နန်စီ ဝိက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

နန်စီဝိက်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဘွဲ့တံဆိပ်အများဆုံး ချီးမြှင့်ခြင်းခံရသော သူလျှိုတစ်ဦးဖြစ်သည်။ ဂျာမနီနိုင်ငံရှိ နာဇီပါတီ၏လျှို့ဝှက်ရဲအဖွဲ့ (ဂက်စတာပို)က ဖမ်းဆီးသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ်လွတ်မြောက်ခဲ့သူ ဖြစ်သောကြောင့် ကြက်ဖြူမလေးအဖြစ် ကျော်ကြားခဲ့သူလည်း ဖြစ်သည်။ ရဲရင့်သွက်လက်၍ ဆွဲဆောင်မှုရှိသော နန်စီဝိက်သည် ပြောက်ကျားတပ်ဖွဲ့ကို ဦးဆောင် ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၇ ရက် အသက် ၉၈ နှစ် အရွယ်တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)