နာယကဂုဏ် ၆-ပါး
ပုံပန်းသွင်ပြင်
(နာယကကျင့်ဝတ် ၆-ပါး မှ ပြန်ညွှန်းထားသည်)
နာယကဂုဏ် ၆-ပါး။ နာယက ပြုလုပ်သူတို့ လိုက်နာရမည့် ဂုဏ် ၆-ပါးဟူ၏။
- (၁) ခမာ - သည်းခံခြင်းခေါ် ခန္တီတရားများ ထားရှိရခြင်း၊
- (၂) ဇာဂရိယ - အစစအရာရာမှာ သတိထပ်ကြပ်ပါခြင်း နိုးကြားခြင်း၊
- (၃) ဥဋ္ဌာန - ငယ်သားတို့ထက် ဆထက်များစွာ လွန်သာသော လုံ့လ ရှိခြင်း၊
- (၄) သံဝိဘာဂ - လျောက်ပတ် လျော်ကန် တော်တန်သလို ခွဲစိတ် ချီးမြှောက် ထောက်ပံ့ရခြင်း၊
- (၅) ဒယာ - သူတပါးအား ကိုယ်နှင့်မခြား သနားကြင်နာရခြင်း၊
- (၆) ဣက္ခနာ - အလုံး စုံသော အခွင့်အရေးကို တွေးတောမြော်မြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံရခြင်း,စုံစမ်းခြင်း။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း