မာတိကာသို့ ခုန်သွားရန်

နိဂျောလမ်း

ဝီကီပီးဒီးယား မှ
နိဂျောလမ်းနှင့် ခိယမချိလမ်း လမ်းဆုံ
ကျိုတိုမြို့တိရစ္ဆာန်ဥယျာဉ်
ကျိုတိုမြို့အနုပညာပြတိုက်
နိဂျောရဲတိုက်

နိဂျောလမ်း (二条通 にじょうどおり Nijō dōri) သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် လမ်းတစ်ခု ဖြစ်သည်။ ကျိုတိုမြို့၏ အရှေ့ဘက်မှ အနောက်ဘက်သို့ သွယ်တန်းတည်ရှိသည်။ အရှေ့ဘက်တွင် ရှိရခဝလမ်းမှ စတင်ပြီး အနောက်ဘက်တွင် နိဂျောရဲတိုက်အထိ ခန့်မှန်းခြေ ၃.၅ ကီလိုမီတာ ရှည်လျားသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ယခုလက်ရှိအချိန်ကာလ နိဂျောလမ်းသည် ကျိုတိုမြို့ကို "ဟဲအိအန်ခယော" အဖြစ် ခေါ်ဝေါ်ခဲ့စဉ်က နိဂျောအိုးဂျိလမ်းနှင့် အတူတူပင် ဖြစ်သည်။ အချက်အလက်များအရ လမ်းမ၏ အကျယ်သည် ၅၁ မီတာ (ယာဉ်များသွားလာသည့်လမ်းအကျယ်သည် ၄၃.၈ မီတာရှိ) ရှိသည်။ ကျိုတိုမြို့တွင် ဆုဇခုရိပ်သာလမ်းပြီးလျှင် ဒုတိယမြောက်အကျယ်ဆုံးလမ်းလည်း ဖြစ်သည်။[]

အဲဒိုခေတ်ကာလတွင် ဤလမ်းမနေရာသည် ဆေးဆိုင်များတည်ရှိခဲ့သည်။[] ယခုအချိန်အထိပင် ဆေးဆိုင်များသည် ဤနေရာတွင် ကျန်ရှိနေကြသေးသည်။ ၁၈၉၅ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ ဤလမ်းမပေါ်တွင် ကျိုတိုလျှပ်စစ်ရထားလိုင်းမှ ပြေးဆွဲခဲ့သည်။ ထိုဓာတ်ရထားသည် တဲရမချိလမ်းမှ ဂျင်းဂူးမိချိလမ်းအကြား ပြေးဆွဲခဲ့သည်။[]

လက်ရှိကာလ

[ပြင်ဆင်ရန်]

လက်ရှိကာလတွင် တဲရမချိလမ်း၏ အနောက်ဘက်အပိုင်းသည် ကျဉ်းမြောင်းသည့် တစ်လမ်းသွားလမ်း ဖြစ်လာသည်။ အရေးပါသည့် ယဉ်ကျေးမှု၊ အနုပညာနှင့် ပညာရေးဆိုင်ရာအဆောက်အဦများသည် ဤလမ်းအနီးဝန်းကျင်တွင် တည်ရှိသည်။[]

လမ်းတစ်လျှောက် အထင်ကရနေရာများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 通りの達人 二条通 ~ そうだ 京都、行こう。~ (in ja)။ 13 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-01 တွင် ပြန်စစ်ပြီး။
  2. 1 2 3 二条通 京都通百科事典 (in ja)။ 9 February 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-01 တွင် ပြန်စစ်ပြီး။
  3. 知っているようで知らない京都の魅力再発見! 「京の町あるき」一条通から九条通まで - クラブログ ~スタッフブログ~|クラブツーリズム (in en)။ 2020-10-01 တွင် ပြန်စစ်ပြီး။