မာတိကာသို့ ခုန်သွားရန်

နဂအိုခခယော

ဝီကီပီးဒီးယား မှ
နဂအိုခခယော
長岡京
ကျိုတိုစီရင်စုမုခိုးမြို့ရှိ နဂအိုခနန်းတော်အပျက်အစီးများအထိမ်းအမှတ်နေရာ
ဂျပန်နိုင်ငံတွင်း တည်နေရာ
ဂျပန်နိုင်ငံတွင်း တည်နေရာ
Nagaoka-kyō
ဂျပန်နိုင်ငံတွင်း တည်နေရာ
ဂျပန်နိုင်ငံတွင်း တည်နေရာ
နဂအိုခခယော (ဂျပန်နိုင်ငံ)
တည်နေရာMukō, Kyoto, Japan
ဒေသKinai region
ကိုဩဒိနိတ်34°56′36.6″N 135°42′11.4″E / 34.943500°N 135.703167°E / 34.943500; 135.703167
သမိုင်းကြောင်း
ကာလအပိုင်းအခြားNara - Heian period
ဆိုဒ်မှတ်ချက်များ
အများပြည်သူ ဝင်ရောက်ခွင့်Yes (no facilities)
တမ်းပလိတ်:Maplink2
Chōdō-in (朝堂院) of Nagaoka-kyō (restoration model)

နဂအိုခခယော (長岡京) သည် ၇၈၄ ခုနှစ်မှ ၁၉၄ ခုနှစ်အထိ ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ဤမြို့တော်ဟောင်းသည် ယာမရှိရိုတိုင်းပြည်၊ အိုတိုခုနိဒေသတွင် ရှိခဲ့သည်။ ဧရိဘာအားဖြင့် ၄.၃ x ၅.၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ လက်ရျိကာလ မုခိုးမြို့၊ နဂအိုခခယောမြို့၊ အိုးယမဇခိမြို့နှင့် နိရှိခယောရပ်ကွက်များနှင့် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေသည်။ မုခိုးမြို့၏ အနီးအနား ခိုင်းဒဲချော (Kaidecho) တွင် နန်းတော်၏ အပျက်အစီးများကို တွေ့ရသည်။ ၎င်းနေရာကို ၁၉၆၄ ခုနှစ်ကတည်းက နိုင်ငံတော်၏ သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့်ဧရိယာကို တိုးချဲ့ခဲ့သည်။

အကြောင်းအရာ

[ပြင်ဆင်ရန်]

နဂအိုခခယောကို ဘုရင်ခန်းမု (Kanmu) တည်ထောင်ခဲ့သည်။ သူသည် ဟဲအိဂျော-ခယောမြို့၏ မြောက်ဘက် ၄၀ ကီလိုမီတာအကွာတွင် မြို့အသစ်ကို တည်ထောင်ခဲ့သည်။ သူသည် ဟဲအိဂျောခယောမြို့သည် ပထဝီသွင်ပြင်အရ အားနည်းချက်များရှိနေခြင်းကို ကျော်လွှားရန်အတွက် မြို့အသစ်ကို တည်ဆောက်ခဲ့သည်။ နဂအိုခခယောသည် ခဆွတ်ရမြစ်၊ အုဂျိမြစ်နှင့် ယောဒိုမြစ် စသည့်မြစ်သုံးခုဆုံရာနေရာတွင် တည်ရှိသည်။ ယမဇခိဆွတ်ဟု အမည်ရှိသည့် ဆိပ်ကမ်းသည် တစ်နိုင်ငံလုံးမှ ကုန်ပစ္စည်းများကို တင်ချပြုလုပ်ရာနေရာ ဖြစ်သည်။ ထိုဆိပ်ကမ်းမှတဆင့် လှေငယ်များဖြင့် ပြောင်းလဲသယ်ယူကြသည်။ ထိုနည်းလမ်းဖြင့် နဂအိုခခယောသို့ ကုန်ပစ္စည်းပို့ဆောင်ခြင်းကို လွယ်ကူစွာ လုပ်နိုင်ခဲ့သည်။ ဟဲအိဂျောခယောမြို့သည် ကုန်းတွင်းပိုင်းတွင်ရှိနေသဖြင့် ကုန်းလမ်ကြောင်းမှ သယ်ယူရမည် ဖြစ်သည်။ ထို့အပြင် နဂအိုခခယော၏ အရှေ့တောင်ဘက်ရှိ အိုဂုရရေကန်သည် ထိုအချိန်က ကုန်ပစ္စည်းထားရှိရန်နေရာအဖြစ် အသုံးပြုခဲ့သည်ဟု ယူဆမှုများ ရှိသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများ ပြုလုပ်ခဲ့ရာတါင် နဂအိုခခယော၏ အိမ်တိုင်းအားလုံးနီးပါးတွင် ရေတွင်းတစ်ခုစီ ရှိကြသည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]