မာတိကာသို့ ခုန်သွားရန်

နယူးကာဆယ် တက္ကသိုလ် ၊ ဩစတြေးလျ

ဝီကီပီးဒီးယား မှ
နယူးကာဆယ် တက္ကသိုလ်၊ ဩစတြေးလျ
နယူးကာဆယ် တက္ကသိုလ်၏ စည်းတံဆိပ်
ဆောင်ပုဒ်I look ahead
အမျိုးအစားအများပြည်သူဆိုင်ရာ
တည်ထောင်၁၉၆၅
သင်တန်းသား၃၇,၁၈၁
ဘွဲ့ကြိုဦးရေ၂၃,၇၃၂
တည်နေရာနယူးကာဆယ်မြို့, နယူးဆောက်သ်ဝေးလ်ပြည်နယ်,  ဩစတြေးလျ
အထိမ်းအမှတ် အရောင်ကြက်သွေးနှင့် အဖြူ
               
ဝဘ်ဆိုဒ်newcastle.edu.au

'နယူးကာဆယ်တက္ကသိုလ်' သည် ၁၉၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ဩစတြေးလျနိုင်ငံရှိ အများပြည်သူ ဆိုင်ရာ တက္ကသိုလ်တစ်ခု ဖြစ်သည်။ ၎င်းသည် နယူးဆောက်ဝေးလ်ပြည်နယ် ရှိ နယူးကာဆယ်မြို့၏ ဆင်ခြေဖုံးဖြစ်သော ကာလက်ဟမ်တွင် ပင်မ တက္ကသိုလ် ပရဝဏ် ရှိသည်။ တက္ကသိုလ်သည် နယူးဆောက်ဝေးပြည်နယ် ရှိ အော်ရင်ဘား နှင့် ပို့တ် မကွေးရီ၊ နယူးကာဆယ်မြို့ ပင်မ စီးပွားရေး ရပ်ကွက်၊ ဆစ်ဒနီမြို့ ပင်မ စီးပွားရေးရပ်ကွက်နှင့် စင်ကာပူ နိုင်ငံတို့တွင်လည်း ကျောင်းများဖွင့်လှစ်ထားသည်။ []

သမိုင်းကြောင်းအရ နယူးကာဆယ်ဆေးကျောင်း သည်ပြဿနာ အခြေပြုသင်ကြားရေး စနစ်ကို ဘွဲ့ကြို ဆေးပညာ ဘွဲ့ အတွက် အကောင်အထည်ဖော်ခဲ့သည်။ ထိုစနစ်အား နောက်တွင် ဩစတြေးလျနိုင်ငံ တစ်ဝှမ်းလုံးတွင် အသုံးပြုရန် ဩစတြေးလျဆေးကောင်စီမှ ပြဋ္ဌာန်းခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ၎င်းသည် ဘွဲ့ကြိုဆေးပညာနှင့် ကျန်းမာရေးသိပ္ပံ ဝင်ခွင့်စာမေးပွဲ (UMAT) ကိုစတင်ခဲ့သည်။ UMAT ကို ဩစတြေးလျနိုင်ငံ တဝှမ်းလုံးရှိ ဆေးကျောင်းအများအပြားက ရွေးချယ်ရန် ထပ်တိုး သတ်မှတ်ချက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လက်ခံခဲ့သည်။ []

နယူးကာဆယ်တက္ကသိုလ်သည် ဩစတြေးလျ တက္ကသိုလ်များ အဖွဲ့၏ အဖွဲ့ဝင် တက္ကသိုလ် တစ်ခုဖြစ်သည့်အပြင် အဆင့်မြင့် စီးပွားရေး ကောလိပ်များ အဖွဲ့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Locations The University of Newcastle။ 17 January 2010 တွင် ပြန်စစ်ပြီး။
  2. UMAT: A Validity Study Australian Council for Educational Research။ 27 December 2010 တွင် ပြန်စစ်ပြီး။
  3. All Member Schools – ordered by country/region, state, name AACSB International။ 6 January 2012 တွင် ပြန်စစ်ပြီး။