နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

ဝီကီပီးဒီးယား မှ

နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄။)

၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်

(၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေ The Foreign Relations Act (၁၉၃၂ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေအမှတ် ၁၂)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်