်စစ်ပြီး။
  40. Hart၊ Michael (2007-10-23)။ "Re: Three quick links on digitizations and their constraints"Book People (Mailing list)။ 26 October 2007 တွင် မူရင်း အား မော်ကွန်းတင်ပြီး2007-12-29 တွင် ပြန်စစ်ပြီး
  41. Geist၊ Michael (2007-11-02)။ The day the music died BBC News။ 20 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2021 တွင် ပြန်စစ်ပြီး။
  42. FAQ Works in TB Status 31 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2021 တွင် ပြန်စစ်ပြီး။
  43. Text of the MPA's letter to Go Daddy
  44. "IMSLP Under Attack" by Carolus, IMSLP Forum (21 April 2011)
  45. Tweet by Will Lines, Music Publishers Association (UK) (22 April 2011)
  46. MERLOT Awards: Exemplary Learning Materials MERLOT (2009)။ 15 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  47. The Top 100 Web Sites of 2009 – Undiscovered: Info – Reviews by PC Magazine PC Magazine (2009-07-27)။ 25 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  48. Associated Chamber Music Players (ACMP) Honored Edward Guo, Founder of the International Music Score Library Project (IMSLP) Asian American Arts Alliance။ 28 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2019 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]