နန်ဂျင်းမှကြွေမျှော်စင်

ဝီကီပီးဒီးယား မှ
Fischer von Erlach ၏ Plan of Civil and Historical Architecture တွင်ဖော်ပြထားသော ကြွေဘုရား (၁၇၂၁)

နန်ဂျင်းမှ ကြွေမျှော်စင်(သို့မဟုတ် ကြွေဘုရား) (Chinese: 南京陶塔; pinyin: Nánjīng Táotǎ) သည် ဘောင်အန်စီ (Bao'ensi)(ကျေးဇူးဘုရားကျောင်း) ဟုလည်း လူသိများပြီး တရုတ်နိုင်ငံ နန်ဂျင်း ရှိ ယန်စီမြစ်၏တောင်ဘက် ကမ်းပါးတွင် တည်ရှိသော သမိုင်းဝင် ရှေးဟောင်းသုတေသနနေရာတစ်ခုဖြစ်သည်။ ထိုအဆောက်အဦးသည် ၁၅ရာစုတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ်တည်ရှိခဲ့ပြီး အဆောက်အဦး၏ အစိတ်အပိုင်းအများစုမှာ ၁၉ရာစု တိုင်ပင်းပုန်ကန်မှု အတွင်း၌ ပျက်စီးခဲ့သည်။ သို့သော် ထိုမျှော်စင်သည် ယခုအခါ တဖန်ပြန်လည်တည်ဆောက်နေပြီဖြစ်သည်။

သက်ဆိုင်သောဆောင်းပါးများ[ပြင်ဆင်ရန်]