နာဂိုယာ တီဗွီ မျှော်စင်

ဝီကီပီးဒီးယား မှ
နာဂိုယာ တီဗွီ မျှော်စင်
ညအချိန်

နာဂိုယာ တီဗွီ မျှော်စင် (名古屋テレビ塔, Nagoya Terebi-tō) သည် ဂျပန်နိုင်ငံ အလယ်ပိုင်း၊ နာဂိုယာမြို့တွင် တည်ရှိသည့် ရုပ်မြင်သံကြားဆိုင်ရာ မျှော်စင် တခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Hisaya Ōdori ပန်းခြံတွင်ရှိသည့် ၎င်းရှေးကျသည့် မျှော်စင်အား ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၈၀ မီတာ အမြင့် ရှိပြီး မီတာ ၉၀ (the indoor Sky Deck) နှင့် ၁၀၀မီတာ (the outdoor Sky Balcony) အမြင့်တို့တွင် လေ့လာမှုဆိုင်ရာ ကုန်းပတ်ရှိသည်။ မီတာ သုံးဆယ် အမြင့်တွင် စားသောက်ဆိုင်တဆိုင်နှင့် ပြခန်းပါရှိသည်။ အပေါ်ထပ်တွင် ဘိုးလင်းပစ်သည့်ကွင်းပါရှိသည်။ ညအချိန်တွင် တောက်ပနေသည့် မီးများကြောင့် "Thunder Tower" ဟု အမည်ပြောင် ရရှိထားသည်။

ကျော်ကြားမှုများ[ပြင်ဆင်ရန်]

Mothra vs. Godzilla (၁၉၆၄) ရုပ်ရှင်တွင် မျှော်စင်အား ဆွဲနှုတ်သည့် ဇာတ်ဝင်ခန်းတွင်ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တွင် ပြန်လည်ဆန်းသစ်ထားသည့် Mothra vs. Godzilla တွင်လည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။ သည် တစ်ခါတွင် မွန်းစတား Battra မှ အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်ခဲ့သည်။

Seraph of the End အန်နီမဲ၏ အတွဲ (၂) အပိုင်း (၅)တွင်လည်းပါဝင်ခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°10′20.7″N 136°54′30″E / 35.172417°N 136.90833°E / 35.172417; 136.90833