နဂနိုခရိုင်
| နဂနိုခရိုင် 長野県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 長野県 | ||
| • Rōmaji | Nagano-ken | ||
| |||
| အထိမ်းအမှတ်သီချင်း: Shinano no Kuni | |||
| Country | Japan | ||
| Region | Chūbu (Kōshin'etsu) | ||
| Island | Honshu | ||
| Capital | Nagano | ||
| Subdivisions | Districts: 14, Municipalities: 77 | ||
| အစိုးရ | |||
| • Governor | Shuichi Abe | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၁၃၅၆၁.၅၆ စတုရန်းကီလိုမီတာ (၅၂၃၆.၁၅ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 4th | ||
| လူဦးရေ (July 1, 2023) | |||
| • စုစုပေါင်း | ၂၀၀၇၆၈၂ | ||
| • အဆင့် | 16th | ||
| • သိပ်သည်းမှု | ၁၅၀/km၂ (၃၈၀/sq mi) | ||
| GDP[၁] | |||
| • Total | JP¥ 8,918 billion US$ 65.9 billion (2022) | ||
| ISO 3166 ကုဒ် | JP-20 | ||
| ဝဘ်ဆိုက် | pref.nagano.lg.jp | ||

နဂနိုခရိုင် (長野県, နဂနိုခန်း[၂]) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ချူးဘုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ ဤခရိုင်သည် ကုန်းတွင်းပိတ်ဒေသလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် လူဦးရေ ၂,၀၀၇,၆၈၂ ဦး ရှိသည်။ ဧရိယာ ၁၃,၅၆၁.၅၆ စတုရန်းကီလိုမီတာ (၅,၂၃၆.၁၅ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြောက်ဘက်တွင် နီးဂတခရိုင်၊ အရှေ့မြောက်ဘက်တွင် ဂွန်းမခရိုင်၊ အရှေ့ဘက်တွင် ဆိုင်းတမခရိုင်၊ အရှေ့တောင်ဘက်တွင် ယမနရှိခရိုင်၊ တောင်ဘက်တွင် ရှိဇုအိုခခရိုင်နှင့် အအိချိခရိုင်၊ အနောက်ဘက်တွင် တိုယမခရိုင်နှင့် ဂိဖုခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
နဂနိုမြို့သည် ခရိုင်မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ ဖြစ်သည်။ အခြားသော အဓိကမြို့များမှာ မဆွတ်မိုတိုမြို့၊ အုအဲဒမြို့နှင့် အီးဒမြို့တို့ ဖြစ်သည်။[၃] ခရိုင်သည် ဂျပန်တောင်တန်း၏ ကုန်းမြင့်ပေါ်တွင် တည်ရှိသည့်အတွက် လူသိများသည်။ ဂျပန်တောင်တန်းရှိ ဟိဒတောင်တန်း၊ ခိဆိုတောင်တန်း၊ အခအိရှိတောင်တန်းတို့သည် ခရိုင်၏ နယ်နိမိတ်အတွင်း တည်ရှိနေကြသည်။ ဂျပန်နိုင်ငံရှိ အမြင့်ဆုံးတောင် ၁၂ ခုထဲမှ ၉ ခုသည် နဂနိုခရိုင်အတွင်း တည်ရှိသည်။ တောင်တန်းများ၊ သဘာဝရှုခင်းများနှင့် သမိုင်းကြောင်းများကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ခံရသည်။ ခရိုင်သည် ဆောင်းရာသီကာ အားကစားပြုလုပ်ရာ ခရီးသွားနေရာလည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ ခရိုင်ရှိ ဟိုခုရိခုရှင်းခန်းဆန်းရထားလိုင်းသည် တိုကျိုမြို့၊ တိုယမခရိုင်နှင့် ခနဇဝခရိုင်တို့ကို တိုက်ရိုက်ပြေးဆွဲလျက်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]နဂနိုခရိုင်သည် ကုန်းတွင်းပိတ်ခရိုင်တစ်ခု ဖြစ်သည်။ ဂျပန်နိုင်ငံရှိ အခြားသောခရိုင်များထက် နယ်နိမိတ်ထိစပ်နေသည့် ခရိုင် ပိုမိုများပြားသည်။ မြောက်ဘက်တွင် နီးဂတခရိုင်၊ အရှေ့မြောက်ဘက်တွင် ဂွန်းမခရိုင်၊ အရှေ့ဘက်တွင် ဆိုင်းတမခရိုင်၊ အရှေ့တောင်ဘက်တွင် ယမနရှိခရိုင်၊ တောင်ဘက်တွင် ရှိဇုအိုခခရိုင်နှင့် အအိချိခရိုင်၊ အနောက်ဘက်တွင် ဂိဖုခရိုင်နှင့် တိုယမခရိုင်တို့ တည်ရှိသည်။ ခရိုင်သည် ဂျပန်နိုင်ငံရှိ ပင်လယ်ပြင်အားလုံးမှ အဝေးဆုံးနေရာတွင် တည်ရှိသည့် ဒေသလည်း ဖြစ်သည်။ ထိုအဝေးဆုံးနေရာမှာ ဆခုမြို့ ဖြစ်သည်။ တောင်ထူထပ်သည့် မြေမျက်နှာသွင်ပြင်သည် ခရိုင်ရှိဒေသများကို သီးခြားဖြစ်နေစေသည်။ ခရီးသွားများသည် တောင်ပေါ်အပန်းဖြေခြင်းနှင့် ရေပူစမ်းစိမ်ခြင်းတို့အတွက် လည်ပတ်ကြသည်။ ဂျပန်နိုင်ငံရှိ အမြင့်ဆုံးတောင် ၁၂ ခုမှ ၉ ခုကို နဂနိုခရိုင်တွင် တွေ့နိုင်သည်။ ခရိုင်အတွင်းတည်ရှိသည့် ခိဇခိကန်သည် ထင်ရှားသည့် ကမ်းခြေအပန်းဖြေနေရာတစ်ခုဖြစ်ကာ ရေကစားခြင်းများ လုပ်ဆောင်နိုင်သည်။ ရာသီဥတုအနေဖြင့် နွေရာသီတွင် နွေးထွေးသည်။ ဆောင်းရာသီတွင် အေးမြကာ နှင်းကျဆင်းသည်။ အခြားသော အနိမ့်ပိုင်းရှိ ကမ်းရိုးတန်းဒေသများနှင့် နှိုင်းယှဉ်ပါက နဂနိုခရိုင်သည် စိုထိုင်းဆနည်းပါးသည်။
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ခရိုင်၏ နယ်မြေဧရိယာ ၂၁ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ချိချိဘုတမခိုင်ခအိ၊ ချူးဘု - ဆန်းဂခု၊ ဂျောရှင်းအဲဆွတ် - ခိုးဂန်း၊ မိနမိတောင်တန်းများအမျိုးသားဥယျာဉ်၊ မယောဂိ - အရဖုနဲ - ဆခုခိုးဂန်း၊ တန်းရူး - အိုခုမိခဝနှင့် ယဆွတ်ဂတခဲ - ချူးရှင်း ခိုးဂန်းအမျိုးသားဥယျာည်များ၊ ချူးအိုးတောင်တန်း၊ အန်းရဲအိုးဂျော၊ ဟိဂျိရိယမခိုးဂန်း၊ မိဘုဂဝဆုအိခဲအိ၊ အွန်းတခဲ၊ တန်းရူးခိုရှိဘုခုအိခဲအိစီရင်စုဥယျာဉ်များတို့ ဖြစ်ကြသည်။[၄]
မြို့ပြဒေသများ
[ပြင်ဆင်ရန်]

City Town Village





နဂနိခရိုင်တွင် မြို့ကြီး ၁၉ ခု ပါဝင်သည်။ ၎င်းတို့မှာ -
မြို့ငယ်နှင့် ရွာများ
[ပြင်ဆင်ရန်]ဒေသတစ်ခုချင်းစီရင် မြို့ငယ်နှင့် ရွာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% p.a. |
| 1880 | ၁၀၀၀၄၁၄ | — |
| 1890 | ၁၁၄၆၀၇၁ | +1.37% |
| 1903 | ၁၃၄၈၅၅၆ | +1.26% |
| 1913 | ၁၄၈၄၂၀၅ | +0.96% |
| 1920 | ၁၅၆၂၇၂၂ | +0.74% |
| 1925 | ၁၆၂၉၂၁၇ | +0.84% |
| 1930 | ၁၇၁၇၁၁၈ | +1.06% |
| 1935 | ၁၇၁၄၀၀၀ | −0.04% |
| 1940 | ၁၇၁၀၇၂၉ | −0.04% |
| 1945 | ၂၁၂၁၀၅၀ | +4.39% |
| 1950 | ၂၀၆၀၈၃၁ | −0.57% |
| 1955 | ၂၀၂၁၂၉၂ | −0.39% |
| 1960 | ၁၉၈၁၄၃၃ | −0.40% |
| 1965 | ၁၉၅၈၀၀၇ | −0.24% |
| 1970 | ၁၉၅၆၉၁၇ | −0.01% |
| 1975 | ၂၀၁၇၅၆၄ | +0.61% |
| 1980 | ၂၀၈၃၉၃၄ | +0.65% |
| 1985 | ၂၁၃၆၉၂၇ | +0.50% |
| 1990 | ၂၁၅၆၆၂၇ | +0.18% |
| 1995 | ၂၁၉၃၉၈၄ | +0.34% |
| 2000 | ၂၂၁၅၁၆၈ | +0.19% |
| 2005 | ၂၁၉၆၁၁၄ | −0.17% |
| 2010 | ၂၁၅၂၄၄၉ | −0.40% |
| 2015 | ၂၀၉၉၇၅၉ | −0.49% |
| 2020 | ၂၀၅၂၄၉၃ | −0.45% |
| source:[၅] | ||
နဂနိုခရိုင်၏ မျှော်လင့်နိုင်သည့် လူ့သက်တမ်းသည် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး ဖြစ်သည်။ ပျမ်းမျှမျှော်လင့်သက်တမ်းသည် အမျိုးသမီးများသည် ၈၇.၁၈ နှစ်၊ အမျိုးသားများသည် ၈၀.၈၈ နှစ် ဖြစ်သည်။[၆]
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ရထားလမ်း
[ပြင်ဆင်ရန်]- Central Japan Railway Company
- Chūō Main Line (west line)
- Iida Line
- East Japan Railway Company
- Chūō Main Line (east line)
- Hokuriku Shinkansen
- Koumi Line
- Ōito Line (from Matsumoto to Minami-Otari)
- Shin'etsu Main Line
- Shinonoi Line
- Matsumoto Electric Railway
- Nagano Electric Railway
- Nagano Line
- Shinano Railway
- Ueda Dentetsu
- West Japan Railway Company
- Ōito Line (from Minami-Otari to Itoigawa)
|
ကားလမ်း
[ပြင်ဆင်ရန်]အမြန်လမ်းများ
[ပြင်ဆင်ရန်]- Chubu-jukan Expressway
- Chubu-odan Expressway
- Chuo Expressway
- Joshinetsu Expressway
- Nagano Expressway
- Sanen-nanshin Expressway
နိုင်ငံအဆင့် အဝေးပြေးလမ်းမများ
[ပြင်ဆင်ရန်]- Route 18
- Route 19 (Nagano-Matsumoto-Shioriri-Nagiso-Nakatsugawa-Tajimi-Nagoya)
- Route 20 (Matsumoto-Suwa-Kofu-Otsuki-Hachioji-Nihonbashi of Tokyo)
- Route 117
- Route 141
- Route 142
- Route 143 (Matsumoto-Azumino-Ueda)
- Route 144
- Route 147 (Matsumoto-Omachi)
- Route 148 (Omachi-Itoigawa)
- Route 151 (Iida-Shinshiro-Toyohashi)
- Route 152
- Route 153 (Nagoya-Toyota-Iida-Shioriri)
- Route 158 (Fukui-Gujo-Takayama-Matsumoto)
- Route 254
- Route 256 (Gifu-Gujo-Gero-Nakatsugawa-Nagiso-Iida)
- Route 403
- Route 406 (Omachi-Hakuba-Nagano-Susaka-Tsumagoi-Takasaki)
- Route 418 (Ono-Seki-Ena-Iida)
လေဆိပ်များ
[ပြင်ဆင်ရန်]ခရိုင်တွင် မဆွတ်မိုတိုလေဆိပ် ရှိသည်။ ဤလေဆိပ်သည် ပြည်တွင်းလေကြောင်းလိုင်းများကိုသာ ပြေးဆွဲပေးလျက်ရှိသည့် အဓိကလေဆိပ်ဖြစ်သည်။ သို့သော်လည်း အနီးအနားရှိ ခရိုင်ဒေသများတွင်မူ အပြည်ပြည်ဆိုင်ရာလေဆိပ်များ ရှိကြသည်။ ၎င်းတို့မှာ အအိချိခရိုင်ရှိ ချူးဘုဗဟိုအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရှိဇုအိုခခရိုင်ရှိ ရှိဇုအိုခလေဆိပ်၊ တိုယမခရိင်ရှိ တိုယမလေဆိပ်၊ တိုကျိုမြို့ရှိ ဟနဲဒလေဆိပ်နှင့် နရိတအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ ဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာလေဆိပ်များကို ခရိုင်အတွင်းရှိ ခရီးသွားများသည် အသုံးပြုကြသည်။
ပညာရေး
[ပြင်ဆင်ရန်]တက္ကသိုလ်များ
[ပြင်ဆင်ရန်]အများပြည်သူဆိုင်ရာ
[ပြင်ဆင်ရန်]- Shinshu University (National)
- Nagano College of Nursing (Prefectural)
- The University of Nagano (Prefectural)
- Nagano University [Municipal (Ueda City)]
- Suwa Tokyo University of Science [Municipal (Chino City)]
ပုဂ္ဂလိကပိုင်တက္ကသိုလ်များ
[ပြင်ဆင်ရန်]- Matsumoto University (Private)
- Matsumoto Dental University (Private)
- Saku University (Private)
- Seisen Jogakuin College (Private)
စီးပွားရေး
[ပြင်ဆင်ရန်]နဂနိုခရိုင်တွင် ကြီးမား၍ ကျယ်ပြန့်သည့် စီးပွားရေးလုပ်ငန်းများ ရှိသည်။ ၎င်းလုပ်ငန်များသည် လျှပ်စစ်ပစ္စည်းများ၊ သတင်းအချက်အလက်နည်းပညာ၊ တိုင်းတာရေးစက်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် အစားအစာလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတို့အပေါ် အခြေခံထားသည်။ ၂၀၁၇ ခုနှစ်တွင် ခရိုင်၏ စုစုပေါင်းဂျီဒီပီသည် ယန်း ၈.၅ ထရီလီယံခန့် ရှိခဲ့သည်။ ဂျပန်နိုင်ငံ၏ ကုမ္ပဏီကြီးများဖြစ်ကြသည့် Citizen Watch, MinebeaMitsumi, Seiko Epson နှင့် Vaio တို့သည် နဂနိုခရိုင်တွင် ထုတ်လုပ်ရေးစက်ရုံများကို တည်ဆောက်ထားကြသည်။
ခရီးသွားနေရာများ
[ပြင်ဆင်ရန်]- Five Mountains of Northern Shinshu
- Kamikōchi
- Lake Kizaki
- Lake Suwa
- Mount Kirigamine
- Suwa-taisha, one of the oldest shrines in Japan
- Matsumoto Castle, one of Japan's national treasures
- One of the world's highest geysers (40–50 meters) in Suwa
- Zenkō-ji temple
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ Nagano Prefecture နှင့်ပတ်သက်သော မီဒီယာများ- Nagano Prefecture Official Website (in ဂျပန်)
- Nagano Prefecture Official Website (in အင်္ဂလိပ်)
- Nagano Prefecture Tourism Website (in အင်္ဂလိပ်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Nussbaum, "Nagano" at p. 682, p. 682, at Google Books
- ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment (1 April 2014)။ 28 September 2017 တွင် ပြန်စစ်ပြီး။
- ↑ Statistics Bureau Home Page။
- ↑ Nagano Prefecture has achieved the highest life expectancy in Japan, after long efforts of improving each one's lifestyle (December 9, 2013) | 公益財団法人フォーリン・プレスセンター(FPCJ) (8 December 2013)။






