နင်တန်းဒို
နင်တန်းဒိုကုမ္ပဏီသည် ဂျပန်နိုင်ငံရှိ လျှပ်စစ်လူသုံးကုန်နှင့် ဗီဒီယိုဂိမ်း ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ တိုကျိုမြို့တွင် အခြေစိုက်သည်။ နင်တန်းဒိုသည် ကမ္ဘာ့ဈေးကွက်အမြတ်အစွန်း အများဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထို့ပြင် Mario, The Legend of Zelda နှင့် Pokémon တို့ကဲ့သို့သော ထင်ရှားကျော်ကြားပြီး ရောင်းအားအကောင်းဆုံး ဗီဒီယိုဂိမ်းများကို ထုတ်လုပ်ဖန်တီးခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။
ကုမ္ပဏီကို ၁၈၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖုဆဂျိရို ယာမအုချိ (Fusajiro Yamauchi) က တည်ထောင်ခဲ့သည်။ မူလက ဟနဖုဒဟု ခေါ်သည့် ဖဲကစားနည်းတွင် အသုံးပြုသည့် ကဒ်များကို လက်ဖြစ် (လူဖြင့် ပြလုပ်) ပြုလုပ်သည့် အလုပ်ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် တက္ကစီဝန်ဆောင်မှုလုပ်ငန်းများ၊ love hotels များ စသည်တို့ကဲ့သို့သော စီးပွားရေးလုပ်ငန်းအသေးများစွာကို ပြုလုပ်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် အများ၏ ထောက်ခံမှုကို ရရှိခဲ့သည် ယခင်က တီထွင်ပြုလုပ်မှုများကို စွန့်လွှတ်ကာ ကုမ္ပဏီသည် ၁၉၇၀ ခုနှစ်တွင် ဗီဒီယိုဂိမ်းတစ်ခုကို တီထွင်ခဲ့သည်။
၁၉၈၀ ခုနှစ် ရောက်သောအခါတွင် နင်တန်းဒိုသည် အမေရိကနှင့် ဥရောပတွင် အဓိကဌာနခွဲများကို တိုးချခဲ့ခဲ့ပြီး ၎င်းသည် အဆုံးတွင် အရှိန်အဝါအကြီးမားဆုံး လုပ်ငန်းနှင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် ၂၀၁၈ ခုနှစ်၌ ဒေါ်လာ ၃၇ဘီလီယံကျော် ဈေးကွက်တန်ဖိုးရှိလာခဲ့ပြီး တန်ဖိုးအရှိဆုံးကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။
သမိုင်း[ပြင်ဆင်ရန်]
၁၈၈၉ - ၁၉၅၆ ကဒ်ကုမ္ပဏီတစ်ခု အဖြစ်[ပြင်ဆင်ရန်]
နင်တန်ဒိုကို ကတ်ကုမ္ပဏီတစ်ခုအဖြစ် ဖုဆဂျရိုယာမအိချိသည် ၁၈၈၉ ခုနှစ်၊ စက်တင်ဘလ၊ ၂၃ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ကုမ္ပဏီသည် ကျိုတိုတွင် အခြေစိုက်ပြီး လုပ်ငန်းသည် ဟနဖုဒ (hanafuda) ကတ်များကို ထုတ်လုပ်ပြီး ဈေးကွက်တွင် ရောင်းချခဲ့သည်။ လက်ဖြင့် ပြုလုပ်သည့် ကတ်များသည် မကြာမီပင် လူသိများထင်ရှားလာခဲ့ပြီး ယာမအိချိသည် အကူများကို ငှားရမ်းကာ ကတ်များကို များစွာထုတ်လုပ်ခဲ့ပြီး ဝယ်လိုအားကို ဖြည့်ဆည်းခဲ့သည်။ ကုမ္ပဏီကို ပုံမှန်ပင် ယာမအုချိ နင်တန်းဒိုနှင့် ကုမ္ပဏီလိမိတက်ဟု အမည်တပ်ကာ ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းသည် ကုမ္ပဏီ၏ အမည်ကို ၁၉၅၁ ခုနှစ်တွင် Nintendo Playing Card Co.Ltd ဟု ပြောင်းလဲခဲ့ပြန်သည်။ နင်တန်ဒိုသည် ကတ်များထုတ်လုပ်မှုကို ဆက်လက်ကာ ပြုလုပ်ခဲ့ပြီး “Nintendo Cup” ပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။ Nintendo ဟူသည့် စကားလုံးကို “Leave luck to heaven” ဟု ဘာသာပြန်နိုင်သည်။