မာတိကာသို့ ခုန်သွားရန်

နယ

ဝီကီပီးဒီးယား မှ

နယသည်—

  1. နန္ဒိယာဝဋ္ဋနည်း
  2. တိပုလက္ခလနည်း
  3. သီဟဝိက္ကီဠိတနည်း
  4. ဒိသာလောစနနည်း
  5. အကုသနည်း

အားဖြင့် ၅-ပါး အပြားရှိသည်[]

ယင်းတွင်—

  1. ဇလပ်ပန်း၏ အထပ်ထပ်လည်ခြင်းနှင့်တူသော လည်ခြင်းရှိရာဖြစ်သော နည်းသည်လည်းကောင်း၊ နှစ်သက်တတ်သော တဏှာ၏ လည်ခြင်းရှိရာဖြစ်သော နည်းသည်လည်းကောင်း၊ ဝမ်းမြောက်တတ်သော ပီတိ၏လည်ခြင်းရှိရာဖြစ်သော နည်းသည်လည်းကောင်း၊ နန္ဒိယာဝဋ္ဋနည်း မည်၏[]
  2. လောဘ၊ ဒေါသ၊ မောဟဟူသော ၃-ပါးသော အစိတ်တို့ဖြင့် သံကိလေသပက္ခ၌ အလောဘ၊ အဒေါသ၊ အမောဟဟူသော ၃-ပါးသော အစိတ်တို့ဖြင့် ဝေါဒါနပက္ခ၌ တင့်တယ်တတ်သော နည်းသည် တိပုက္ခလနည်းမည်၏[]
  3. ခြင်္သေ့မင်းနှင့်တူတော်မူသော မြတ်စွာဘုရား၏ မြူးတူးပျော်ပါး ကစားစမ္ပယ်ခြင်းရှိရာဖြစ်သော နည်းသည်လည်းကောင်း၊ ခြင်္သေ့မင်း၏ မြူးတူးပျော်ပါး ကစားစမ္ပယ်ခြင်းနှင့်တူသော နည်းသည်၎င်း သီဟဝိက္ကီန္တိတနည်းမည်၏[]
  4. အတ္တနယ ၃-ပါးအပေါင်းဟုဆိုအပ်သော အရပ်မျက်နှာ၏အဖြစ်ဖြင့် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားတို့ကို ကြည့်ရှုတတ်၊ ကြည့်ရှုကြောင်း၊ ကြည့်ရှုရာ၊ ကြည့်ရှုခြင်းဟူသော နည်းသည် ဒိသာလောစနနည်းမည်၏[]
  5. ဒိသာလောစနနည်းဖြင့် ကြည့်ရှုအပ်ကုန်သော တရားတို့ကို ဆောင်ယူတတ်သော ချွန်းချိတ်နှင့်တူသော နည်းသည် အကုသနည်းမည်၏[]

ဆက်စပ်ဖတ်ရှုရန်


ကိုးကား

  1. နေတ္တိ၊၄၊၅။
  2. နေတ္တိ၊၄။ နေတ္တိ၊ဋ္ဌ၊၁၇။
  3. နေတ္တိ၊၄။ နေတ္တိ၊ဋ္ဌ၊၁၇။
  4. နေတ္တိ၊၄။ နေတ္တိ၊ဋ္ဌ၊၁၇၊၁၈။
  5. နေတ္တိ၊၄။ နေတ္တိ၊ဋ္ဌ၊၁၈။
  6. နေတ္တိ၊၄။ နေတ္တိ၊ဋ္ဌ၊၁၈။