ဓမ္မတာသုံးဆယ်

ဝီကီပီးဒီးယား မှ

ဓမ္မတာဆိုသည်မှာ ဖြစ်ရမြဲ သဘောတရား၊ ပြုလုပ်ရမြဲ သဘောတရားကိုဆိုသည်။ ဓမ္မတာသုံးဆယ်ကား ဘုရားရှင် တို့နှင့်သာ သက်ဆိုင်သော ဓမ္မတာဖြစ်၍၊ အလုံးစုံသော ဘုရားရှင်တို့ ဖြစ်ရမြဲ ပြုလုပ်ရမြဲ သဘောတရားဖြစ်သည်။

ပစ္ဆိမဝိကဖြစ်သော ဘုရားလောင်းတို့သည်-

  1. မယ်တော်ဝမ်း၌ ပဋိသန္ဓေနေတော်မူခြင်း
  2. ထက်ဝယ်ဖွဲ့ကာ ပြင်ပသို့ မျက်နှာပြု၍ နေတော်မူခြင်း
  3. မယ်တော်ရပ်လျက်သာ ဖွားမြင်တော်မူခြင်း
  4. တောအရပ်၌သာ ဖွားမြင်တော်မူခြင်း
  5. မြောက်အရပ်သို့ ခုနစ်ဖဝါးလှမ်းလျက်၊ ခြင်္သေ့မင်းကဲ့သို့ ရဲဝံ့စွာ သုံးခွန်းသောစကားကို ဆိုတော်မူခြင်း
  6. နိမိတ်ကြီးလေးပါးထင်၍ သားတစ်ယောက်မွေးဖွား ပြီးမှသာ တောထွက်တော်မူခြင်း၊
  7. အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ယူတော်မူခြင်း
  8. အယုတ်အားဖြင့် ခုနစ်ရက် ဒုက္ကရစရိယာကျင့်တော် မူခြင်း
  9. ဘုရားဖြစ်အံ့သောနေ့၌ ဂဏာနို့ဆွမ်းကို ဘုဉ်းပေးတော် မူခြင်း
  10. မြက်အခင်း၌နေ၍ ဘုရားဖြစ်တော်မူခြင်း
  11. အာနာပါနဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း၍ မာရ် စစ်သည်ကို အောင်မြင်တော်မူခြင်း
  12. ဗောဓိပင်၌သာ ဝိဇ္ဇာသုံးပါးကို အစပြု၍၊ ဆအာသာ ဓာရဏစသော ဂုဏ်ကျေးဇူးတို့ကိုရတော်မူခြင်း
  13. ဗောဓိပင်အနီး၌သာ ခုနစ်ရက် ခုနစ်လီ နေတော်မူခြင်း
  14. တရားဟောရန် မဟာဗြဟ္မာတောင်းပန်ခြင်း
  15. ဣသိပတနမိဂဒါဝုန်တော၌ ဓမ္မစကြာတရားကို ဟောတော်မူခြင်း
  16. တပို့တွဲလပြည့်နေ့၌သာ အာဏာပါတိမောက် ပြတော် မူခြင်း
  17. ဇေတဝန်ကျောင်းတော်၌သာ အမြဲ သီတင်းသုံးတော် မူခြင်း
  18. သာဝတ္ထိပြည်၌သာ ယမိုက်ပြာဋိဟာကို ပြတော်မူခြင်း
  19. တာဝတိံသာနတ်ပြည်၌သာ အဘိဓမ္မာတရားကို ဟော တော်မူခြင်း
  20. သင်္ကဿနဂိုရ်မြို့တံခါး၌သာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်း
  21. အမြဲမပြတ် ဖလသမာပတ်ကို ဝင်စားတော်မူခြင်း
  22. ညဉ့်ဦးယာမ် မိုးသောက်ယာမ်တို့၌ ကျွတ်ထိုက်သော ဝေနေယျတို့ကို ကြည့်ရှုတော်မူခြင်း
  23. အကြောင်းရှိလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း
  24. အတ္ထုပ္ပတ္တိရှိလျှင် ဇာတ်ဒေသနာကို ဟောတော်မူခြင်း
  25. ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ဗုဒ္ဓဝင်ဒေသနာကို ဟောတော်မူခြင်း
  26. အာဂန္တုရဟန်းတို့နှင့် အစေ့အစပ် ပဋိသန္ဓာရ ပြုတော် မူခြင်း
  27. ဝါကျွတ်ပြီးသောအခါ ပင့်ဖိတ်သောဒါယကာတို့အား မပန်ကြားဘဲ ကြွတော်မမူခြင်း
  28. နေ့တိုင်းနေ့တိုင်း ပုရေဘတ္တကိစ္စ၊ ပစ္ဆာဘတ္တကိစ္စ၊ ပထမယာမကိစ္စ၊ မဇ္ဈိမယာမကိစ္စ၊ ပစ္ဆိမယာမကိစ္စ၊ တို့ကိုပြု တော်မူခြင်း
  29. ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေး တော်မူခြင်း
  30. ကုဋေနှစ်သန်းလေးသိန်းသော ဖလသမာပတ်ကို ဝင်စား၍ ပရိနိဗ္ဗာန် ပြုတော်မူခြင်း။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )