နိယာမတရား ၅-ပါး

ဝီကီပီးဒီးယား မှ

နိယာမ တရား ၅-ပါး၊ တနည်း ၁၅-ပါး။ အမှတ် ၁-မှ ၅-အထိကို သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါနသုတ်မှ ယူပြသည်။ အဋ္ဌသာလိနီ။ ဋ္ဌ။၃၁၂-၌လည်းရှုပါ။ မြဲသောအလေ့အကျင့် သဘောတရားတို့ကို ခေါ်ဆိုသည်၊ ဤ၌ ပညာရှိကြီးများ ထုတ်ဆိုရေးသားချက် တစ်ဆယ့် offeredပါးကိုသာ ပြသော်လည်း အတိအကျ မမှတ်အပ်၊ ထိုထက်ပို၍လည်း ကြံဆယူငင်နိုင်သေး၏၊ ၎င်းကိုပင် 'ကမ္ဘာ့နိယာမ တရားကြီး ငါးပါး'ဟုလည်း ခေါ်ဆိုကြ၏။

  1. စိတ္တ နိယာမ - စိတ်တို့၏ အစဉ်အတိုင်း ရှေ့စိတ် နောက်စိတ် ဖြစ်ပွားသော သဘောတရား။
  2. ကမ္မ နိယာမ - ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကံနှင့်အလားတူစွာ ကမ္မဝိပါက်တရားချမ်းသာ,ဆင်းရဲတို့ဖြစ်ပွားခြင်းသဘော။
  3. ဗီဇ နိယာမ - သစ်စေ့ သစ်ညွန့် စသည်တို့၏ မူလမျိုးရိုးပင်ရင်းနှင့် အလားတူစွာပေါက်ခြင်းသဘော။
  4. ဥတု နိယာမ - ဆောင်း, နွေ, မိုယ်းဥတုတို့၌ နှင်းကျခြင်း, ပူအိုက်ခြင်း, မိုးရွာခြင်းစသော အစဉ်မပြတ် အလားတူ ဖြစ်ခြင်းသဘော။
  5. ဓမ္မ နိယာမ - ရေတို့၏ နိမ့်ရာသို့ စီးဆင်းခြင်း, သစ်ညွန့်တို့၏ ကောင်းကင်သို့ထိုးတက်ခြင်း,နေ လ ကြယ်တာရာတို့၏ ထွန်းလင်းတောက်ပ လှည့်လည်ခြင်း စသောသဘောတရားစု။
  6. ကပ္ပ နိယာမ - ကမ္ဘာ၏ ပဌမတည်ထောင် ဖြစ်ပေါ် ပျက်စီးပြုပြင် ပြောင်းလဲနေခြင်းသဘော။
  7. လိင်္ဂ နိယာမ - ထီး၊ မ သတ္တဝါတို့၏ အချင်းချင်း မတူ ထူးခြားသော အသွင်၊ အသံသဘော။
  8. ပထဝီ နိယာမ - မြေ၏ တည်ရာ မှီရာဖြစ်ခြင်း ခက်မာ ခိုင်ခန့်ခြင်း သဘော။
  9. အာပေါ နိယာမ - ရေ၏ နိမ့်ရာသို့စီးဆင်းခြင်း, အေးမြခြင်း, ပျော့ပျောင်းခြင်း သဘော။
  10. တေဇော နိယာမ - မီး၏ ပူလောင်ခြင်း, မြိုက်ကျွမ်းခြင်း, ကြေညက်စေခြင်း, ရင့်ရော် ဆွေးမြေ့စေခြင်းနှင့် ချမ်းအေးခြင်း သဘော။
  11. ဝါယော နိယာမ - လေ၏တွန်းကန် ထကြွ လှုပ်ရှား တောင့်ခိုင်ခြင်း သဘော။
  12. အာကာသ နိယာမ - ကောင်းကင်၏ ဟင်းလင်းပွင့်ခြင်း, ရေးခြစ်၍ မရခြင်း, အဆင်းအရောင်ရုပ်သွင် ကင်းခြင်း သဘော။
  13. သူရိယ နိယာမ - နေမင်း၏ အရောင်အဆင်းကိုပေးခြင်း, လက်ျာရစ် အမြဲလှည့်လည်ခြင်း,အရှေ့မှထွက်၍ အနောက်သို့ ဝင်ခြင်း သဘော။
  14. စန္ဒ တာရက နိယာမ - လနှင့် ကြယ်တာရာတို့၏ အလင်းရောင်ကိုပေးခြင်း, အမြဲလက်ျာရစ်လှည့်လည်၍သွားခြင်း, အရှေ့မှထွက်ပြီး အနောက်သို့ ဝင်ခြင်း သဘော။
  15. ပဋိစ္စ သမုပ္ပါဒ နိယာမ - ကုသိုလ် အကုသိုလ် တရားတို့၏ တခုဖြစ်လျှင်အခြားတခုဖြစ်ပေါ်လာခြင်း, သဘောတရားတခုချုပ်လျှင် အခြားတစ်ခု ချုပ်ငြိမ်းသွားသော သဘောတရားစုမျိုး။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း