ဓမ္မရာဇဝင်ပထမစောင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဓမ္မရာဇဝင်ပထမစောင်သည် အနှိုင်းမဲ့စိတ်ဝင်စားစရာဖြစ်သည်။ သမိုင်းဖြစ်စဉ်သာမက၊ လူသုံးယောက်အပေါ် အခြေခံ၍ ဖြစ်ရပ်မှန်များဖြင့် သင်ခန်းစာချယ်မှုန်းထားသည်။ ရှမွေလ၊ ရှောလုနှင့် ဒါဝိဒ်တို့အကြောင်း အပိုင်းလိုက် အကန့်လိုက် မွှမ်းထုံထားသည်။

၁။ စံတော်မီဝိသေသလက္ခဏာ

ဓမ္မရာဇဝင် ပဋ္ဌမစောင်နှင့် ဒတိယစောင်မပါရှိလျှင် ဓမ္မဟောင်းကျမ်းသည် ကြားကွက်လပ် လဟာကြီး ရှိနေမည်။ မူရင်းကျမ်းတွင် တအုပ်တည်းဖြစ်သော်လည်း Septuagint မှ ကူးယူ ဘာသာပြန်သူက သပ်ယပ်ရှင်းလင်းမှုရှိစေရန် နှစ်ပိုင်းအဖြစ်ခွဲကန့်လိုက်သည်။ ဓမ္မဟောင်း ကျမ်းမူတိုင်းသည် ဟေဗြဲကျမ်း စာသွားစာလာနှင့် မကင်းနိုင်ကြ။

ယုဒလူနှင့် ခရစ်ယာန်ဘာသာဝင် သန်းပေါင်းများစွာတို့သည် ရှမွေလ၊ ဒါဝိဒ်နှင့် ကာလိယ၊ ဒါဝိနှင့်ယောနသန်၊ ရှောလုလက်မှ ဒါဝိဒ်နှင့် ထွက်ပြေးတိမ်းရှောင်ခြင်း၊ မေဖိဗောရှက်အပေါ် ကရုဏာ သက်ရောက်ပုံနှင့် သားအဗ္ဗရှလုံ ပုန်ကန်ခြင်းနှင့် သေခြင်းအပေါ် ကြေကွဲဝမ်းနည်းခြင်းများကို ရင်းနှီးသိရှိကြသည်။

ဓမ္မရေးရာ ရှုထောင့်ဖြင့် ကြည့်လျှင် ရင့်ကျက်သော အသက်တာရှိသူများက ဒါဝိဒ်နှင့် ဗေသရှေဘ ကျူးလွန်ဖောက်ပြန်ကြပုံ၊ သားသမီးတွင် ဝဋ်လည်ပုံတို့ကို တွေ့မြင်နိုင်သသည်။

ဓမ္မရာဇဝင်ပဌမစာစောင်နှင့် ဒုတိယစာစောင်သည် ဣသရေလသမိုင်းတွင် တရားသူကြီးခေတ်နှင့် ဒါဝိဒ်မင်းဆက်တို့၏ သံကွင်းဆက်ဖြစ်သညည်။ သမိုင်းကွက်လပ်ဖြည့်ပေးသော ပေါင်းကူးတံတားဖြစ်သည်။


၂။ ကျမ်းရေးသူ

ယုဒစာပေရှင်များက ရှမွေလစီရင်ရေးသားသည်ဟု ခံယူကြသည်။ ရှမွေလအသက်ထင်ရှားစဉ် ရေးသားခြင်း (၁:၁-၂၅:၁)၁ ဟု ယူဆ၍ နှောင်းလူများက ကျမ်းနှစ်စောင်အဖြစ် ခွဲကန့်ကြသည်။ ကျမ်းစာပါအကြောင်းအရာများသည် ပရောဖက်ကွယ်လွန်ပြီးမှ အချက်အလက်များဖြစ်သည်။

ဖြစ်နိုင်သည်မှာ ပရောဖက်လူငယ်လူရွယ် တစ်ဦးက  ရှမွေလအား ဆရောသမားအဖြစ်ခံယူ၍ ရေးကူပါလိမ့်မည်။ နောက်ဖြစ်နိုင်ခြေတစ်ခုမှာ ယဇ်ပုရောဟိတ်အဗျာသာဖြစ်နိုင်သည်။ သူသည် ဒါဝိဒ်နှင့် နီးနီးကပ်ကပ် နေခဲ့သောကြောင့် နှံ့စပ်ရင်းနှီးစွာ ရေးသားနိုင်ပေမည်။ ဒါဝိဒ်နှင့် အတူပြေးလွှား ပုန်းအောင်းလျက် ဘဝတစ်သက် ဆိုးတူကောင်းဘက် နေခဲ့သူဖြစ်သည်။


၃။ အချိန်ကာလ

         တိတိကျကျ ဖော်ပြရန် အခက်အခဲရှိသည်။ အစောဆုံးကာလ ဘီစီ ၁၀၀၀ ဖြစ်မည်။ အကိုးအကား အထောက်အထား ခိုင်လုံစွာ မရှိသော်လည်း ဣသရေလတို့ ဖမ်းဆီးကျွန်ပြုခံရသည့် ဘီစီ ၇၇၂ ထက်စောသည်။ အချို့က ဣသရေလနှင့် ယုဒဟူသော ဝေါဟာရသည် ဘီစီ ၉၃၀ နောက်ပိုင်းမှ ပေါ်ပေါက်လာသညဟု ထောက်ပြကြရာ သက်ဦးဆံပိုင်စနစ် (၂)ပိုင်း ခွဲခြားခြင်းဖြစ်သည်။ ထိုအယူအဆသည် နိုင်ငံရေးသမိုင်းကြောင်းအရ ဝိဝါဒကွဲပြားခြင်းဖြစ်၍ အမေရိကန် သမိုင်းမှာလည်း “Yankee” နှင့် “Southrons” ဟူ၍ ၁၈၆၁ ခုနှစ်ထိ သုံးစွဲခဲ့ကြသည်။


၄။ နော်ကခံသမိုင်းနှင့်ရည်ရွယ်ချက်

ဓမ္မရာဇဝင် ပဌမစောင်နှင့် ဒုတိယစောင်သည် ဘုရားသခင်နှင့် ဣသရေလလူတို့ ဘီစီ ၁၂ရာစုမှ ၁၀ရာစုနှစ် အစောပိုင်းကာလထိ ဆက်ဆံကြပုံဖြစ်သည်။ ပရောဖက်နှင့်တရားသူကြီးရှမွေလ၊ ပြည်သူမုန်းသော ရှောလုဘုရင်၊ သိုးထိန်းနှင့် ဘုရင်ဒါဝိဒ်မင်းတို့သည် အဓိကဇာတ်ကောင်များဖြစ်သည်။

ရှမွေလသည် တရားသူကြီးခေတ် နိဂုံးချုပ်သူနှင့် ဘုရင်ခေတ်စတင် ဆက်စပ်ပေးရန် ဘုရားသခင်က စီရင်ခွဲခန့်သူဖြစ်သည်။ ယဇ်ပုရောဟိတ်တို့၏ အားနည်းချက် (ဧလိနှင့်သားများ)များကို တွေ့မြင်ခဲ့ပြီး ယဇ်ပုရောဟိတ်ဘဝ ဆိုသည်မှာ ဟူ၍ သင်ခန်းစာပေးခဲ့သည်။ ကိုယ်တိုင်မှာ ဣသရေလနောက်ဆုံးတရားသူကြီး ဖြစ်သည်။ ပရောဖက်အစောဆုံး (ကျမ်းစာက သူ့ကို ပထမဦးဆုံး ပရောဖက်ဟု မပြောပါ က ၂၀:၇) နှင့် ဣသရေလတို့၏ ပထမဦးဆုံးသော ဘုရင်ကို ဘိသိက်ပေးသူဖြစ်သည်။ လေဝိအမျိုးမဟုတ်၊ အာရုန်မိသားစုဝင် မဟုတ်သော်လည်း ယဇ်ပုရောဟိတ် အမှုအရာထမ်းဆောင်သည်။ ဘုရားသခင်ထံ ခစားဝင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်ကာလ ယဇ်ပုရောဟိတ်ဧလိသည် မစင်ကြယ်၊ နာခံခြင်းမရှိသဖြင့် စိတ်နှလုံးဖြူစင်၍ ဆက်ကပ် ကိုးကွယ်စိတ် ရှိသော ရှမွေလက ဝင်ရောက်နေရာယူခြင်း ဖြစ်သည်။

ရှမွေလ၏ အဓက လုပ်ဆောင်ျက်မှာ ဣသရေလတို့၏ ဘုရင်မင်း အစစ်အမှန်သည် ဘုရားသခင်ဖြစ်ကြောင်း သိစေခြင်းနှင့် ဣသရေလလူတို့၏ တောင့်တချက်အရ ဘုရားသခင်ကိုယ်စား မြေကြီးဘုရင်ရှောလု၊ ဒါဝိဒ်တို့ကို ဘိသိက်ပေးခြင်းဖြစ်သည်။ ဓမ္မရာဇဝင်ကျမ်းနှ၍့် ပတ်သက်၍ Eugene Merrill က ဤသို့ဆိုသည်။

ဒါဝိဒ်၏နန်းတော်တွင် သူ၏မြေးတော်ယေရှုခရစ်တော် လူ့ဇာတိခံယူပေါက်ဖွားလာသည်။ ယေရှုခရစ်တော်၏ ဘုရင်မင်းမြတ်လက္ခဏာသည် ပြည့်စုံပါပေသည်။ လူ့လောကတွင် အသက်တော်ထင်ရှားနေစဉ် တိုင်းသူပြည်သား လူအများ၏ အကျိုးစီးပွားကို မနားမနေ ထမ်းရွက်သည်သာမက၊ ထိုအပြစ်သားများအစား အသေခံခြင်း ရှင်ပြန်ထမြောက်ခြင်းဖြင့် ယုံကြည်သူတိုင်းအား အထင်အရှားမင်းမူနေပါသည် (၂ရာ ၇:၁၂-၁၆၊ ဆာ ၈၉:၃၆-၃၇၊ ဟေရှာ ၉:၇။၂

ပါဝင်သောအချက်များ

၁။ ရှောလုအား ဘိသိက်ပေးချိန်ထိ ရှမွေလ၏အမှုအရာ (အခန်း ၁–၉)

(က) ရှမွေလမွေးဖွားခြင်းနှင့် ကလေးသူငယ်ဘဝ (အခန်း ၁)

(ခ) ဟန္န၏သီချင်း (၂:၁-၁၀)

(ဂ) ဧလိနှင့်သားဆိုးများ (၂:၁၁-၃၆)

(ဃ) ရှမွေလအား ဘုရားခေါ်ခြင်း (အခန်း ၃)

(င) ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ (အခန်း ၄-၇)

(၁) ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း (အခန်း ၄)

(၂) ပဋိညာဉ်သေတ္တာတန်ခိုး (အခန်း ၅)

(၃) ပဋိညာဉ်သေတ္တာပြန်လည်ရရှိခြင်း (အခန်း ၆၊၇)

(စ) ရှင်ဘုရင်လိုအပ်ခြင်းနှင့် ရွေးချယ်ခြင်း (အခန်း ၈၊၉)

၂။ ရှောလုအုပ်စိုးမင်းမူခြင်း (အခန်း ၁၀–၁၅)

(က) ဆီလူခြင်းနှင့်အတည်ပြုခြင်း (အခန်း ၁၀-၁၁)

(ခ) ပြည်သူများအပြစ်စွဲချက် (အခန်း ၁၂)

(ဂ) မနာခံခြင်းနှင့် ငြင်းဆန်ခြင်း (အခန်း ၁၃-၁၅)

(၁)       ရှောလု၏ ယဇ်ပူဇော်ခြင်းအပြစ်ဒုစရိုက် (အခန်း ၁၃)

(၂)       ရှောလု၏ အလျင်လိုကတိ (အခန်း ၁၄)

(၃)       နာခ့မှုလုံးဝပျက်ကွက်ခြင်း (အခန်း ၁၄)

၃။ ရှောလုမသေမီစပ်ကြား ဒါဝိဒ်ဘဝ (အခန်း ၁၆–၃၀)

(က) ရှမွေလက ဆီလူးဘိသိက်ပေးခြင်း (၁၆:၁­-၁၃)

(ခ) ရှောလုထံတွင်လုပ်ဆောင်ခြင်း (၁၆:၁၄-၂၃)

(ဂ) ဂေါလျက်အား အနိုင်ယူခြင်း (အခန်း ၁၇)

(ဃ) မိခါလနှင့်လက်ထပ်ခြင်း (အခန်း၁၈)

(င) ရှောလုထံမှ ထွက်ပြေးတိမ်းရှောင်ခြင်း (အခန်း ၁၉-၂၆)

(၁) ယောနသန်၏ သံယောဇဉ်သစ္စာ (အခန်း ၁၉-၂၆)

(၂) ​အဟိမလက်ကသနားခြင်း (အခန်း ၂၁)

(၃) ဒါဝိဒ်လွတ်မြောက်သွားသဖြင့် ရှောလုက ယဇ်ပုရောဟိတ်များသတ်ဖြတ်ခြင်း (အခန်း၂၂)

(၄) ကိလသားတို့ သစ္စာဖောက်ခြင်း (အခန်း ၂၃)

(၅) ရှောလုအား လွတ်ငြိမ်းချမ်းသာပေးလိုက်ခြင်း (အခန်း ၂၄)

(၆) နာဗလ၏ မိုက်ရိုင်းမှု (အခန်း ၂၅)

(၇) ရှောလုအား ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း (အခတန်း ၂၆)

(စ) ဖိလိတ္တိပြည်၌ နေထိုင်ခြင်း (အခန်း ၂၇-၃၀)

(၁) ဇိကလတ်မြို့ကတောင်းဆိုခြင်း (အခန်း ၂၇)

(၂) ရှောလုကံကကြမ္မာငင်မည့်အတိတ်နိမိတ် (အခန်း ၂၈)

(၃) အာခတ်မင်းက ဒါဝိဒ်စေလွှတ်ခြင်း (အခန်း ၂၉)

(၄) အမာလက်တို့အား အနိုင်ယူခြင်း (အခန်း ၃၁)

၄။ ရှောလုသေခြင်း (အခန်း ၃၁)

TAGS: ဓမ္မရာဇဝင်ပဋ္ဌမစောင်

ကိုးကား[ပြင်ဆင်ရန်]