နစ်ခိုးရှိရနဲတောင်
| နစ်ခိုးရှိရနဲတောင် | |
|---|---|
| 日光白根山 | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၂,၅၇၈ m (၈,၄၅၈ ft)[၁] |
| ပေါ်လွင်မှု | ၁,၆၁၃ m (၅,၂၉၂ ft)[၁] |
| စာရင်းသွင်းခြင်း | Ultra, Ribu List of volcanoes in Japan |
| ကိုဩဒိနိတ် | 36°47′54″N 139°22′27″E / 36.79833°N 139.37417°Eကိုဩဒိနိတ်: 36°47′54″N 139°22′27″E / 36.79833°N 139.37417°E[၁] |
| ပထဝီဝင် | |
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Kanto" သည် မတည်ရှိနေပါ.
| |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geospatial Information Authority 25000:1 男体山 |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Lava dome, Lava flow[၂] |
| Volcanic arc | Northeastern Japan Arc |
| နောက်ဆုံး ပေါက်ကွဲမှု | July to September 1952 |
| နစ်ခိုးရှိရနဲတောင် | |||||
"Mt. Nikkō-Shirane" in kanji | |||||
| ဂျပန်အမည် | |||||
|---|---|---|---|---|---|
| Kanji | 日光白根山 | ||||
| |||||
နစ်ခိုးရှိရနဲတောင် (日光白根山, Nikkō-Shirane-san) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ နစ်ခိုးအမျိုးသားဥယျာဉ်တွင် တည်ရှိနေသည့် မီးတောင်တစ်ခု ဖြစ်သည်။ ၂၅၇၈ မီတာ မြင့်သည်။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်လည်း ဖြစ်သည်။ ဤတောင်၏ တောင်ထိပ်တစ်ခုဖြစ်သည့် အိုခုရှိရနဲတောင်သည် ချော်ရည်ကျဆင်း၍ ဖြစ်ပေါ်လာသည့် အမိုးခုံးသဏ္ဌာန်တောင် ဖြစ်သည်။ နစ်ခိုးရှိရနဲတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။ ထို့အပြင် တိုချိဂိစီရင်စုနှင့် ဂွန်းမစီရင်စုတို့တွင် ဤတောင်သည် ထင်ရှားသည့်တောင်တစ်ခုလည်း ဖြစ်သည်။
ဂွန်းမစီရင်စုတွင်လည်း "ခဆဆွတ် - ရှိရနဲ" ဟူသည့် အမည်ဖြင့် တောင်တစ်ခု ရှိသဖြင့် မရောထွေးစေရန် သတိပြုသင့်သည်။ ထိုတောင်သည် ဂွန်းမစီရင်စုရှိ တိုနဲမြို့၊ ခတရှိနရွာနှင့် တိုချိဂိစီရင်စု၊ နစ်ခိုးမြို့တို့အကြား နယ်နမိတ်ပေါ်တွင် တည်ရှိသည်။
နစ်ခိုးရှိရနဲတောင်သည် ရှိရနဲမီးတောင်တွင်ပါဝင်သည့် တောင်တန်းများဖြင့် ဝန်းရံတည်ရှိနေပြီး တစ်နှစ်ပတ်လုံး တိမ်များဖြင့် ဖုံးလွှမ်းနေတတ်သည်။ ခန်းတိုလွင်ပြင်မှ လှမ်းကြည့်မည်ဆိုပါက တောင်ထိပ်ပိုင်းကိုသာ မြင်ရသည်။ ဆောင်းရာသီတွင် တောင်ပေါ်တွင် အဖြူရောင်နှင်းလွင်ပြင်များ၊ နက်စောက်သည့် တောင်ဆင်ခြေလျောများဖြင့် တောင်ထိပ်သည် အဖြူရောင်ဖြစ်နေသည်။ နစ်ခိုးရှိရနဲတောင်ထိပ်သည် တိုချိဂိစီရင်စုနှင့် ဂွန်းမစီရင်စု နှစ်ခုစလုံးတွင် အမြင့်ဆုံးနေရာ ဖြစ်သည်။
ရှိရနဲမီးတောင်၏ ပတ်ဝန်းကျင်ဧရိယာကို နစ်ခိုးအမျိုးသားဥယျာဉ်တွင် ပါဝင်သည်ဟု သတ်မှတ်ထားသည်။ ထိုဒေသတွင် အမျိုးမျိုးသော သဘာဝဆန်သည့်နေရာများ ပါဝင်သည်။ ဥပမာအားဖြင့် ဂိုရှိခိရေကန်၊ ယုနိုရေကန်၊ ယုရေတံခွန်များ၊ ဆန်းဂျောမြေရိုင်းကွင်း၊ အိုဒရှိရိုမြေရိုင်းကွင်း စသည်တို့ တည်ရှိနေသည်။ အမျိုးသားဥယျာဉ်နေရာအဖြစ် သတ်ထားထားခြင်းနှင့်အတူ တောင်ပေါ်တွင် ပေါက်ရောက်သည့်အပင်များ၊ ဟင်းသီးဟင်းရွက်များကိုလည်း ကာကွယ်ထားသည်။
ဝေါဟာရ
[ပြင်ဆင်ရန်]"ရှိရနဲ" သည် နှင်းများဖုံးနေသည့် အဖြူရောင်တောင်ဟု အဓိပ္ပါယ်ရှိသည်။ "ရှိရနဲ" ဟု အမည်ရှိသည့် တောင်များစွာ ဂျပန်နိုင်ငံတွင် ရှိသည်။ ထို့ကြောင့် အခြားသောတောင်များနှင့် ကွဲပြားစေရန်အတွက် "နစ်ခိုး -ရှိရနဲ" ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ဂျပန်ဘာသစကားဖြင့် 白根 (ရှိရ - နဲ) ဟု ရေးသားသည်။ 白 (ရှိရ) သည် "အဖြူ" ဟု အဓိပ္ပါယ်ရှိပြီး၊ 根 (နဲ) သည် "အမြစ်" ဟူသည့် အဓိပ္ပါယ်ရှိသည်။ တောင်ထိပ်ဖြစ်သည့် "အိုခုရှိရနဲ" ကို ဂျပန်ဘာသာဖြင့် 奥白根 (oku-shirane) ဟု ရေးသားပြီး "အနက်ဆုံး သို့မဟုတ် အတွင်းအကျဆုံး" ဟု အဓိပ္ပါယ်ရသည်။
မီးတောင်ပေါက်ကွဲမှုနှင့် သမိုင်းကြောင်း
[ပြင်ဆင်ရန်]ထင်ရှားသည့် မီးတောင်ပေါက်ကွဲမှုများ
[ပြင်ဆင်ရန်]တောင်တက်ခြင်း
[ပြင်ဆင်ရန်]တောင်ပေါ်သို့ ဂွန်းမစီရင်စု၊ တိုချိဂိစီရင်စု နှစ်ခုစလုံးမှ တက်ရောက်နိုင်သည်။ တောင်ပေါ်သို့ ရောက်ရှိနိုင်သည့် အဓိကတောင်တက်လမ်းများမှာ ဆိုတိုယာမလမ်းကြောင်းမှတဆင့် သွားရသည့် နစ်ခိုးယုမိုတိုအွန်းဆန်း၊ တန်းဂုဒိုင်းရ၊ မအဲရှိရနဲ၊ မိဒဂဂရေကန်မှတဆင့်သွားရသည့် ဆုဂနုမလမ်းကြောင်း၊ ဂေါ့ရှိခိယာမ/ မိဒဂအိခဲ စသည်တို့မှ သွားရသည့် ခင်ဆဲလမ်ကြောင်းတို့ ဖြစ်ကြသည်။[၃] တောင်ခြေတွင်ရှိသည့် မရုနုမမှတဆင့်လည်း တက်ရောက်နိုင်သည်။ ထိုနေရာသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၀၀၀ မီတာဝန်းကျင်ရှိပြီး နစ်ခိုးရှိရနဲကေဘယ်ကြိုးလိုင်းကို စီးနင်းကာ တက်ရောက်နိုင်သဖြင့် တောက်တက်ခြင်းကို လွယ်ကူသွားစေသည်။ များသောအားဖြင့် တောင်တက်လမ်းများသည် မေလ အလယ်ပိုင်းမှစ၍ အောက်တိုဘာလအကုန်ပိုင်းအထိ တက်ရောက်ရန် အကြံပြုထားသည်။ ဆောင်းရာသီရောက်ရှိပါက တောင်တွင် နှင်းများထူထပ်စွာကျဆင်းပြီး အလွန်အမင်း အေးသည်။ ထို့အတွက်ကြောင့် အတွေ့အကြုံရှိသည့်တောင်တက်သမားမဟုတ်ပါက ထိုသတ်မှတ်ထားသည့်ကာလအပြင်ဘက်၍ တက်ရောက်ခြင်းကို ရှောင်ရှားသင့်သည်။[၄][၅]
- ဂိုရှိခိအရေးပေါ်တဲငယ်
- ဆောင်းတွင်းအခြေအနေ၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Nikko-Shiranesan - Japan Meteorological Agency (in ဂျပန်)
- Nikko-Shiranesan: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Nikko Shirane San - Geological Survey of Japan
- Nikko-Shiranesan။ Smithsonian Institution။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 "Japan Ultra-Prominences" (Listed here as "Oku-shirane-san"). Peaklist.org. Retrieved 2013-03-22.
- ↑ Nikko Shirane San - Geological Survey of Japan
- ↑ Mt. Nikkō Shirane Yamakei Online (in Japanese).
- ↑ 栃木県の山 (Mountains of Tochigi Prefecture, in Japanese) ISBN 978-4-398-76674-8
- ↑ 山と高知地図 日光 白根・男体 1:50,000 (Nikko; Shirane and Nantai Maps, in Japanese) ISBN 978-4-398-76674-8